သျှမ်းမြောက်တိုက်ပွဲ  စစ်ဘေးရှောင် ၅၀၀၀ ကျော် ရှိလာ

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန် တိုက်ပွဲများပြန်လည် ပြင်းထန်လာသဖြင့် စစ်ဘေးရှောင် ၅၀၀၀ ကျော် တိုးများလာကြောင်း သိရသည်။

Photo Sai Tai Loi LSO- လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းရှိစစ်ဘေးရှောင်များအား လားရှိုးအခြေစိုက်လူငယ်များစုပေါင်းကာ ကူညီထောက်ပ့ံမှုများသွားပေးကြ

စစ်ဘေးရှောင် ၅၀၀၀ကျော်သည် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်နှင့် နမ့်ခမ်းအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် ခိုလှုံနေထိုင်နေကြကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လူမှု အဖွဲ့အစည်းများ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။

စစ်ဘေးရှောင်များအတွက် အဓိက လိုအပ်ချက်မှာ နေရာထိုင်ခင်း၊ အဝတ်အစား ၊ သောက်သုံးရေ နှင့် အခြေခံ စားသောက်ကုန်များ ဖြစ်ကြောင်း လားရှိုးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က သျှမ်းသံတော်ဆင့် ပြောသည်။

Photo Sai Tai Loi LSO- တာယော်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ထော်လာဂျီတစီး

“ စစ်ရှောင် အတွက် လိုတာကတော့ အကုန်ပါပဲ။ တချို့ဆိုရင် ထော်လဂျီပေါ် ကားပေါ်ပဲမှာပဲ အိပ်ရတယ်။ ဘာမှ မပါလာကြဘူး။ နောက် ကွတ်ခိုင်ဘက်ဆိုရင် တိုက်ပွဲ က ဖြစ်နေတုန်းဆိုတော့ သွားလှူဖို့က အရမ်းခက်နေ သေးတယ်” ဟု စိုင်းဝမ်းလျန်းခမ်း က ဆိုသည်။

တိုက်ပွဲကြောင့် မြို့ထဲသို့ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များအတွက် လိုအပ်ချက် သိပ်မရှိသော်လည်း လားရှိုး နှင့်ဝေးသည့်ဒေသ တိုက်ပွဲ ဖြစ်နေသည့် ကြားတွင် နေထိုင်သည့် စစ်ရှောင်များအတွက် လိုအပ်ချက် များရှိနေကြောင်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

Photo Sai Tai Loi LSO- လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းရှိစစ်ဘေးရှောင်များအား လားရှိုးအခြေစိုက်လူငယ်များစုပေါင်းကာ ကူညီထောက်ပ့ံမှုများသွားပေးကြ

တိုက်ပွဲကြောင့် ကလေးများလည်း စစ်ရှောင်နေရသဖြင့် ကျေးရွာတွင် ကျောင်းများပိတ်ထားရကြောင်း၊ စစ်ပွဲကြောင့် ပညာရေး၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး လုပ်ငန်းများလစ်ဟင်းရသဖြင့် ပြည်သူလူထု စိုးရိမ်ပူပန်မှု များရင်ဆိုင်နေရကြောင်း စိုင်းဝမ်းလျန်းခမ်းက ဆိုသည်။

“ လတ်တလောကတော့ စစ်ရှောင်တွေ အတွက် နေစရာရှိပေမယ့် သူတို့ အတွက် အစားအသောက်၊ရေ၊နဲ့ အိပ်ယာတွေ လိုအပ်ပါတယ်” ဟု တအာင်း အမျိုးသမီး အဖွဲ့မှ လွေးပိုးညူဝ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိတွင် တိုက်ပွဲအတွင်း ပိတ်မိနေလျက်ရှိသော ကျေးလက်ပြည်သူများအား အမြန်ဆုံးကယ်ထုတ်နိုင်ရန် လိုအပ်ကြောင်း လည်း လွေးပိုးညူဝ်းက ပြောသည်။

