Wednesday, January 28, 2026

သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးနေတဲ့တိုက်ပွဲနှင့်ပတ်သက်ပြီး သူတို့ဘာပြောကြသလဲ

တပ်မတော်က မြောက်ပိုင်းမှာ စစ်ဆင်ရေး အပြင်းအထန် လုပ်လာနိုင်မဲ့ အနေအထားရှိနေ

မြောက်ပိုင်းမဟာမိတ်က အတွင်းစည်းထိ ဝင်ရောက်လှုပ်ရှားလို့ တပ်မတော်က လည်း ပြန်ပြီး စစ်ဆင်ရေး လုပ်မယ့် အနေအထား ရှိနေအတွက် မြောက်ပိုင်းမှာ စစ်ရေး ပိုပြီး ပြင်းထန်လာနိုင်တယ် – လို့ နယ်စပ်တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

Credit to The Standard Time – တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာစောင့်ကြည့်လေ့လာသူ ၊ အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ)ဆုရ ဦးမောင်မောင်စိုး

မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နဲ့ မြန်မာ့တပ်မတော် က ၂၀၁၈ ခုနှစ် နှစ်ကုန် ကစပြီးတော့ ပဏာမ အပစ် ရပ်စာချုပ် ( Bilateral) ထိုးဖို့ကို သဘောတူကြတယ်။ အပြန်အလှန် စုစည်းထားတဲ့ အချက်တွေ ပို့ကြတယ်။ စုစည်းတဲ့ အချက်တွေက အရမ်းအလှမ်းဝေးတယ်။ မြောက်ပိုင်း တပ်ဖွဲ့တွေ ပေးတဲ့စုစည်းချက် ကတော့ ရောက်တဲ့ နေရာမှာ ရပ်ပြီး အပစ်ရပ်စဲရေး လုပ်ဖို့ ပဏာမ အပစ်ရပ်စာချုပ် ( Bilateral) ထိုးဖို့ပါ။

တဖက် မြန်မာ့တပ်မတော် က အဆိုပြုတာကတော့ ကိုးကန့် က ကိုးကန့် မှာနေရမယ်။ TNLA က ပလောင် အုပ်ချုပ်ရေး ဒေသ မှာပဲနေရမယ်။ AA ကလိုင်ဇာမှာပဲနေရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ နဲ့ တောင်းဆိုချက် တွေ အကြံပြုတယ်။

အဲ့ အဆိုပြုချက် ၂ ခု က အလှမ်းကွာဝေးတော့ ညှိဖို့ခက်တယ်။ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့ က စတဲ့ အပစ်ခတ်ရပ်စဲရေး က သျှမ်းမြောက်နဲ့ ့ကချင်ပြည်နယ်မှာ ရပ်ပေမယ့် ကချင်ပြည်နယ် မှာ ဖိတိုက်နေတော့ AA မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့အတွက် မဟာမိတ် အချင်းချင်း ကူညီတဲ့ပုံ ရပါတယ်။

အခုအနေအထားမျိုးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က အတွင်းစည်း ထိ ဝင်ရောက်လှုပ်ရှား လာတဲ့ အချိန်မှာ တပ်မတော်ကလည်း ပြန်ပြီး စစ်ဆင်ရေး လုပ်မယ့် အနေအထား ရှိနေအတွက် မြောက်ပိုင်းမှာ စစ်ရေး ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ လောလောဆယ် ပဏာမ အပစ်ရပ်စာချုပ် ( Bilateral ) လက်မှတ်ထိုးဖို့အတွက် ညှိနှိုင်း လာဖို့ခက်ခဲလာမယ်လို့ ထင်ပါတယ်။

မြောက်ပိုင်း အလားအလာကတော့ အတွင်းပိုင်းထိ ဝင်ရောက်တဲ့အတွက်စစ်ဆင်ရေး က ကျယ်ပြန့် လာနိုင်သလို တပ်မတော်ဘက်ကလည်း ပြန်တုန့်ပြန်တာတွေ မလွှဲမသွေ ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိုက်ပွဲ ကျယ်ပြန့်လာ မယ်လို့သုံးသပ်ပါတယ်။ အဓိက တော့ သူတို့သဘောတူထားတဲ့ ပဏာမ အပစ်ရပ်စာချုပ်( Bilateral) နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ ဆိုတဲ့အခါမှာ အပြန်အလှန် စုစည်းချက်တွေကို ညှိနှိုင်းဖို့ လိုအပ်တယ်။

