Wednesday, January 28, 2026

နမ့်ဆန်မြို့နယ် စစ်ရှောင် ပြည်သူများ စားနိပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

Photo by Mai A Naing’s facebook/ နမ့်ဆန်မြို့နယ် အတွင်းစစ်ဘေးရှောင်လာသည့် သူများ

နမ့်ဆန်မြို့နယ် အတွင်း နိုဝင်ဘာ ၁၁ရက်နေ့မှ စတင်ကာ ယနေ့ ထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် ၁ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် နမ့်ဆန်မြို့နယ် ခေနင်း၊ ကျောက်ဖြူလေး၊ မန်ခေါက်ကျေးရွာ နှင့် ခေးကွဲ ကျေးရွာတို့တွင် ခိုလှုံနေရကြောင်း သတင်းရရှိသည်။

လက်ရှိမှာ ကျောက်ဖြူလေး ကျေးရွာတွင် စစ်ရှောင် ၇၀၀ ကျော် နှင့် ခေးကွဲ ကျေးရွာတွင် စစ်ရှောင် ၈၀ ဝန်းကျင် သည် စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ကျန်းမာရေး ချို့တဲ့မှုများ ရင်ဆိုင်နေရသည် ဟု ကျေးရွာအုပ်ချပ်ရေးမှူးများ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo Credit to Mataan Nu- ကျောက်ဖြူလေးစစ်ရှောင်စခန်းမှ စစ်ရှောင်ကလေးများ

“ စားနပ်ရိက္ခာကတော့ပြတ်နေပြီ။ နောက် ကလေးငယ်တွေ အသက်ကြီးတဲ့သူတွေ နေမကောင်းကြဘူး။ ကလေးတွေက ဝမ်းလေ ျှာတာတွေရှိတယ်။ လူက ၇၀၀ကျော်တော့ နေစရာတွေခက်၊ အိမ်သာတွေ အဆင်မပြေဘူး” ဟု ကျောက်ဖြူလေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလှိုင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ကျောက်ဖြူလေးစစ်ရှောင် ဒုက္ခသည်များပြားမှုကြောင့် လက်ရှိမှာအိမ်သာများ အဆင်မပြေသဖြင့် ထပ်တူးနေကြရကြောင်း၊ စစ်ရှောင်များအတွက် လူမှု အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အာဏာပိုင် များအနေဖြင့် လာရောက် ကြည့်ရှု့ကူညီစေချင်ကြောင်းလည်း ဦးစောလှိုင် က ပြောသည်။

ထို့ပြင် ခေးကွဲ ကျေးရွာရှိ စစ်ရှောင်များမှာ ဆန်၊ဆီ၊ ရိက္ခာခြောက် များနှင့် တကိုယ်ရည်သုံး ဆပ်ပြာများလည်း လိုအပ်နေကြောင်း ခေးကွဲ ကျေးရွာ ဥက္ကဌ ဦးအိုက်ပ က ပြောသည်။

“ အခုက စစ်ရှောင်တွေ အတွက် ရိက္ခာတွေ ကူညီပေးစေချင်တယ်။ ဆောင်းရာသီဆိုတော့ ကလေးတွေ အတွက် အဝတ်အစားလည်း လိုတယ်” ဟု ဦးအိုက်ပ က ဆိုသည်။

Photo Credit to Mataan Nu- ကျောက်ဖြူလေးစစ်ရှောင်စခန်းမှ စစ်ရှောင်ကလေးများ

တိုက်ပွဲကြောင့် စစ်ရှောင်နားခိုသည့် နေရာအနီးပတ်ဝန်းကျင်တွင် TNLA နှင့် မြန်မာ့တပ်မတော် စစ်ရေး တင်းမာမှုများ ရှိနေသေးကြောင်းလည်း ဦးစောလှိုင် က ပြောသည်။

“ စစ်ပွဲတွေ ရပ်စေချင်တယ်။ ပြည်သူမျက်နှာ ထောက်ပြီး အမြန်အေးချမ်းစေချင်တယ်” ဟု ဦးစောလှိုင်က တောင်းဆိုလိုက်သည်။

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်ဒေသခံပြည်သူများသည် လက်ဖက်လုပ်ငန်းသာ တပိုင်တနိုင် လုပ်ကိုင်ကြပြီး၊ တိုက်ပွဲများ၊ မြေမြုပ်မိုင်းများကြောင့် လက်ဖက် လုပ်ငန်း ရပ်ဆိုင်းထားရကာ လူငယ်များ ပြည်ပ နိုင်ငံသို့အလုပ်အကိုင် သွားရောက် လုပ်ကိုင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...