Tuesday, January 27, 2026

နမ္မတူမြစ်ပေါ်တွင် ရေကာတာတည်ဆောက်ခြင်းဘေးမှ ကင်းဝေးစေရန်တာလုံ ဒေသခံ ရ၀၀ ကျော် အလှူပြုဆုတောင်း

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ္မတူမြစ်ပေါ် ရေကာတာတည်ဆောက်ခြင်းမပြုစေရေး၊ နမ္မတူမြစ်ဖျက် ဆီးမခံရရေးအတွက်ရည်ရွယ်ကာ သီပေါမြို့နယ် ဒေသခံ ရ၀၀ ကျော်က ရပ်ရွာဇာတာဆက် (ကံထပ်ကံမြှင့်) ခြင်း အလှူပြုဆုတောင်းပွဲ တရပ်ပြုလုပ်ခဲ့ကြောင်း သျှမ်းပြည်နယ် မြစ်ချောင်းများ ကွန်ရက် ထုတ်ပြန်ချက် အရ သိရသည်။

Photo Credit to SHRF-နမ္မတူမြစ်ဝှမ်းရှိ သီပေါမြို့နယ် တာ့လုံရွာ

ဆုတောင်းပွဲကို သြဂုတ်လ ၂၁ ရက် ယနေ့မနက် ရနာရီ အချိန်က သီပေါမြို့နယ် နားမခေါ်ကျေးရွာ၊ ဟိုနား၊ ဝမ်ဟုန်၊တုံကြိုက်၊ နိုင်းလုံ၊ နားစလောင်း၊နမ့်လန်းကျေးရွာ ဒေသခံ ရ၀၀ ကျော် က တာလုံကျေးရွာ ရှိ နမ္မတူမြစ်ကမ်းနံဘေးတွင် ရပ်ရွာဇာတာဆက် (ကံထပ်အလှူ) ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

နမ္မတူမြစ်ပေါ် တည်ဆောက်မည့်ရေကာတာ ကြောင့် တာလုံကျေးရွာ ရေလွှမ်းမိုးနိုင်သဖြင့် သီပေါမြိ့နယ် ဒေသခံ ရ၀၀ ကျော် သည် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ဒေသခံများ ဘေးကင်းစေရေးအတွက် အလှူပြု ရခြင်းဖြစ်သည် ဟု သျှမ်းပြည်နယ် မြစ်ချောင်းများ ကွန်ရက် က ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ရေကာတာ အလိုမရှိကြောင်း ဆိုင်းဘုတ် များကို ရပ်ရွာအတွင်း တပ်ဆင်ခဲ့ကြောင်း သိရသည်။
အထက်ရဲရွာ ရေကာတာ တည်ဆောက်ပါက တာလုံ ကျေးရွာ ရေလွှမ်းမိုးနိုင်ပြီး ယဉ်ကျေးမှု အမွေအနှစ် နှင့် အသက်မွေးဝမ်းကြောင်းများ ရေအောက် နစ်မြုပ်ပျောက်ကွယ်သွားနိုင်သည် ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တာလုံကျေးရွာနေ နန်းလောဝ်ခမ်းက“ကျမတို့ရပ်ရွာမှာ ကျမတို့ဘိုးဘွားစဉ်ဆက် ကတည်းက ရှောက်ချိုသီးတွေစိုက်ပျိုးခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုတယ်။ ရွာသားတွေကို အကျိုးပြု ခဲ့တဲ့ ရှောက်ချိုသီးခြံတွေကို ရွာသားတွေက မြတ်နိုးတယ်။ ဒီရေကာတာ ကြောင့် ကျမတို့ရပ်ရွာကိုရေမလွှမ်းစေချင်ဘူး။ ” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အထက်ရဲရွာ ရေကာတာ တည်ဆောက်နေသည့်နေရာသည် လက်ရှိ တွင်စစ်ရေးပဋိပက္ခဖြစ်ပွားသည့် နေရာဖြစ်သည်။ ရေကာတာ တည်ဆောက်မှုကို တရုတ်ကုမ္ပဏီ၊ ဆွစ်ဇာလန် နှင့် ဂျပန် ကုမ္ပဏီ များမှ ရင်းနှီးမြှပ်နှံ ထားပြီး ရေကာတာ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်မြို့နယ်များတွင် သြဂုတ် ၁၅ ရက်နေ့မှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ကြပြီး ပြည်သူလူထု(၃၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နမ္မတူမြစ်ပေါ်တွင် အကြီးစားရေကာတာစီမံကိန်း (၃) ခုရှိပြီး အလယ်ရဲရွာ စီမံကိန်း ဖြစ်သည့် နောင်ချို မြို့နယ်အတွင်း စစ်ပွဲဖြစ်ပွားနေသည့် နေရာတွင် နော်ဝေးနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြုပ်နှံမှုဖြင့် (၇၃၅) မီကာဝပ် ထွက်ရှိမည့် ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မည်ဟု သိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး ရပ်ရွာဇာတာဆက် အလှူပြုအခမ်းအနားတွင် ပူပေါင်းပါ၀င်ခဲ့သူ စိုင်းထမ်းအိုက်မှ “တိုင်းရင်းသားလက်နက်ကိုင် များနှင့်တပ်မတော်တို့ တိုက်ပွဲရှိနေသ၍တော့ နမ္မတူမြစ်ပေါ်မှာ လုံးဝရေကာတာတွေ မဆောက်လုပ်သင့်ဘူး” ဟု ပြောဆိုလိုက်သည်။

