မိုင်းပန်တွင် တပ်မတော်မှ လုံခြုံရေးတင်းကျပ်မည်ဟုဆို

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တပ်မတော်မှ လုံခြုံရေးတင်းကျပ်မည် ၊ ကင်းလှည့်မည်ဟု ပြောဆိုသတိပေးလာသဖြင့် လယ်ယာသွားမည့် မိုင်းပန်ဒေသခံများ ဘေးကင်းစေရေး သတိဖြင့်သွားလာကြရန် ၊ တားဆီးခေါ်ယူမေးမြန်းခံရပါက ရပ်တန့်ဖြေကြားပေးပါရန် ကျားဖြူလွှတ်တော်ကိုယ်စားလှယ် က ပြောဆို လိုက်သည်။

သြဂုတ် ၁၆ ရက်နေ့က မိုင်းပန်မြို့ အထွေထွေ အုပ်ချုပ် ရေးမှူး မှ တဆင့် မိုင်းပန်မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်ကာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ၊ လယ်ယာခြံသို့ သွားအိပ်စောင့် အလုပ်လုပ်မည့်ရွာသားများ စစ်တပ်ကင်းလှည့်အဖွဲ့နှင့်တွေ့ပါက ထွက်မပြေးကြရန် သတိပေးပြောဆိုသဖြင့် သျှမ်းစစ်သားနှင့်ထင်ယောင်ထင်မှားဖြစ်စေမည့် ပြောက်ကျားစစ်ဝတ်စုံ နှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့်က အစည်းအဝေးတွင်ထည့်သွင်းဆွေးနွေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်က လုံခြုံရေးအတွက်စစ်ဆေးတာလုပ်မယ်။ စစ်တပ်က စစ်ဆေးရင် ဒေသခံတွေကို ထွက်မပြေးဖို့ အစည်းအဝေးမှာပြောပါတယ်။ အပြင်မှာထွက်နေတဲ့ ကောလာဟာလ သတင်းအတိုင်း ပြောက်ကျားစစ်ဝတ်စုံ မဝတ်ရဘူးလို့တော့ အစည်းအဝေး မှာ မပြောကြရပါဘူး။ လုံခြုံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးလာလို့ကျနော်က သတိရမိပြီး ထည့်သွင်းဆွေးနွေးတာပါ။ မိုင်းပန်ဒေသခံတွေက ပြောက်ကျားအကျီင်္ ကိုကြိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီပြောက်ကျားအကျီင်္က တာရှည်ခံတယ်။ ချေးပေချေးစွန်းလည်းခံတော့ လူကြီးလူငယ်မရွေး အလုပ်သွားရင်ဝတ်ကြတယ် ။ အဲကြောင့် ပြောက်ကျားဝတ်စုံဝတ်တိုင်း လက်နက်ကိုင် အဖွဲ့မဟုတ်ဘူး။ မသင်္ကာရင် ရပ်ရွာသူကြီးကို အရင်မေးမြန်းဖို့ အာဏာပိုင်တွေကိုသတိပေးတင်ပြတာပါ။ ” ဟု စိုင်းနောင့် က ဆိုသည်။

ဌာနချုပ်လွယ်တိုင်းလျန်းရှိ RCSS/SSA တပ်သားများ

ထို့အပြင် လုံခြုံရေးကင်းလှည့် တပ်မတော် သားများအနေဖြင့် ဒေသခံ အရပ်သားများကို စစ်ဆေးရာ တွင်လည်း ကိုယ်ထိ လက်ရောက် ရိုက်နှက်စစ်ဆေးခြင်းမပြုရန် ဆွေးနွေးပွဲတွင် ထည့်သွင်း မေတ္တာရပ်ခံထားကြောင်း စိုင်းနောင့်ကပြောသည်။

“အစည်းအဝေးလာတက်တဲ့ရပ်ရွာသူကြီးတွေကနေ ဒေသခံရွာသားတွေကို ပြန်သွားရှင်းပြဖို့ပေါ့နော်။ လမ်းမှာ ကင်းလှည့်အဖွဲ့နဲ့တွေ့ရင် တားဆီးစစ်ဆေးရင် ကောင်းကောင်းရပ်ပေးဖို့၊ ကောင်းကောင်းဖြေပေးဖို့ပေါ့နော်။ တကယ်လို့ ထွက်ပြေးရင် အန္တရာယ်ဖြစ်မှာစိုးလို့ ပါ။ နောက်ပြီး လယ်တွေယာတွေမှာ ညအိပ်ညနေသွားစောင့် မယ်ဆိုရင်လည်း ရပ်ရွာလူကြီးဆီမှာ သတင်းပို့ပြီးတော့မှဘဲ သွားကြပါ စတာတွေသတိပေးပါတယ်။ “ – ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းပန် တွင် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA သာ လှုပ်ရှားသွားလာပြီး လက်ရှိတွင်လည်း နိုင်ငံရေး စစ်ရေးအခြေအနေတည်ငြိမ်နေသည့်နေရာလည်း ဖြစ်သည်။

“ မိုင်းပန်မှာအခြေအနေက အဲလောက်မဆိုးပါဘူး ။လုံခြုံရေးတင်းကျပ်မယ် စစ်မယ်ဆေးမယ် ဆိုတော့ လူထုကိုနေရခက်အောင် အလုပ်သွားဖို့ ၀မ်းစာရှာစားဖို့ခက်အောင်လုပ်သလိုဖြစ်နေတယ်။ အဲ့ဘက်မှာ တိုက်ပွဲလည်း မရှိတော့ဘူး။ ပြည်သူတွေကို လုံခြံုရေးလို့ ပြောပြီး ကျနော်တို့အဖွဲ့ပါနေရခက်အောင် လုပ်နေတာပဲ” ဟု RCSS/SSA ၏ တောင်ကြီး အခြေစိုက် ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။

လက်ရှိ မိုင်းပန်မြို့နယ်တွင် တပ်မတော် နှင် ရဲ တပ်ဖွဲ့တို့ပူးပေါင်းပြီး လုံခြံုရေး ယူနေကြောင်း မြို့ အဝင်၊ အထွက်ကားများကို စစ်ဆေးနေကြောင်း မိုင်းပန်မြို့မှ ရပ်မိရပ်ဖတဦးက ပြောသည်။

မိုင်းပန်မြို့သည် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းပါရှိပြီး တောင်ကြီးမြို့အရှေ့ဘက် မိုင်ပေါင်း ၂၀၀ ခန့်အကွာတွင်တည်ရှိပါသည်။ သံလွင်မြစ်အနောက်ဘက်ခြမ်းတွင်ရှိပြီး RCSS/SSA ၊ အစိုးရတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ လှုပ်ရှားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...