ဒါပေမယ့် ညှိနှိုင်းဖို့အတွက် ကတော့ ဒီလ မှာ သူတို့ တွေ့ဆုံဖို့ဖြစ်မလား မဖြစ်ဘူးလားဆိုတာ ပြောဖို့ခက်သွားပြီ။ သူတို့ညှိနှိုင်းလို့ ရမယ်ဆိုရင် တိုက်ပွဲ က လျော့ချသွားမယ်။ ဒါပေမယ့်ကျနော်အမြင်ကတော့ ညှိနှိုင်းဖို့ က ခက်ခဲ အုံးမယ်။

 

တန်းတူညီမျှတဲ့ အခြေခံ ဥပဒေ ရေးဆွဲနိုင်ရင် မြောက်ပိုင်း ပြသနာရှိမှာမဟုတ်

 

အားလုံးက တန်းတူ ညီမျှရေးကို လိုချင်ကြတယ်။ အားလုံး တန်းတူညီမျှတဲ့ အခြေခံ ဥပဒေကို ရေးဆွဲနိုင်ရင် ဒီလို ကိစ္စ တွေရှိမှာ မဟုတ်တော့ဘူး။ နိုင်ငံရေး ဥပဒေ ကို အားလုံး မှီခိုနိုင်ရင်တော့ ဒီကိစ္စတွေက ဖြစ်လာမှာ မဟုတ်ဘူး – လို့ကျားခေါင်းပါတီရဲ့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) ရဲ့ လွှတ်တော် အမတ် စိုင်းထွန်းဝင်း က ပြောပါတယ်။

Credit to SNLD-ကျားခေါင်းပါတီရဲ့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) ရဲ့ လွှတ်တော် အမတ် စိုင်းထွန်းဝင်း

ကျနော်အနေနဲ့ ခန့်မှန်းချက် အရ သျှမ်းပြည်နယ်မြောက်ပိုင်း မှာ ဆိုရင် အဓိက ကုန်သွယ်ရေး လမ်းကြောင်း ပါ။ အနည်းဆုံး ကျနော်ထင်တယ် အမေရိကန် ဒေါ်လာ ၁၆ သန်းလောက် ဆုံးရှုံးသွားတဲ့ အခြေအနေရောက်နေတယ်။ ကျနော်ပြောချင်တာကတော့ ငြိမ်းချမ်းရေး နိုင်ငံရေး ဆွေးနွေးပွဲမှာ အားလုံးပါဝင်ချင်တယ်။ အားလုံး မပါဝင်ရင် နိုင်ငံရေး တည်ငြိမ်မှာ မဟုတ်ဘူး။ နိုင်ငံရေး မတည်ငြိမ်ရင် တရားဥပဒေ စိုးမိုးရေး ကလည်း မရှိဘူး။

အဓိကတော့ နိုင်ငံရေး ပေါ် မူတည်ပါတယ်။ နိုင်ငံရေး အခြေအနေ ကောင်းမှ တရားဥပဒေ စိုးမိုးမှု ရှိမယ်။ တိုက်ပွဲတွေ ဖြစ်ရင်တော့ ထိခိုက်မှုကတော့ ရှိပါတယ်။ နောက်ဆုံးကတော့ ပြည်သူတွေပဲ ထိခိုက်တာပါ။ နိုင်ငံရေး ဆွေးနွေးမှု မရှိရင် တရားဥပဒေ စိုးမိုးမှု မရှိဘူး။ တရားဥပဒေ စိုးမိုးမှုမရှိရင် ပြည်သူတွေကတော့ အလိုလို စိုးရိမ်နေကြမှာပါပဲ။ ဒါကတော့ ဘယ်ဒေသ ပြည်သူလူထု မဆို စိုးရိမ်နေကြပါတယ်။

