Tuesday, January 27, 2026

NRPC နှင့် အပစ်ရပ် ၁၀ဖွဲ့ ချင်းမိုင်တွင် တွေ့ဆုံ

အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူ စာချုပ်   NCA   လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ ၌ အလွှတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

Photo SHAN-သြဂုတ်လ ၁၉ ရက် ၂၀၁၉ ညနေ ၃ နာရီခွဲတွင် ပြုလုပ်သော အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူ စာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ အလွှတ်သဘောတွေ့ဆုံဆွေးနွေးမှု

သြဂုတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် ပြုလုပ်သောအဆိုပါတွေ့ဆုံမှု တွင် NRPC မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် NCA လက်မှတ်ရေးထိုးသည့် လက်နက်ကိုင် ၁၀ ဖွဲ့ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“ဒီကနေ့ ကျနော်တို့အလွှတ်သဘောမျိုး တွေ့ဆုံတာပါ။ EAOဘက်က ကြုံတွေ့နေတဲ့အခက်အခဲတွေ NCA အကောင်အထည်ဖော်တဲ့အပိုင်းမှာ ကြံုတွေ့နေတဲ့ ပြသာနာကို အဆိုတင်သွင်း ကြတယ်။ အဓိက အစိုးရ အဆိုပြုတဲ့အပေါ်မှာ မရှင်းလင်းတာတွေ ရှင်းလင်းအောင် ပြောတာပါ။” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က မီဒီယာ များကို ပြောကြားခဲ့သည်။

Photo SHAN-သြဂုတ်လ ၁၉ ရက် ၂၀၁၉ ညနေ ၃ နာရီခွဲတွင် ပြုလုပ်သော အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူ စာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ အလွှတ်သဘောတွေ့ဆုံဆွေးနွေးမှု

လုပ်ငန်းစဉ် ၄ ခုဖြစ်သည့် NCA အဓိပ္ပာယ်ဖွင့်ဆိုချက် ကွဲလွဲမှု၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ အလွန် ကာလ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး ညီလာခံ ဖက်ဒရယ် အခြေခံမူ နှင့် NCA ငြိမ်းချမ်းရေး အသီးအပွင့်များ တပြိုင်တည်း သွားရန် ပြန်လည်ရှင်းလင်းခဲ့ကြောင်း ဦးဇော်ဌေး က ပြောသည်။

 

“ ၂၀၂၀ မတိုင်ခင် ကျနော်တို့ ဘာတွေ ရအောင်လုပ်မလဲ။ ငြိမ်းချမ်းရေး ညီလာခံ မှာ ဘာတွေ ရအောင်လုပ်မလဲ ၂၀၂၀ ကျော်သွားရင် ဘာတွေ ဆက်လုပ်မလဲ။ ၂၀၂၀ အလွန်တက်လာတဲ့ အစိုးရကလည်း ဒီလမ်းကြောင်းကို ဆက်ပြီး အကောင်အထည်ဖော်သွားလို့ ရတယ် ။နောက် တချက် က ညီလာခံ တခု ကျင်းပဖို့ လိုလားတယ်” ဟု ဦးဇော်ဌေး က ပြောသည်။

NRPC အနေဖြင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ကရင် အမျိုးသားအစည်းအရုံး (KNU) ၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကေင်စီ (RCSS/SSA) တို့နှင့် သီးသန့်တွေ့ဆုံရန် ရှိကြောင်းသိရသည်။

သြဂုတ် ၂၁ ရက်နေ့တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ ( PPST) အစည်းအဝေး ဆက်လက်ကျင်းပသွားမည် ဟုလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သတိပြုရတော့မည့် စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့

0
နိဒါန်း “သူမ ဒိုင်ယာလော့ကို အားပေးပါတယ်” အထက်ပါပြောစကားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း (Don Pramudwinai) ၏ တဆင့်စကားဖြစ်သည်။ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောဆိုခဲ့သလား ဟူသည်က အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့်...

RCSS/SSA နှင့် အစိုးရ တပ်မတော် တွေ့ဆုံ

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော် တို့ ယမန်နေ့ မတ် ၁၅ ရက် က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ နေပြည်တော် တိုင်းစစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာတွင် တွေ့ဆုံကြခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ JMC...

၂၀၂၀ တပ်မတော်နေ့အလွန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်ဆွေးနွေးပြင်ဆင်

0
တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြည်လျှော့ကာ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပနိုင်ရန် အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးကြသည်။ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့...

အစိုးရတပ်မတော်ကိုယ်စားလှယ် နှင့် RCSS တို့ မနက်ဖြန် ချင်းမိုင်တွင်တွေ့မည်

0
အစိုးရတပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မ တော်( RCSS/SSA) ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ဖြန် ချင်းမိုင်မြို့တွင် တွေ့ဆုံ မည်ဟု သတင်းရရှိသည်။ အစိုးရ တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်တို့ ဦး ဆောင်မည်ဖြစ်ပြီး၊ RCSS/SSA...

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လမ်းစဝေဝါးနေဆဲ

0
အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်( NCA) လက်မှတ်ထိုးခဲ့သည်မှာ ၄ နှစ်နီးပါး ရှိခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် လမ်းစ ဝေဝါးနေဆဲ ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆိုလိုက်သည်။ သြဂုတ် ၂၁ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင်...