Wednesday, January 28, 2026

လားရှိုးမြို့နယ် မိုင်းယန်းအုပ်စုတွင် ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး လုပ်ကြံပစ်သတ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်မိုင် ၃၀ ခန့်အကွာ မိုင်းယန်းကျေးရွာ အုပ်စု မန်ကောင်းကျေးရွာတွင် ပြည်သူ့စစ် ခေါင်းဆောင်၏နေအိမ်အား လက်နက်ကိုင်လူတစုက ၀င်ရောက်ပစ်ခတ်သဖြင့် ၄င်းနှင့်ဇနီး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

Photo Credit to Sai Tiger Tai

သြဂုတ်လ ၂၀ ရက် ည ၈ နာရီခွဲ အချိန်ခန့်က မိုင်းယန်းအုပ်စုနေ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင် ၏နေအိမ်အား ၀င်ရောက်ပစ်ခတ်ကြခြင်းဖြစ်ကြောင်း ၊ မည်သည့်အဖွဲ့ဖြစ်သည်ကို မသိရကြကြောင်း လားရှိုး အခြေစိုက် သျှမ်းလူငယ်ဖွဲ့ TYO မှ စိုင်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က ည ၈နာရီခွဲလောက် ဖြစ်တဲ့ ပစ်ခတ်မှုက တိုက်ပွဲမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့တဖွဲ့ လာပစ်တာပါ။ ဘယ်သူဆိုတာ ဘယ်သူမှမသိကြဘူး။ မိုင်းယန်းပြည်သူ့စစ် ဦးဝင်းမောင် အသက် ၆၀ နဲ့သူ့အမျိုးသမီး ပါ့မြ အသက် ၅၈ နှစ်တို့ သေဆုံးသွားတယ်။ အိမ်ထဲက အသက် ၁၆နှစ် အရွယ် ကောင်လေးကတော့ ထွက်ပြေး လွှတ်မြောက်သွားတယ်” ဟု စိုင်းဟန် က ပြောပြသည်။

Photo Credit to Sai Tiger Tai- မီးရှို့ဖျက်ဆီးခံရသော ဦးဝင်းမောင်တို့နေအိမ်ရှိ ထော်လာဂျီနှင့် ဆိုင်ကယ်များ

အဆိုပါ အမည်မသိ လက်နက်ကိုင် တဖွဲ့ သည် မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်ကို သေနတ်များ၊ လက်ပစ်ဗုံးများ ပစ်ခတ်ခဲ့သည့် အပြင် နေအိမ်၊ ဆိုင်ကယ် နှင့်ထော်လာဂျီ တို့ကိုပါ မီးရှို့ ပစ်ခဲ့ ကြောင်း စိုင်းဟန် က ပြောသည်။

“မိုင်းယန်း ပြည်သူ့စစ် အိမ်ကို ကျနော်တို့ ရောက်သွားတော့ သေနတ်ကျည်တွေ၊ လက်ပစ်ဗုံးတွေ နောက် အိမ်ကို မီးရှုှ့ိထားတာ တွေ့ရတယ်။ ဦးဝင်းမောင်ရဲ့ အလောင်းကိုတော့ နေအိမ်ရဲ့ အိမ်သာထဲမှာ တွေ့တယ်။ ပါ့မြကတော့ အိမ်ထဲမှာ လက်နက်ကြီးထိပြီးသေနေတယ်” ဟု စိုင်းဟန် က ဆက်လက်ပြောသည်။

Photo Credit to Sai Tiger Tai-ဦးဝင်းမောင်တို့နေအိမ်ခြံစည်းရိုးတွင်ကျန်ခဲ့သည့် လက်နက်ကိုင်အဖွဲ့များ ၏ ကျည်ဆံတွဲများ

ထို လက်နက်ကိုင် အဖွဲ့သည် တရုတ်ဘာသာစကားဖြင့်သာ ပြောဆိုခဲ့ကြကြောင်း မိုင်းယန်းပြည်သူ့စစ် နေအိမ်ကို ည ၈ နာရီ ခွဲမှ ည ၉ နာရီ ခွဲ ထိ ပစ်ခတ်ခဲ့ကြကြောင်း မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်း ကျေးရွာ ဒေသခံများ ပြောဆိုချက် အရသိရသည်။

Photo Credit to Sai Tiger Tai-
လက်နက်ကိုင်များပစ်ခတ်မှုမှ ကျည်ခွံများ

အဆိုပါပစ်ခတ်မှုကို ဒေသခံများကထိတ်လှန့်ကာ ဘုန်းကြီးကျောင်းသို့သွားရောက်ခိုလှုံခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဦးဝင်းမောင် နှင့် ပါ့မြ တို့၏ရုပ်အလောင်း ကို လားရှိုးမြို့လူမှုကူညီရေးအဖွဲ့တို့က သွားရောက်ကူညီသယ်ဆောင်ကာ လားရှိုးပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...