Tuesday, January 27, 2026

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လမ်းစဝေဝါးနေဆဲ

အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်( NCA) လက်မှတ်ထိုးခဲ့သည်မှာ ၄ နှစ်နီးပါး ရှိခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် လမ်းစ ဝေဝါးနေဆဲ ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆိုလိုက်သည်။

Photo SHAN- သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး တွင် ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က အဖွင့် မိန့်ခွန်း ပြောကြားစဉ်

သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး တွင် ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က အဖွင့် မိန့်ခွန်း ပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ကြည့်ပါက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လမ်းစ မှာ ဝေဝါးနေဆဲ ဖြစ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည့်ဖက်ဒရယ် အခြေခံမူများကို ပြည်ထောင်စု သဘောတူစာချုပ်တွင် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုပါသည်။

Photo SHAN- သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး

ပြည်သူလူထု အကျိုး၊ပြည်ထောင်စု အကျိုး နှင့် အားလုံး လိုလားတောင့်တ သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် သက်ဆိုင်သည့် အစုအဖွဲ့အားလုံး စိတ်ရှည်သည်းခံ၊ အပြန်အလှန် ယုံကြည်လေးစားမှု ဖြင့် ဆွေးနွေးကြရန်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်သည်။

ထို့ပြင် ရှေ့ လုပ်ငန်းစဉ် ချမှတ်ရာတွင် NCA လက်မှတ် မထိုးနိုင်သေးသည့် EAO များ နှင့် ပတ်သက်သည့် အစီအစဉ်များ ပါဝင်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် NCA လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့တည်းဖြင့် မပြီးပြည့်စုံကြောင်း လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က မိန့်ခွန်း တွင်ထည့်သွင်းပြောခဲ့သည်။

ဆက်လက်ပြီး“ တပ်မတော်ရဲ့ တဖက်သက် အပစ်ရပ်ကာလ က ဒီသြဂုတ်လကုန်မှာ သက်တမ်းကုန် ဆုံးမှာမို့သက်တမ်း ထပ်မတိုးခဲ့ရင် အပစ်ရပ်ကာလ အလွန် ငြိမ်းချမ်းရေး အခင်းအကျင်းကို ထည့်သွင်း စဉ်းစားဖို့ အရေးကြီး ပါတယ်” ဟုလည်း ဗိုလ်ချုပ် ယွက်စစ်က ဆိုသည်။

Photo SHAN- သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး

 

ယနေ့ ကျင်းပသည့် PPST အစည်းအဝေး တွင် အဓိက အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားရေး ကိစ္စ၊ အစိုးရ အဆိုပြုလာသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးရေး နည်းလမ်း(၄) ရပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ၊ PPST စုဖွဲ့မှု နှင့် ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားမည် ဟု သိရသည်။

ထို့အပြင် အစိုးရ၊ နိုင်ငံရေး ပါတီ အစုအဖွဲ့ များ ၂၀၁၉ ခုနစ် နှစ်ကုန် အတွင်း နှင့် ၂၀၂၀ ခုနစ် ဆန်းပိုင်း တွင် ၂၁ ရာစု ပင်လုံ တကြိမ် ကျင်းပရေး ကိစ္စ (ကျင်းပခြင်း၊ မကျင်းပခြင်း) ကိုပါ ထည့်သွင်းဆွေးနွေးသွားမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...