Wednesday, January 28, 2026

လျှပ်စစ်ဝန်ကြီး ကို သီပေါမြို့နယ် ဒေသခံများ ရွာဝင်မခံ၊ ဆန္ဒပြ

“ ရေကာတာ တည်ဆောက်မှု အလိုမရှိ” “ အထက်ရဲရွာ ရေကာတာ တည်ဆောက်မှု ရပ်တန့်ပေး” ဆိုသည့် သျှမ်းဘာသာဖြင့်ကြွေးကြော်နေကြသည်။

 

Photo by Nang Seng Morn/ တာလုံးကျေးရွာ ဒသေခံ ၃၀၀ကျော် လျှပ်စစ်စွမ်းအင်ဝန်ကြီးကို ဆန္ဒပြ ကန့်ကွက်

ထိုကြွေးကြော်မှုသည် နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ နယ် အတွင်း နမ္မတူမြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ ကြောင့် ပြောင်းရွှေ့ခံရမည့် တာလုံကျေးရွာ ဒေသခံ ၃၀၀ကျော် က ဆိုင်းဘုတ်ကိုယ်စီ ကိုင်ကာ ကန့်ကွက် ဆန္ဒပြသည်။

ယမန်နေ့က ရေကာတာတည်ဆောက်ရေး နှင့် စပ်လျဉ်းပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ နှင့် အဖွဲ့သားများက ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်စဉ်တွင် ဒေသခံများက ကျေးရွာအတွင်း အဝင်မခံခဲ့ပေ။

ကျေးရွာကို အဝင်မခံသည့် အတွက် ဦးစိုင်းဆိုင်တစ်လုံ က “ ကျနော်တို့ကို ကောင်းကောင်းမွန်မွန်ကြိုဆိုရမယ့် အစား ဆန္ဒပြနေကြတယ်။ အဲ့ကြောင့်မလို့ ကျနော်တို့က မကူညီနိုင်တာ” ဟု ဒေသခံများနှင့် အငြင်းပွားမှု ခေတ္တဖြစ်ပွားခဲ့ပြီးနောက်ပြောဆိုခဲ့သည်။

Photo by Nang Seng Morn/ တာလုံးကျေးရွာ ဒသေခံ ၃၀၀ကျော် လျှပ်စစ်စွမ်းအင်ဝန်ကြီးကို ဆန္ဒပြ ကန့်ကွက်

နှစ်ပေါင်းများစွာ စီမံကိန်းလုပ်လာသည့်အတွက် ထိုကဲ့သို့ဆန္ဒပြ ကန့်ကွက်ခြင်း မပြုရန်၊ ဒေသခံများအနေဖြင့် ရေကာတာ တည်ဆောက်မှုကို လက်ခံရန်လည်း ဦးစိုင်းဆိုင်တစ်လုံ က ပြောဆိုလိုက်သည်။

“ စီမံကိန်းလုပ်ရင်တော့ ပျက်စီးမှုက ရှိတာပါပဲ။ ဒီလို ဆန္ဒပြ ကန့်ကွက်မှုနဲ့ မပြီးသွားဘူး ”ဟုလည်း ဦးစိုင်းဆိုင်တစ်လုံ က ဒေသခံများကို ပြောဆိုခဲ့သည်။

ဦးစိုင်းဆိုင်တစ်လုံ နှင့် လိုက်ပါလာသည့်ဌာနဆိုင်ရာ များ၊ ပါတီကိုယ်စားလှယ်များက တာလုံ ကျေးရွာကို ဝင်ရောက် ခြင်သော်လည်း ကျေးရွာပြည်သူများက အဝင်မခံခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာဒေသခံ ဘက်မှလည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးနှင့်အဖွဲ့က ရွာသားများအား မကူညီသည့်အပြင် ရေကာတာတည်ဆောက်ရေးအတွက်သာ ကူညီအားပေးရာရောက်သဖြင့် ဆန္ဒပြခြင်းဖြစ်သည် ဟု ပြန်လည်ရှင်းပြခဲ့ကြောင်း ရေကာတာ တည်ဆောက်မှု ဆန္ဒပြရာတွင် ပါဝင်သည့် စိုင်းထမ်းအိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by Nang Seng Morn/ တာလုံးကျေးရွာ ဒသေခံ ၃၀၀ကျော် လျှပ်စစ်စွမ်းအင်ဝန်ကြီးကို ဆန္ဒပြ ကန့်ကွက်

လွန်ခဲ့သည့်မတ်လက တာလုံ ကျေးရွာ အနီးတိုက်ပွဲဖြစ်ပွါးရာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးတိမ်းရှောင်ကြစဉ်လျှပ်စစ်စွမ်းအင် ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ သည် တကြိမ်လာရောက်ပြီး လျော်ကြေးငွေ ကိစ္စစည်းရုံးခဲ့ကြောင်း စိုင်းထမ်းအိုင်း က ပြောသည်။

“ မတ်လကလည်း စစ်ရှောင်နေချိန် တကြိမ်လာခဲ့ပြီးပြီ။ လျော်ကြေးငွေကိစ္စ လာစည်းရုံတယ်။ အခုလည်း ရေကာတာ အတွက်လာရောက်စည်းရုံးပွဲ လုပ်တာပဲလို့မြင်တယ်” ဟု စိုင်းထမ်းအိုင်း က ဆိုသည်။

