ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လမ်းစဝေဝါးနေဆဲ

အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်( NCA) လက်မှတ်ထိုးခဲ့သည်မှာ ၄ နှစ်နီးပါး ရှိခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် လမ်းစ ဝေဝါးနေဆဲ ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆိုလိုက်သည်။

Photo SHAN- သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး တွင် ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က အဖွင့် မိန့်ခွန်း ပြောကြားစဉ်

သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး တွင် ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က အဖွင့် မိန့်ခွန်း ပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ကြည့်ပါက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လမ်းစ မှာ ဝေဝါးနေဆဲ ဖြစ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည့်ဖက်ဒရယ် အခြေခံမူများကို ပြည်ထောင်စု သဘောတူစာချုပ်တွင် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုပါသည်။

Photo SHAN- သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး

ပြည်သူလူထု အကျိုး၊ပြည်ထောင်စု အကျိုး နှင့် အားလုံး လိုလားတောင့်တ သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် သက်ဆိုင်သည့် အစုအဖွဲ့အားလုံး စိတ်ရှည်သည်းခံ၊ အပြန်အလှန် ယုံကြည်လေးစားမှု ဖြင့် ဆွေးနွေးကြရန်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်သည်။

ထို့ပြင် ရှေ့ လုပ်ငန်းစဉ် ချမှတ်ရာတွင် NCA လက်မှတ် မထိုးနိုင်သေးသည့် EAO များ နှင့် ပတ်သက်သည့် အစီအစဉ်များ ပါဝင်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် NCA လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့တည်းဖြင့် မပြီးပြည့်စုံကြောင်း လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က မိန့်ခွန်း တွင်ထည့်သွင်းပြောခဲ့သည်။

ဆက်လက်ပြီး“ တပ်မတော်ရဲ့ တဖက်သက် အပစ်ရပ်ကာလ က ဒီသြဂုတ်လကုန်မှာ သက်တမ်းကုန် ဆုံးမှာမို့သက်တမ်း ထပ်မတိုးခဲ့ရင် အပစ်ရပ်ကာလ အလွန် ငြိမ်းချမ်းရေး အခင်းအကျင်းကို ထည့်သွင်း စဉ်းစားဖို့ အရေးကြီး ပါတယ်” ဟုလည်း ဗိုလ်ချုပ် ယွက်စစ်က ဆိုသည်။

Photo SHAN- သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး

 

ယနေ့ ကျင်းပသည့် PPST အစည်းအဝေး တွင် အဓိက အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားရေး ကိစ္စ၊ အစိုးရ အဆိုပြုလာသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးရေး နည်းလမ်း(၄) ရပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ၊ PPST စုဖွဲ့မှု နှင့် ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားမည် ဟု သိရသည်။

ထို့အပြင် အစိုးရ၊ နိုင်ငံရေး ပါတီ အစုအဖွဲ့ များ ၂၀၁၉ ခုနစ် နှစ်ကုန် အတွင်း နှင့် ၂၀၂၀ ခုနစ် ဆန်းပိုင်း တွင် ၂၁ ရာစု ပင်လုံ တကြိမ် ကျင်းပရေး ကိစ္စ (ကျင်းပခြင်း၊ မကျင်းပခြင်း) ကိုပါ ထည့်သွင်းဆွေးနွေးသွားမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...