သီပေါမြို့ ဈေးဝယ်လာသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြို့မဈေးတွင် ဈေးလာဝယ်သည့် လင်မယား နှစ်ယောက် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဒီဇင်ဘာ ၂) နေ့လည် ၁၂ နာရီ ဝန်းကျင်က တာလုံကျေးရွာမှ ဈေးလာဝယ်သူ အမျိုးသားက ဈေးအတွင်းမှာ ပစ်ခတ်ခံရကြောင်း သိရသည်။

“ဈေးထဲ ပစ်ခံရတာပါ။ ဘယ်သူဘယ်ဝါလည်းတော့ သေချာမသိရသေးဘူး။ တစ်ယောက်တော့ သေသွားတယ်။ လင်းမယား ၂ ယောက်လာတာ။ အမျိုးသားကိုပဲ ပစ်သွားတာ။ ရင်ဘတ်ကျည်ထိတော့ အဲနေရာမှာတင် သေသွားတာ။ အမျိုးသမီးကတော့ ဘာမှ မဖြစ်ဘူး” ဟု‌ သီပေါမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုပစ်ခတ်ခံရသူကို ဒေသခံတချို့က တာလုံကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် အတည်မပြုနိုင်သေးပါ။

“ပစ်ခတ်ခံရသူက တာလုံအုပ်ချုပ်ရေးမှူးလို့တော့ ပြောတယ်။ ကျနော်တို့လည်း အတိအကျတော့ မပြောနိုင်သေးဘူး။ အခုမှ ဖြစ်တယ်ဆိုတော့ ကောင်းကောင်းအတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သီပေါမြို့ မြို့မဈေးကို ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးခဲ့တာဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂ ရက်)တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...