သီပေါမြို့နယ် အတွင်း တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာသည် တာလုံကျေးရွာတွင် အနီးတွင်ဖြစ်ကာ ရေကာတာတည်ဆောက်ပါက တာလုံကျေးရွာဒေသခံ ၇၀၀ ကျော် ရွှေ့ပြောင်းရမည် ဖြစ်ပြီး၊ ရှေးဟောင်းသာသနာ့ အဆောက်အဦးများနှင့် သမိုင်းဝင်စေတီပုထိုးများ ဥယျာဉ်ခြံမြေများ ဆုံးရှုံးမှု ရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ဒေသခံများက ရေကာတာ ရပ်တန့်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။ သို့သော် အာဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်ခြင်းမျိုးမရှိခဲ့ပေ။

တာလုံကျေးရွာ မှ နန်းလောဝ်ခမ်း က “ ရေကာတာ ရပ်တန့်ပေးရန် အတွက် ကျမတို့အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက ကျမတို့ အသံကို နားမထောင်ပေးဘူး။ သူတို့လာရင်လည်း ရေကာတာဆောက်ဖို့ပဲပြောမယ်။ဒါကြောင့် ကျမတို့ ဝန်ကြီးနဲ့ တွေ့စရာမရှိတော့ဘူး” ဟု ပြောသည်။

လက်ရှိ တည်ဆောက်မည့် သီပေါမြို့နယ် တာလုံကျေးရွာ အနီးရှိ အထက်ရဲရွာ ရေကာတာ သည် စစ်ပဋိပက္ခဖြစ်ပွားသည့် နေရာ တခုဖြစ်သော်လည်း တရုတ်၊ ဂျပန်၊ ဂျာမဏီ နှင့် ဆွစ်ဇလန်နိုင်ငံ ကုမ္ပဏီ များမှ ၎င်းစီမံကိန်း ကို အကောင်အထည် ဖော်ဆောင်နေကြောင်းသိရသည်။

ထို့ပြင် အထက်ရဲရွာ ရေကာတာ စီမံကိန်းကို ရပ်တန့်ရန် အတွက် ဒေသခံများက ၂၀၁၄ ခုနစ်မှ စတင်က ပြောဆိုခဲ့သော်လည်း ပြည်သူလူထု အသံကို မည်သူမှ နားမထောင်ခဲ့ကြောင်း လည်း တာလုံကျေးရွာပြည်သူများက ပြောဆိုလိုက်သည်။

“ ကျမတို့ အသံတွေ ကို ဘယ်သူမှ နားမထောင်ကျဘူး။ ပြည်သူအသံတွေ လွှတ်တော်ထဲ သယ်ပြီး မပြောဆိုကြဘူး” ဟု တာလုံကျေးရွာ ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Mogok View

TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့တွင် စစ်အာဏာရှင်လက်မခံကြောင်း သံပုံးတီးဆန္ဒပြ

0
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် TNLA ဆုတ်ခွာမည်ဟုဆိုထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ စာသင်ကျောင်းထဲတပ်စွဲသည့် TNLA ကို ထွက်ခွာပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ဂိတ်ကိုဖယ်ရှား

0
သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းထဲ ဝင်ရောက်တပ်စွဲခဲ့သည့် TNLA တပ်သားများကို ပြန်လည်ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ပြီး စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားလိုက်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၈) ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ သံဃာတော်နှင့် ပြည်သူ စုစုပေါင်း...

ရေကာတာစီမံကိန်း ရပ်တန့်ရေးကိစ္စ ဦးဆောင်သူများကို သက်ဆိုင်ရာ ကခေါ်ယူစစ်ဆေး

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မြစ်ငယ်မြစ်ပေါ်တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများ ရပ်တန့်ရန် အတွက် ဦးဆောင်လှုပ်ရှားသူ (၄)ဦးကို သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး မှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ၂၀၂၀ ခုနစ် အောက်တိုဘာ ၂၇ရက်တွင် သီပေါ၊နမ္မတူ၊ ကျောက်မဲ နှင့် လားရှိုးမြို့နယ် ဒေသခံများ (၂၀၀၀)...

နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့

0
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာစီမံကိန်း ရပ်တန်ပေးရန် ဒေသခံပြည်သူများက နိင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာကို ယနေ့ (အောက်တိုဘာ ၂၇) ရက်စွဲဖြင့် ပေးပို့လိုက်ကြောင်း သိရသည်။ နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် သီပေါ (နမ္မတူ)...

တီကျစ် ကျောက်မီးသွေး စက်ရုံ ပိတ်သိမ်းရန် ဒေသခံများ ဆန္ဒပြ

0
လူပေါင်းများစွာ ၏ နဖူးတွင် “ No Coal” ဆိုသည့် အနီရောင် နဖူးစည်း ပတ်ကာ တချို့မှာ လက်ပတ်တွင် ပတ်ထားကြပြီး လူထု ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။ ထို ဆန္ဒပြသူ အများစု လက်တွင်လည်း “ သဘာဝ နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်စေသော...