Tuesday, January 27, 2026

RCSS/SSA နှင့် အစိုးရ တပ်မတော် တွေ့ဆုံ

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော် တို့ ယမန်နေ့ မတ် ၁၅ ရက် က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Photo by Tai Freedom/ Facebook

နေပြည်တော် တိုင်းစစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာတွင် တွေ့ဆုံကြခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ JMC ဆိုင်ရာ လုပ်ငန်းများ၊ လူထု အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ နှင့် လက်ရှိဖြစ်ပွားနေသည့် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) COVID -19 ကာကွယ်ရေး အတွက် ပြည်သူလူထုများအား အသိပညာပေးခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် RCSS/SSA ဘက်မှ ဗိုလ်ချုပ် ဘောင်ခေး ဦးဆောင်ပြီး၊ အစိုးရ တပ်မတော် ဘက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က ဦးဆောင် ဆွေးနွေးခဲ့သည်။

Photo by Tai Freedom/ Facebook

“ တပ်၂ဖက် အကြောင်းကိစ္စတွေ ရှိလာရင် တွေ့ဆုံဆွေးနွေးဖို့ ပြောထားပါတယ်။ မိုင်းကိုင် ကိစ္စလည်း ဆွေးနွေးကြပါတယ်။ တိုက်ပွဲထပ်မဖြစ်ဖို့ လည်း ဆွေးနွေးပါတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော် သည် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ မတ်လဆန်းပိုင်းထိ သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွိုင်တောင်း တောင်ကြော တလျှောက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့သည်။

RCSS/SSA တပ်စခန်းချသည့် လွိုင်တောင်း တပ်စခန်း တပ်ဆုတ်ခဲ့ရပြီး လက်ရှိမှာ အစိုးရတပ်မတော်က တပ်စခန်းချထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...