Tuesday, January 27, 2026

သျှမ်းပြည်အလယ်ပိုင်းက ပြည်သူ့စစ် ဌာနချုပ်တခု ရလခ တိုင်းမှူး ရှောင်တခင်ဝင်စစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း အခြေစိုက်နေထိုင်သည့် ပြည်သူ့စစ်တပ်စခန်း တခု အား ခိုလမ်အခြေစိုက်ရလခ တိုင်းမှူးကိုယ်တိုင် ဦးစီးသည့် စစ်အင်အား ရာဂဏန်းက ရှောင်တခင် သွားရောက်စစ်ဆေးကာ ခေါင်းဆောင်ဖြစ်သူအား ထိန်းသိမ်း စစ်ဆေးနေကြောင်းသိရှိရသည်။

Photo by SHAN- ၀မ်ပန်ဌာနပြေည်သူ့စစ်တပ်စခန်နှင့် ပြည်သူ့စစ်ခေါင်းဆောင် စိုင်းတ

၂၀၁၉ ခု သြဂုတ်လ ၂၃ ရက်နေ့က လဲချားမြို့ အရှေ့တောင်ဘက် ခိုလမ် – လဲချား မြို့နယ်ကြား နားပွဲကျေးရွာအုပ်စု နမ့်ဟူး ဖရားထမ့် (ရွာ) ဌာနေပြည်သူ့စစ်တပ် အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်ကိုယ်တိုင်ဦးစီးသည့် စစ်အင်အား ၁၀၀ ခန့်က တပ်စခန်းအတွင်း စစ်ဆေး မှု ပြုလုပ်နေကြောင်း၊ ခေါင်းဆောင်ဖြစ်သူ စိုင်းတ နှင့် စစ်ဦးစီး စိုင်းဒေါန အား ခေါ်ယူစစ်ဆေးနေ ကြောင်း အမည်မဖေါ်လိုသည့် တပ်တွင်းအရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တိုင်းမှူးကိုယ်တိုင်လာတော့ အကောင်းဘဲလာတယ်ထင်တယ်။ မနေ့ကတည်းက ရောက်တာလေ။ အခုက စစ်သားအများကြီးနဲ့လာတော့ သိပ်မသင်္ကာချင်ဘူးဖြစ်နေတယ်။ တပ်မှူး ဗိုလ်ကြီးစိုင်း ညွှန့်တော့ ရှောင်ထားတယ်။ အဘ စိုင်းတ နဲ့ ခူးဒေါန တော့ တိုင်းမှူးကခေါ်ထားတယ် ”- ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ရလခ တိုင်းမှူးကိုယ်တိုင် ကွပ််ကဲ ပြီး နမ့်ဟူးဖရားထမ့် ဌာနေပြည်သူ့စစ်တပ် အား ရှောင်တခင် ၀င်ရောက်စစ်ဆေးမှု သည် သြဂုတ်လ ၁၆ ရက် လွိုင်လင်မြို့အထွက် တောင်ကြီးအသွားလမ်းတွင် ကျပ်သိန်းပေါင်း တသိန်း ကျော် တန်ဖိုး ရှိမူးယစ်ဆေးဝါး ဖမ်းဆီးရမှု နှင့် ပတ်သက်ဆက်နွယ်သည်ဟု သီးခြားအတည်ပြုချက်ရသည့် သတင်းအရသိရသည်။

တပ်မဟာ ရ၅၈ သည် ၂၀၀၅ ခုနှစ်က ဗိုလ်မှူးကြီး မိန်းစင့် ဦးစီးပြီး သျှမ်းပြည်တပ်မတော် RCSS/SSA မှ ခွဲထွက်ကာ စစ်အစိုးရထံလက်နက်ချပြီး ၀မ်ပန်ဌာနေ ပြည်သူ့စစ်အဖြစ်ပြောင်းပြီး နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စု နမ့်ဟူးရွာတွင်လည်းကောင်း၊ လဲချားမြို့နယ် ၀မ့်ဟိုင့်အုပ်စု ၀မ့်ပန်ရွာတွင်လည်းကောင်း အခြေစိုက်နေထိုင်လာခဲ့သည်။

၂၀၀၉ မေ ၂၄ ရက် က တပ်မတော် စစ်ယာဉ်တန်းနဲ့ အတူ ခရီးထွက်စဉ် ခြုံခိုတိုက်ခိုက်ခံရပြီး တပ်မတော်အရာရှိစစ်သည်များနှင့် အတူ ဗိုလ်မှူးကြီးမိန်းစင့် ကွယ်လွန်သွားခဲ့သည်။ ၂၀၁၂ ခု နှစ်က လည်း ၄င်းတို့ တပ်စခန်းအား RCSS/SSA မှ ၀င်ရောက်သိမ်းပိုက်စဉ် မူးယစ်ဆေးဝါး နှင့် ချက်လုပ်ရေးဆိုင်ရာပစ္စည်းများအများအပြား သိမ်းဆည်းရမိခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...