 

တာ့လုံရွာ ၂ ရွာတွင် ဒေသခံလူထု ၁၀၀၀ နီးပါးနေထိုင်ပြီးရှောက်ချိုသီးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ပျှမ်းမျှ လူတဦးလျှင် ရှောက်ချိုသီးခြံ ၂ ဧက ရှိနေပြီး ရှောက်ချိုသီးစိုက်ပျိုးမှုမှရသည့်ဝင်ငွေမှာ တနှစ်လျှင် ကျပ်သိန်း ၂၀ ခန့်အထိရှိကြောင်းတာလုံဒေသခံကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါမြို့ ဈေးဝယ်လာသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြို့မဈေးတွင် ဈေးလာဝယ်သည့် လင်မယား နှစ်ယောက် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဒီဇင်ဘာ ၂) နေ့လည် ၁၂ နာရီ ဝန်းကျင်က တာလုံကျေးရွာမှ ဈေးလာဝယ်သူ အမျိုးသားက ဈေးအတွင်းမှာ ပစ်ခတ်ခံရကြောင်း သိရသည်။ “ဈေးထဲ ပစ်ခံရတာပါ။ ဘယ်သူဘယ်ဝါလည်းတော့...

ရေကာတာစီမံကိန်း ရပ်တန့်ရေးကိစ္စ ဦးဆောင်သူများကို သက်ဆိုင်ရာ ကခေါ်ယူစစ်ဆေး

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မြစ်ငယ်မြစ်ပေါ်တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများ ရပ်တန့်ရန် အတွက် ဦးဆောင်လှုပ်ရှားသူ (၄)ဦးကို သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး မှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ၂၀၂၀ ခုနစ် အောက်တိုဘာ ၂၇ရက်တွင် သီပေါ၊နမ္မတူ၊ ကျောက်မဲ နှင့် လားရှိုးမြို့နယ် ဒေသခံများ (၂၀၀၀)...

နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့

0
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာစီမံကိန်း ရပ်တန်ပေးရန် ဒေသခံပြည်သူများက နိင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာကို ယနေ့ (အောက်တိုဘာ ၂၇) ရက်စွဲဖြင့် ပေးပို့လိုက်ကြောင်း သိရသည်။ နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် သီပေါ (နမ္မတူ)...

လျှပ်စစ်ဝန်ကြီး ကို သီပေါမြို့နယ် ဒေသခံများ ရွာဝင်မခံ၊ ဆန္ဒပြ

0
“ ရေကာတာ တည်ဆောက်မှု အလိုမရှိ” “ အထက်ရဲရွာ ရေကာတာ တည်ဆောက်မှု ရပ်တန့်ပေး” ဆိုသည့် သျှမ်းဘာသာဖြင့်ကြွေးကြော်နေကြသည်။   ထိုကြွေးကြော်မှုသည် နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ နယ် အတွင်း နမ္မတူမြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ...

နမ္မ မြစ်ပေါ် ရေကာတာတည်ဆောက်မှုအား ဒေသခံများကန့်ကွက်လက်မှတ်ထိုး

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်မှုအား ဆန့်ကျင်ကန့်ကွက်သူဒေသခံများ၏ လက်မှတ်များအား ကောက်ယူကာ သက်ဆိုင်ရာသို့ပေးပို့သွားမည် ဟု သိရသည်။ သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်ရန်ကြိုးစားနေသော Unienergy ကုမ္ပဏီ မှဒေသခံ ပြည်သူအား တွေ့ဆုံရန်ကြိုးစားနေမှုကို ကန့်ကွက်သည့် အနေဖြင့်...