မြန်မာ တရုတ်နယ်စပ် မူဆယ်မြို့ အနိမ့်ပိုင်းရပ်ကွက် ရေကြီးမှု ဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ တရုတ် နယ်စပ် မူဆယ်မြို့ တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စွမ်စော်ရပ်ကွက် နှင့် အနိမ့်ပိုင်းတွင် ရေကြီးမှုကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

Photo Muse Youth- နေအိမ်အတွင်းရေများဝင်ရောက်

သြဂုတ်လ ၂၂ ရက် ယမန်နေ့ညနေပိုင်း မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စွမ်စော်ရပ်ကွက်နှင့် အနိမ့်ပိုင်း ဖြစ်သည့် မန့်ဝိန်းဘက်တွင် ရေကြီးမှုဖြစ်ပွါးကာ နေအိမ်တချို့နှင့် ကားတချို့ရေမြုပ်သည် ဟု မူဆယ်မြို့စွမ်စော် ဒေသခံများ ပြောပြချက် အရ သိရသည်။

“ ကျနော်တို့စွမ်စော် အနိမ့်ပိုင်းမှာ ဒီတကြိမ်နဲ့ဆို ၄ ကြိမ်ရှိပြီ ရေကြီးတာ။ မိုးရွာတာနဲ့ ရေကြီးတော့တာပဲ” ဟု စွမ်စော် ဒေသခံ စိုင်းမိုး က သျှမ်းသံတော်ဆင့်သို့ပြောသည်။

မူဆယ်မြို့ အတွင်း ရေမြောင်းများထဲသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် အမှိုက်များ မြောင်းအတွင်း ပိတ်ဆို့သဖြင့် မိုးရွာသည့်အခါ အနိမ့်ပိုင်း ရေလျှံ ရေကြီး ဖြစ်ပွားခြင်းဖြစ်သည် ဟု စိုင်းမိုး က ထပ်ပြောသည်။

မူဆယ်မြို့ ရေကြီး ရေလျှံမှုကြောင့် “ နေအိမ် ၁၀ လုံး ရေဝင်ခဲ့တယ်။ အိမ်ကားတစီးလည်း မြုပ်ခဲ့တယ်။ ရေမြောင်း က အမှိုက်တွေဆယ်ထုတ်မှ ရေပြန်ကျသွားတယ်။ နောက် နမ့်ပေါ့ တံတားမှာ အိမ်ကားတစီး ရေနဲ့မျှောပါသွားတယ်” ဟု စိုင်းမိုး က ထပ်လောင်း ပြောပြသည်။

Photo Muse Youth- စွမ်စော်ရပ်ကွက်တွင် အိမ်သုံးကားတစီး မြုပ်နေစဉ်

မူဆယ်မြို့တွင် ရေမြောင်း ရေစီး ရေလာ စနစ်မကောင်းသဖြင့် အနိမ့်ပိုင်းရပ်ကွက် ဖြစ်သည့် စွမ်စော် နှင့် မန့်ဝိန်းဘက် မိုးသည်းထန်ရွာပါက ရေကြီးနိုင်ကြောင်း မူဆယ်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ စွမ်စော်က မိုးရွာရင် ရေများတယ်။ ရေမြောင်းထဲမှာ အမှိုက်တွေရှိတယ်။ မြောင်းက တရုတ်ပြည်ဘက် သွားတယ်။ ကျနော်တို့ဘက်က စည်းကမ်းမရှိတော့ အဲ့လို ဖြစ်တာပါ။ ရေမြောင်းတွေမှာ အမှိုက်တွေပြည့်နေတယ်” ဟု စိုင်းကျော်သိန်း က ဆိုသည်။

မူဆယ် စည်ပင်မှာ ရေမြောင်းထဲရှိ အမှိုက်များကို သွားရောက် ဆယ်ထုတ်ပြီး နောက် ရေများပုံမှန်အတိုင်း ပြန်စီးဆင်းကာ၊ နေအိမ်များ၊ လမ်းများ ရေကြီး ရေလျှံမှု လျော့ကျသွားကြောင်း၊ မူဆယ်ဒေသခံများအနေဖြင့် အမှိုက်များကို စနစ်တကျ လွှင့်ပစ်ရန် လိုအပ်ကြောင်းလ ည်း စိုင်းကျော်သိန်း က ပြောဆိုလိုက်သည်။

Photo Muse Youth- နမ့်ပေါ့ချောင်းအတွင်း ကားတစီးရေနှင့်မျောပါနေစဉ်

မူဆယ်မြို ့ စည်ပင်သာယာ ဌာန မှ အမှိုက်ခွန် အတွက် ငွေကြေး ကောက်ခံမှု ရှိသော်လည်း လမ်းတွင် အမှိုက်ပုံးများ ထားရှိခြင်းမရှိခြင်းကြောင့် အမှိုက်များကို အလွယ်တကူ မြောင်းထဲသို့ လွှင့်ပစ်ကြသည် ဟု မူဆယ် ဒေသခံ အေပီး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အမှိုက်ပစ်ခတော့ လာလာကောက်တယ်။ အမှိုက်ကိုတော့ အချိန်မှန်မှန်လာမသိမ်းဘူး။ လူတွေကလည်း အမှိုက်ကို ပြီးစလွယ်မြောင်းထဲပစ်ချလိုက်တာပဲ။ အမှိုက် ပစ်ဖို့နေရာမှ မရှိတာ။ မြောင်းထဲပဲ ပစ်ရမှာပဲလေ” ဟု နန်းပီး က ဆိုသည်။

မူဆယ်မြို့ ဒေသခံ ပြည်သူများ အမှိုက်ကို စည်းကမ်းရှိ ပစ်ရန်နှင့် စည်ပင် သာယာရေး ဌာန မှလည်း အမှိုက် ပုံမှန် လာကောက်ရန် တိုက်တွန်းလိုက်ပြီး ရေမြောင်း စနစ်တကျ ရေစီးဆင်းမှု ရှိအောင် ပြုလုပ်ကြ ပါက ရေကြီးရေလျှံသည့် ပြဿနာ ဖြေရှင်းနိုင်လိမ့်မည် ဟု မူဆယ် ဒေသခံများက ပြောဆိုကြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...