၂၀၂၀ တပ်မတော်နေ့အလွန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်ဆွေးနွေးပြင်ဆင်

တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြည်လျှော့ကာ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပနိုင်ရန် အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးကြသည်။

Photo SHAN-အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် NCA ထိုး တိုင်းရင်းသား ၁၀ ဖွဲ့ကိုယ်စားလှယ်များ နို၀င်ဘာလ ၂၀ ရက် ၂၀၁၉ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံဆွေးနွေးကြစဉ်

ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ကိုယ်စားလှယ် များ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ကမ်ပိုင်း မြို့နယ် ခမ်းမွန့်ဟော်တယ် တွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီမှ မွန်းတည့်ချိန် ၁၂ နာရီခန့်အထိ တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ နိုင်ငံတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက – “ပြည် ထောင် စုငြိမ်းချမ်းရေးညီလာခံကိုဘယ်ပုံစံဘယ်လိုသွားကြမလဲဆိုတဲ့ Time Line ပေါ့။ မတ်လ တပ်မတော် နေ့နောက်ပိုင်း ကျင်းပနိုင်ဖို့အတွက် အစိုးရက အဆိုပြုထားတယ်။ JICM ကျင်းပရေး ညီလာခံကျင်း ပရေးအတွက် ကြားမှာ လုပ်ရမယ့်အလုပ်တွေအများကြီးကိုကျနော်တို့လုပ်သွားဖို့ရှိတယ်။ တဖက်နဲ့တ ဖက်အဆိုပြုချက်တွေလည်းရှိနေပါပြီ ကျနော်တို့ဆွေးနွေးသွားဖို့ဘဲလိုပါတယ်“ – ဟု ပြောသည်။

အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် တို့တွေ့ဆုံမှုတွင် အဓိက အကြောင်းအရာ ၅ ခုဆွေးနွေးခဲ့သည်။ ၄င်းတို့မှာ – (၁) အစိုးရ မှ အဆိုပြုထားချက်အရ JICM အမြန်ဆုံးကျင်းပနိုင်ရေး၊ (၂) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးကိစ္စ၊ (၃) ငြိမ်းချမ်းရေး အားထိခိုက်စေခဲ့သည့် RCSS ဥက္ကဌ ခရီးစဉ်မှာ သင်ခန်းစာယူရမည့်ကိစ္စ၊ (၄) နှစ်ဘက်ကြုံတွေနေရသည့် အခြေအနေများအားလွတ်လပ်ပွင့်လင်းစွာဆွေးနွေးဖို့ နှင့် (၅) လက်ရှိ နိုင်ငံတကာအရေးနှင့် အစိုးရ တပ်မတော် တို့ရင်ဆိုင်နေရသည့်ကိစ္စ စသည့်အရေးများတွေ့ဆုံဆွေးနွေးကြသည်ဟု သိရသည်။

Photo SHAN-တွေ့ဆုံမှုအပြီး အစိုးရကိုယ်စားလှယ်ပြောရေးဆိုခွင့်ဦးဇော်ဌေးနှင့် EAO ဘက်မှ နိုင်အောင်မငေးတို့ သတင်းထောက်များအား လက်ခံဖြေကြားပေးနေစဉ်

အဆိုပါတွေ့ဆုံမှု နှင့် ပတ်သက်ပြီး NCA- S EAOs ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေး က – “JICMကိုဘယ်လိုသွားမလဲ။ ကနဦးကလည်း ကျနော်တို့ဆုံးဖြတ်ထားပြီးသားဆိုတော့ ကျနော်တို့ ဆက်သွား ဖို့အစီအစဉ်ရှိပါတယ်။ နောက် UPC ကိုဘယ်တော့ကျင်းပနိုင်မလဲဆိုတာလည်း JICM ထဲမှာ အသေးစိပ် ရက်နေ့ကိုလည်း ကျနော်တို့ပြန်ပြီးဆွေးနွေးမယ်။ ဒါကျနော်တို့ဒီနေ့ ၂ ဖက်တွေ့တဲ့ရလာဒ် ကောင်းတခုပါဘဲ” – ဟု ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ တွင် တပ်မတော်၊ အစိုးရ နှင့် RCSS/SSA တို့တွေ့ဆုံခဲ့ပြီး ၂၀ ရက်နေ့ တွင် NCA- S EAOs ကိုယ်စားလှယ်များ နှင့် တွေ့ဆုံကာ နို၀င်ဘာ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် သီးသန့် တွေ့ဆုံဖို့လည်းရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...