သြဂုတ် ၁၅ရက်နေ့ မှစတင်ကာ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ကိုးကန့် ( MNDAA) တပ်၊ ရက္ခိုင်တပ် (AA) တို့မှ ပြင်ဦးလွင်မြို့တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် နေရာ ၅နေရာကို စတင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့တို့သည် ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ကွတ်ခိုင်၊မူဆယ်နှင့် ကွမ်းလုံ စသည့် လမ်းတလျောက်တွင် အပစ်ရပ်ကာလ မကုန်ဆုံးမီ ယနေ့ထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်မည် ကို တအာင်းအရပ်ဖက် အဖွဲ့အစည်း များမှ စိုးရိမ်နေကြောင်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ထို့နည်းတူ လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ပြီး၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး နှင့် စစ်ပွဲ ပိတ်မိပြည်သူများ အတွက် ၂ဖက်တပ်များ အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးရန် လည်း သျှမ်း ပြည်နယ်မြောက်ပိုင်း အရပ်ဖက်အဖွဲ့အစည်းများ နှင့် တက်ကြွလှုပ်ရှားသူများက သြဂုတ် ၂၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် စစ်ရှောင် အများစု သည် အမျိုးသမီး၊ ကလေး ငယ်နှင့် သက်ကြီး ရွယ်အိုများသာဖြစ်သည်။

Photo Sai Tai Loi LSO- တာယော်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ၂ ပတ်သား ကလေးငယ်နှင့်မီးနေသည် (မိခင်နို့ရည်မှာ အဝါရောင်ဖြစ်နေသဖြင့် ကလေးအားနို့မတိုက်ရဲ ဟုမိခင်ပြော။ ကလေးအတွက် နို့မုန့်နှင့်အဟာရမှုန့်လိုအပ်နေကြောင်းသိရသည်)

“ စစ်ရှောင်တွေရဲ့ အဓိက လိုအပ်ချက်က အစားအသောက်ပဲ။နောက် အခု တချို့ စစ်ရှောင်တွေမှာ မွေးဖွားခါနီး ကိုယ်ဝန်သည်တွေရှိတယ်။နောက် မွေးဖွားစ မိခင်တွေရှိတော့ သူတို့ အတွက် ခက်ခဲတယ်” ဟု သျှမ်းလူမှုအဖွဲ့အစည်း မှ နန်းမွေနွံလျန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တိုက်ပွဲဖြစ်ပါက ပြည်သူလူထု သာ အများဆုံး ထိခိုက်နစ်နာကြောင်း၊ ပြည်သူလူထု ထိခိုက်နစ်နာမှု နည်းအောင် ၂ဖက် လက်နက်ကိုင် များအနေဖြင့် ဆင်ခြေ ပေးစေရန် နန်းမွေနွံလျန်းက ပြောဆိုလိုက်သည်။

ဆက်လက်ပြီး အစိုးရနှင့် မြန်မာ့တပ်မတော် အနေဖြင့် တိုင်းရင်းသား များလိုချင်သည့် အချက်များကို ညှိနှိုင်းပြီး ငြိမ်းချမ်းရေး အတွက် ကြိုးစားစေချင်ကြောင်းလည်း သျှမ်းပြည်နယ်မြောက်ပိုင်း လူမှု အဖွဲ့ အစည်းများ က ပြောဆိုလိုက်သည်။

တိုက်ပွဲဖြစ်ပွားနေခြင်း ပြည်သူလူထု၏ အသက်အိုးအိမ် ကို ဦးတည် တိုက်ခိုက်ခြင်း တို့ မှ ရပ်တန့်ပြီး နိုင်ငံရေး ပြသာနာ ကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာသည် လမ်းကြောင်း ကို ယုံကြည် အကောင်အထည်ဖော်ကြရန် လည်း တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...