Wednesday, January 28, 2026

နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာစီမံကိန်း ရပ်တန်ပေးရန် ဒေသခံပြည်သူများက နိင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာကို ယနေ့ (အောက်တိုဘာ ၂၇) ရက်စွဲဖြင့် ပေးပို့လိုက်ကြောင်း သိရသည်။

နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် သီပေါ (နမ္မတူ) ရေကာတာများသည် သီပေါ၊ကျောက်မဲမြို့နယ် ဒေသခံများအတွက် ကြီးမားစွာ ဆိုးကျိုးများသက်ရောက်မည်ဖြစ်သဖြင့် ဒေသခံလက်မှတ် (၁၈၈၄) ဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သည်။

“ ဒီနမ္မတူမြစ်ပေါ်တည်ဆောက်နေတဲ့ ရေကာတာကို ရပ်တန့်ပေးဖို့ ထပ်တောင်းဆိုတာပါ။ လက်ရှိရေကာတာ အခြေအနေက ၄၀ ရာခိုင်းနှုန်းလောက်တော့ ပြီးပြီလိုတော့ပြောလို့ရတယ်။ ၂၀၀၈ ကတည်းက စဆောက်တာဆိုတော့၊ အခုဆို ၁၀ နှစ်ကျော်လောက်တော့ရှိပြီ” ဟု စိုင်းဖုန်းမြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရေကာတာ စီမံကိန်း ၁၀နှစ်ကျော် ကာလအတွင်း စီမံကိန်း နှင့် ပတ်သက်ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် တချို့ကုမ္ပဏီများ နှုတ်ထွက်ခဲ့သော်လည်း လက်ရှိမှာ ရေကာတာ စီမံကိန်းကို အစိုးရ အနေဖြင့် မရပ်တန့်သေးသည့် အတွက် ရပ်တန့်ပေးရန် ထပ်မံတောင်းဆိုခြင်းဖြစ်ကြောင်း လည်း စိုင်းဖုန်းမြင့် က ဆိုသည်။

အထက်ရဲရွာ ရေကာတာ စီမံကိန်း ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ Stucky ကုမ္ပဏီမှ သြဂုတ် ၂၆ ရက်တွင် Business and Human Rights Resource Centre (BHRRC) အဖွဲ့ထံသို့ ရေကာတာဆောက်လုပ်မှုတွင် နှုတ်ထွက်ကြောင်းကိုစာပေးပို့ခဲ့ကြောင်း သိရသည်။
Stucky SA ကုမ္ပဏီသည် အထက်ရဲရွာရေကာတာဆောက်လုပ်ရေးတွင် နှုတ်ထွက်သည့် ဒုတိယမြောက် ကုမ္ပဏီ ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဇန်နဝါရီ လပိုင်းတွင်လည်း ပြင်သစ်ကုမ္ပဏီ Engie မှ အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK)ထံသို့ မိမိတို့၏ ကုမ္ပဏီခွဲဖြစ်သည့် Lahmeyer ဂျာမနီသည် အထက်ရဲရွာ ရေကာတာဆောက် လုပ်ရေးနှင့် ဆက်နွယ်မှုမရှိတော့သောကြောင့် မြန်မာ့လူ့အခွင့်အရေးချိုး ဖောက်သူများ ၏စာရင်း အမည်ပျက် စာရင်းထဲမှပယ်ဖျက်ပေးပါရန် တောင်းဆိုခဲ့ကြောင်းလည်း ရှမ်းပြည်နယ် အတွင်း ရှိ မြစ်ချောင်းများအရေး လှုပ်ရှားမှု ကွန်ယက်၏ ထုတ်ပြန်ချက်အရသိရသည်။

သျှမ်းပြည် အတွင်းရှိ နမ္မတူမြစ်ပေါ် တွင် အကြီးစားရေကာတာ စီမံကိန်း ၃ခုရှိပြီး၊ နော်ဝေနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြုပ်နှံမှုဖြင့် ၇၃၅ မီကာဝပ် ထွက်ရှိမည့် အလယ်ရဲရွာ စီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွစ်ဇလန် နှင့် ပြင်သစ်နိုင်ငံကုမ္ပဏီ များမှ ပါဝင်ဆောက်လုပ်လျက်ရှိသည့် ၂၈၀ မီကာဝပ် အထက်ရဲရွာရေကာတာ စီမံကိန်း နှင့် Natural Current Energy Hydropower Company Limited မှ ၂၁၀ မီကာဝပ် နမ္မတူ (သီပေါ) ရေကာတာ စီမံကိန်းများသည် ယနေ့ထိတိုင် စစ်မက်ဖြစ်ပွားရာ ဒေသတွင်း တည်ရှိနေကြောင်းသိရသည်။

နမ္မတူမြစ်သည် ဌာနပြည်သူလူထုထောင်ပေါင်းများစွာ မြစ်ကမ်းဘေး တစ်လျှောက်တွင် မျိုးဆက်ပေါင်းများစွာ မြစ်ကိုအခြေပြပြီး စိုက်ပျိုးရေး တံငါးသည်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် မရေတွက်နိုင်သော အခြားလိုအပ်ချက်ပေါင်းများစွာသည် ပြည်သူဘ၀ ရပ်တည်နိင်ရေးအတွက် အရေးပါလှသော မြစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် နမ္မတူမြစ်ပေါ် တည်ဆောက်လျက်ရှိသော အထက်ရဲရွာ စီမံကိန်း သီပေါ(နမ္မတူ) ရေကာတာစီမံကိန်း နှင့် အလယ်ရဲရွာ စီမံကိန်းများအားလုံးရပ်တန့်ရန် နှင့် ဒေသခံများ၏ အသံ နှင့် တုန့်ပြန်မှုများကို အသိအမှတ်ပြုပေးရန် အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပို့သည့် အိတ်ဖွင့်စာထဲတွင် ထည့်သွင်းရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

0
စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို အမှုအချို့ လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
စစ်ကောင်စီ မှ ယနေ့ ( သြဂုတ် ၁) ရက် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမှု အချို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။ . ၂၀၂၁...

ကျပ်နှစ်သောင်းတန် ငွေစက္ကူ၊ ဒေါ်အောင်ဆန်းစုကြည် ကတ်နှင့် စစ်အုပ်စု၏ အလှုပ်အခတ်

0
နိဒါန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံခြင်း ဆိုင်ရာ တဖက်သက်သတင်းစကားများမှ အစပြုကာ ၂၀၂၃ ခုနှစ် ဇူလိုင်လ၏ နောက်ဆုံးရက်သတ္တပတ် အတွင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဖြန့်မည့်ကိစ္စ၊ တရားမဲ့ ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့မည်ဆိုသည့် သတင်းနှင့် အာဏာသိမ်းစစ်အုပ်စုတွင်း ဆောက်တည်ရာမရ ဖြစ်နေသည့်...

ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ တနာရီခွဲဝန်းကျင် တွေ့ဟု စစ်ကောင်စီ ထုတ်ပြန်

0
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့သည် ဇူလိုင် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တနာရီခွဲနီးပါး တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုလိုက်သည်။ “ထိုင်းနိုင်ငံ ရဲ့ ဒု - ဝန်ကြီးချုပ်...