အစိုးရတပ်မတော်ကိုယ်စားလှယ် နှင့် RCSS တို့ မနက်ဖြန် ချင်းမိုင်တွင်တွေ့မည်

အစိုးရတပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မ တော်( RCSS/SSA) ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ဖြန် ချင်းမိုင်မြို့တွင် တွေ့ဆုံ မည်ဟု သတင်းရရှိသည်။

Photo Credit to Taifreedom- တစ်ဆို့နေသည့် NCA ကိစ္စ EAOS များ နို၀င်ဘာလ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်

အစိုးရ တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်တို့ ဦး ဆောင်မည်ဖြစ်ပြီး၊ RCSS/SSA ဘက်က ဗိုလ်ချုပ် ပေါင်ခေး နှင့် ဗိုလ်မှူးကြီး စိုင်းငင်းတို့ ဦးဆောင်သည့်အဖွဲ့က တွေ့ဆုံ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ပြည်ထောင်စု အင်တီကျုဒါရိုက်တာ ဦးခွန်စိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ RCSS နဲ့ အစိုးရတပ်မတော် ကိုယ်စားလှယ်တွေ မနက်ဖန် ၁၀ နာရီခွဲလောက်ကျရင် ချင်းမိုင်မှာ တွေ့ကြမယ်။ အဓိကတော့ ၂ ဖက် တပ် ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေး ကိစ္စ အကြောင်းဆွေးနွေးမယ်လို့ကြားသိထားတယ်” ဟု ဦးခွန်စိုင်း က ပြောသည်။

နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်ရေး သဘောတူညီ စာချုပ် ( NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် EAOs ၁၀ဖွဲ့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) မှ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့ နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ၊ ဒုဗိုလ်ချုပ်ကြီးမင်းနောင်တို့ ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံကြမည် ဟု သိရသည်။

နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းတွင်မူ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့ တွေ့ဆုံရန်ရှိသည် ဟု သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...