ရွာပြန်ရအောင် အဖေရေ အမြန်လာကြိုပါတော့…..

ဆောင်းပါးရှင် –  အဆိုတူ

သေနတ်သံတွေ မိုင်းဗုံးသံတွေ တဖြေးဖြေးငြိမ်သွားပါပြီ။ ယမ်းငွေ့ယမ်းနံႉတွေတဖြည်းဖြည်း ပျောက်ကွယ်သွားလို့ သာဘာဝတောရိုင်းပန်းရနံ့လေးများက တဖြေးဖြေးပြန်လည်သင်းပျံ့တော့မယ် ဆိုတဲ့ယုံကြည်ချက်လေးများနဲ့ အတူ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ အထုပ်အပိုးလေး တွေပြင်ဆင်နေကြ ပါတယ်။

Photo Credit to LSO youth

လေးငါးရက်ကြာ ပျောက်ကွယ်သွားတဲ့ နေမင်းကြီးပြန်ပြီးလင်းလက်လာပြီဆိုတော့   ဗုံးဆံ ဗုံးသီးတွေသံကြား မျက်ရည်လည်ရွဲနဲ့ စစ်ရှောင်လာခဲ့တဲ့ ရွာသူရွာသားတွေဟာ   (လားရှိုးမြို့ရဲ့အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ) မိမိတို့ရဲ့ရွာတွေကိုပြန်ရမှာမို့  ပျော်မြူး ရွှင်ပြုံးနေကြပါတယ်။

မိမိတို့ဘ၀အတွက် မိမိတို့ချစ်တဲ့ လယ်ယာစိုက်ခင်း လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ရ တော့မှာမို့ ပျော်ရွှင်နေကြတာပါ။ လေးငါးရက်ကြာ စစ်ဘီလူးစီးခံရတာကြောင့် ကြောက်ရွံ့တဲ့ ခံစားချက်တွေ ကြောင့်  ခိုကိုးရာမဲ့ အနေအထား၊ သွေးလှန့်နေတဲ့ မျက်နှာထားမျိုး မရှိတော့ဘဲ –   မျက်နှာလေးတွေက အပြုံးပန်းလေးတွေ ဝေလို့- သူတို့လေးတွေကို ကြည့်ပြီးတော့ ကျနော့မှာ ၀မ်းသာပီတိဖြစ်မိတာ ပေါ့။

ပြီးခဲ့တဲ့ ရက်တွေတုန်းကလိုမဟုတ်တော့ဘဲ သူတို့လေးတွေ တယောက်နဲ့ တယောက် ပြောဆိုနောက်ပြောင်နေကြတဲ့အသံတွေ၊ ရယ်သံတွေ က   တချက်တချက် ကျောင်းတော်ထဲကနေ  ထွက်လာနေပါတယ်။

ပုဇင်းခေါင်းထော်လာဂျီလေးတွေလဲ ရောက်ရှိလာလို့ နှီးဒေါင်းလန်းတွေ၊ အိုးခွက်ပန်းကန်တွေ၊ အထုပ် အပိုးတွေ အသီးသီး တင်ဆောင်နေကြပြီ။  တချို့ကတော့ ဒူးကာတစ်ဘက်သာရှိတဲ့ 125 ဆိုင်ကယ် လေးတွေနဲ့ မိုင်ကုန်နင်းဖို့ ပြင်နေကြပြီ။

Photo Credit to LSO Youth

တစ်ချို့ တောင်သူဉီးကြီးများ  ဘဝသမားပီပီ လေးငါးခြောက်မိုင်ဝေးတဲ့ရွာကို ရွာထိပ် လမ်းထိပ်အလား မိသားစုနဲ့အတူ အထုပ်အပိုးတွေကိုယ်စီ သယ်ပိုးပြီး  ခြေကျင်နဲ့ တောနင်းပြန်ကြပါတယ်။  သက်ကယ်မိုး၊ ပျဉ်ထိုး၊ ဝါးထရံကာထားတဲ့ ဘ၀နိဗ္ဗာန် စံအိမ်ကလေးဆီကို အမြန်ရောက်ဖို့ သားသမီးပွေ့ချီသူကပွေ့ချီ၊  ရီကာမောကာနဲ့အချင်းချင်းနောက်ပြောင်ကျီစယ်ရင်း ရွာဆီ ကို ခြေဉီးလှည့်နေကြပါပြီ။

