သီပေါတွင် ပစ်ခတ်မှုဖြစ်ပွါး စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ ၅၀၀ ကျော်နေရပ်မှစွန့်ခွါကာ ဘုန်းကြီးကျောင်းသို့စစ်ဘေး ရှောင်ခိုလှုံ နေကြကြောင်းသိရသည်။ နို၀င်ဘာလ ၁၃ ရက်မွန်းတည့်ချိန်က သီပေါမြို့နယ် နားမခေါ်အုပ်စု နားမခေါ်ရွာနှင့် နားလော့ရွာကြား အစိုးရတပ်မတော် စကခ ၁ လက်အောက်ခံ ခမရ...
သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်အား ဦးစီးဦးဆောင်တည်ထောင်သူ ဆရာတော် ဒေါက်တာ ဓမ္မသာမိ၏ သက်တော် ၅၄ နှစ်ပြည့် ၀ိဇာတပူဇာ မွေးနေ့ပွဲတော်ဇာတာဆက်ခြင်းအခမ်းအနားတွင် မွေတော်ဟိုလင်းဓါတ်တော်ပုံစံတူစေတီတော်ထီးတင်ပွဲကိုပါ ကျင်းပရာ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် ကြွရောက် ချီးမြှင့်ပြီး ရပ်နီးရပ်ဝေးမှ ပရိတ်သတ်ထောင်ချီ လာရောက်ပူဇော် လှူဒါန်းမှုပြုကြကြောင်းသိရသည်။ နို၀င်ဘာလ ၁၄ ရက် ၂၀၁၈...
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲတွင်ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲကို တောင်ကြီးလူထု ကန့်ကွက်
သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲရက်တွင် ပြုလုပ်မည့် “ တပ်မတော် ထောက်ခံပွဲ” ကို ကန့်ကွက်သည့် စာကို သျှမ်းပြည်နယ် အစိုးရထံ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ “ တပ်မတော် ထောက်ခံပွဲ” ကို ပါဝင်ကန့်ကွက်သည့် အဖွဲ့အစည်းများမှာ...
ကျောက်မဲတွင် အမျိုးသမီး ၂ ဦးမိုင်းနင်းမိ တဦးသေ
သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခုံငင်းကျေးရွာ အနီးတွင် အမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုရှိခဲ့ကြောင်းသိရသည်။ နို၀င်ဘာလ ၁၁ ရက် နံနက် ၉ နာရီက ခုံငင်းကျေးရွာ မှ ကျောက်မဲမြို့ သို့ ဆိုင်ကယ်ဖြင့် အသွား ခုံငင်း တံတား အနီးတွင်...
မူဆယ်မြို့ တွင် ပေါက်ကွဲမှု ဖြစ် ကလေး တဦးသေ၊ တဦး ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ ကလေးငယ်တဦး သေဆုံးပြီး၊ တဦး ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။ ယနေ့ နိုဝင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီ ကျော်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ၃ လမ်း...
ဘုန်းကြီးကျောင်းမီးလောင်မှု မိမိတို့လက်ချက်မဟုတ်ကြောင်း RCSS/SSA ပြော
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းမီးလောင်မှုမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း RCSS/SSA က ပြောဆိုလိုက်သည်။ နို၀င်ဘာလ ရ ရက်နေ့ က မိုင်းပန်မြို့တောင်ဘက်ရှိ နားမွန်အုပ်စု ပန်ပိရွာ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွါး ရာ ကိုရင်ငယ် ၂ ပါး မီးလောင်သည့်အထဲပါသွားပြီးပျံလွန်တော်မူသွားခဲ့သည်။ ၄င်းသည် RCSS/SSA ၏ လက်...
သီပေါစစ်ဘေးရှောင်များနေရပ်ပြန်ကုန်ပြီဖြစ်သော်လည်း စိုးရိမ်မှုများဖြင့်သွားလာနေထိုင်နေရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရှိစစ်ဘေးရှောင်များ နေရပ်ပြန်ကြပြီဖြစ်သော်လည်း စိုးရိမ်စိတ်များရှိနေကြသေးကြောင်းသိရသည်။ နို၀င်ဘာလ ၂ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြားဖြစ်ပွါးသောတိုက်ပွဲကြောင့် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းနှင့် ၀မ့်ဟုန့်ရွာဘုန်းကြီးကျောင်း သို့ ဒေသခံရွာသား ၁၀၀၀ ကျော် ဘုန်းကြီးကျောင်းသို့တိမ်းရှောင်ခဲ့ကြပြီး နို၀င်ဘာလ ၄ ရက်နေ့ကမူ ပစ်ခတ်သံများငြိမ်သွားပြီဖြစ်သဖြင့် နေရပ်သို့အသီးသီး ပြန်သွားကြပြီဖြစ်သည်။ “ရွာဘက်မှာ ပစ်ခတ်သံတွေငြိမ်သွားပြီဖြစ်လို့...
NCA လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် ဥပဒေပြင်ပမဟုတ်တော့ကြောင်း RCSS/SSA ပြော
RCSS/SSA နှင့်ပတ်သက်ဆက်နွယ်သူများအား ၁၇-၁ ဖြင့် အရေးယူမည်ဟု ကျေးလက်အုပ်ချုပ်ရေးမှူးများအး သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲအခြေစိုက် စကခ ၁ မှ အောက်တိုဘာလ ၃၁ ရက်နေ့က ခေါ်ယူပြောဆို လိုက်သည့် အပေါ် ဗိုလ်မှူးကြီးစိုင်းငင်း က ထိုသို့ပြောဆိုလိုက်သည်။ “RCSS/SSA က NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ NCA...
ချင်းမိုင်တွင်ပြုလုပ်မည့် PPST အစည်းအဝေး ရက်အတိအကျမသိရသေး
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ PPST အစည်းအဝေး KNU နဲ့ RCSS မတက်နိုင်သေးတာကြောင့် ရက်ရွှေ့ဆိုင်းထားရတယ်လို့ သိရပါတယ်။ PPST အစည်းအဝေးကို နို၀င်ဘာလ ၅ ရက်မှ ရ ရက်နေ့အထိ ချင်းမိုင်မြို့မှာကျင်းပဖို့စီစဉ်ထားရာကနေ အခုလို ရပ်ဆိုင်းထားရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက အခုလိုပြောပါတယ်။ "ပြီးခဲ့တဲ့လ...
နယ်စပ်ဖြတ်ကဒ်အမျိုးအစားပြောင်းလဲမှုကြောင့် တရုတ် နယ်စပ်ဂိတ်ပိတ်ထားရ
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တရုတ်နယ်စပ် ဂိတ်တွင် မြန်မာဘက်ခြမ်းမှပြုလုပ်ပေးသော တခါသုံး Temporary Border Pass ကဒ်အမျိုးအစားပြောင်းလဲပြုလုပ်ပေးသဖြင့် တရုတ်ဘက်ခြမ်းရှိဂိတ်ကလက်မခံဘဲ အဝင်အထွက်ခေတ္တပိတ်ထားရကြောင်းသိရသည်။ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြတ်သန်းရာတွင် မြန်မာဘက်ခြမ်းမှပြောင်းလဲပြုလုပ်ပေးသည့် တခါသုံးကဒ် Temporary Border Pass ကဒ်အမျိုးအစားမှာ တရုတ်ဘက်ခြမ်းရှိဂိတ်တွင်ထောင်ထားသော ကွန်ပြူတာဆော့ဖ်ဝဲနှင့်မကိုက်ညီဟုဆိုကာ နို၀င်ဘာလ ၅ ရက်နေ့က...