ပစ္စည်းပစ္စယ တွေလာရောက်ကူညီတဲ့ အလှူ ရှင်တွေလဲ တဖြည်းဖြည်း ပြန်နေကြပါပြီ။

သူတို့ဆီက အပျော်တွေ ကျနော့ဆီ ကူးစက်လို့ ပြုံးပျော်နေစဉ်မှာဘဲ ဘေးဘီကိုငဲ့ကြည့်လိုက်တော့ ရွာမှာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးသွားတဲ့ ဦးလုံးအေးရဲ့ ကျန်ရစ်သူဇနီး ပါ့ကိန်နဲ့ သား(ကိုရင် ရှင်စန္ဒါဝရ)  နဲ့  သမီးနန်းစံညိုတို့ကို တွေ့ရတော့ ရင်ထဲမချိဖြစ်သွားရပါတယ်။

Photo Credit to Aik Hsua

ကျောင်းဆောင် ဇရပ်ရဲ့ တံခါးနားမှာ ထိုင်နေကြတဲ့ ပါကိန်တို့သားအမိသုံးယောက်  သူများတွေလို ရွာပြန်ဖို့ တက်ကြွမနေတဲ့ ပုစ္ဆာကို  အဖြေ လိုက်ရှာနေမိပါတယ်။

သူတို့သားအမိခမျာလည်း အိမ်ကနေ ဖခင်ဖြစ်သူက လာကြိုမှာကို မျှော်နေကြမှာဘဲ။

“ သူများဖေဖေလို ငါတို့ဖေဖေလည်း ငါတို့ကိုလာကြိုစေချင်တယ်။”

“ ဖေဖေရေ ဘာကြောင့် သားတို့ သမီးတို့ကို လာမကြိုတာလဲ?”

“ သားတို့အိမ်ပြန်ရတော့မယ်၊ ဖေဖေသာလာကြိုရင် လမ်းလျှောက်ပြန်ရမယ်ဆိုလည်း ပျော်ပါတယ်။ ကားစီးရမှ သွားမယ် ကားစီးရမှ ပြန်မယ်လို့ သမီးတို့ တခါမှမပြောဘူး။ ”

“ဖေဖေလာမကြိုသေးတာဟာ  သားတို့ သမီးတို့အတွက် မိုးထဲရေထဲ လယ်ထဲမှာ အလုပ်ကြိုးစားနေတုန်းပဲလား ? သားတို့သမီးတို့ ငါးတွေ ဖားတွေမစားချင်ပါဘူးအဖေရယ်။ အဖေလာကြိုမှာကိုသာ မျှော်နေတာပါ ။ အိမ်ပြန်ချင်လှပါပြီ။”

“ သားတို့သမီးတို့ ကို ဖေဖေ ချစ်နေတုန်းဘဲမဟုတ်လား”

ကိုယ်ရင်ငယ်လေးရဲ့ ရင်ထဲကိုကျနော်က  အစားထိုးဝင်ကြည့်တာပါ။

သူတို့သားအမိကိုနှစ်သိမ့်ဖို့ ကျနော် ကိုယ့်ကိုယ်ကို  အားပြန်မွေးရင်းသူတို့ဆီ ခြေဦးလှည့်လို့ ကျနော့နှလုံးသား သွေးခုန်နှုန်းတွေမြန်လာနေတယ်။ သူတို့သားအမိနဲ့နီးလာလေလေဘယ်ကစလို့ နှစ်သိမ့်စကားပြောရမလဲ။ စကားတောင်မစရသေးဘူး  မျက်ရည်ကဝဲလာလို့  သူတို့သားအမိကိုတောင် မကြည့်ဝံ့တော့ဘဲ   မျက်နှာလွှဲပြီး …….

သုံးလောကထွဋ်တင် မေတ္တာရှင် ဗုဒ္ဓမြတ်စွာဘုရားထံ မျက်နှာလှည့် ဒူးထောက်ထိုင်ချကာ သူတို့မိသားစုဘ၀လေး ငြိမ်းအေးပါစေကြောင်း မျက်ရည်သုတ်ရင်းဆုတောင်းပေးနေမိပါတော့တယ်။

( လားရှိုးမြို့နယ်၊ ကုန်းဆာကျေးရွာမှာ ဩဂုတ်လ ၁၈ ရက်ညက လက်နက်ကြီးကျည်စထိမှန်သေဆုံးသွားတဲ့ ( ဦးလုံးအေး) ရဲ့ ကျန်ရစ်သူမိသားစု ပါ့ကိန် နဲ့သားသမီး ကို ရည်စူးကာ )

 # အဆိုတူ

# ဢၢႆႈသိူဝ်တိုဝ်

 23/8/2019 , 14:57 / lso.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...