ကျနော်ပြောချင်တာကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်စေချင်တယ်။ နို်င်ငံရေး ဆွေးနွေးပွဲ မရှိရင် ဒီလို တိုက်ပွဲတွေဖြစ်နေမှာပဲ။ တည်ငြိမ်မှု မရှိရင် ဘာကြောင့် တည်ငြိမ်မှု မရှိတာလဲဆိုတာ စဉ်းစားရမယ်။

နောက် တချက် ၂၀၀၈ အခြေခံ ဥပဒေ ပါပဲ။ နောက်လက်နက်ကိုင် တွေ အားလုံးကို ကြည့်မယ်ဆိုရင် ဘာကို လိုချင်လဲ။ အဓိက တော့ အားလုံးက တန်းတူ ညီမျှရေးကို လိုချင်ကြတယ်။ အားလုံး တန်းတူညီမျှတဲ့ အခြေခံ ဥပဒေကို ရေးဆွဲနိုင်ရင် ဒီလို ကိစ္စ တွေရှိမှာ မဟုတ်တော့ဘူး။ နိုင်ငံရေး ဥပဒေ ကို အားလုံး မှီခိုနိုင်ရင် တော့ ဒီကိစ္စတွေက ဖြစ်လာမှာ မဟုတ်ဘူး။

အဖွဲ့အစည်း တခု ထွက်ပေါ်လာတယ်ဆိုကတည်းက နားကျဉ်းမှုတွေ ရှိလို့ ထွက်ပေါ်လာတယ်လို့ ကျနော်မြင်တယ်။ ဘယ်လက်နက်ကိုင် မဆိုပါ။ အဓိကတော့ နိုင်ငံရေး ဆွေးနွေးပွဲ သူတို့က ပါဝင်နိုင်မှု မရှိဘူး။ သူတို့အခြေအနေကို အသိအမှတ် မပြုရင် ဘယ်တိုင်းရင်းသားမဆို ဘယ်လက်နက်ကိုင်မဆို သူ့ခံယူချက်နဲ့သူ ရှိ နေမှာပဲ။ ဘယ်အဖွဲ့အစည်းကို မပြောလိုပါဘူး။ ဒါက နိုင်ငံရေး ဆွေးနွေးပွဲပေါ်မူတည်တယ်လို့ကျနော်မြင်ပါတယ်။

 

တိုင်းရင်းသား တွေအပေါ် ဘက်မျှစွာမရှိတဲ့အတွက် အခုလိုပြသနာတွေဆက်တိုက်ဖြစ်လာ

တပ်မတော်နဲ့ အစိုးရတို့ရဲ့ Political will ဆိုတဲ့နိုင်ငံရေးဆန္ဒဟာ နိုင်ငံရေးဆွေးနွေးမယ့် တိုင်းရင်းသား တွေအပေါ် ဘက်မျှစွာမရှိတဲ့အတွက် အခုလိုပြသနာတွေဆက်တိုက်ဖြစ်လာရတာဖြစ်တယ် – လို့ သျှမ်းစာရေးဆရာ ၊ ကဗျာဆရာ စာပေပညာရှင်၊ ဆဲန်ပိုင်းဂျာနယ်အယ်ဒီတာချုပ်၊ သျှမ်းပြည့်နိုင်ငံရေးကျွမ်းကျင်သူ ဆရာဟိဏ်းကာယန်း က ပြောပါတယ်။

Photo by hurn kayang – သျှမ်းစာရေးဆရာ ၊ ကဗျာဆရာ စာပေပညာရှင်၊ ဆဲန်ပိုင်းဂျာနယ်အယ်ဒီတာချုပ်၊ သျှမ်းပြည့်နိုင်ငံရေးကျွမ်းကျင်သူ ဆရာဟိဏ်းကာယန်း

သြဂုတ်လ ၁၅ ရက်နေ့တုန်းက မေမြို့ ခေါ် ပြင်ဦးလွင်မြို့မှာရှိတဲ့ တပ်မတော် နည်းပညာတက္ကသိုလ် DSTA ၊ ကျောင်း အပါ အဝင် နေရာ ၅ ခု ကို မဟာမိတ်တပ်ဖွဲ့တွေပစ်ခတ်တာကိုခံခဲ့ရပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ အဆိုးရွားဆုံး ကတော့ နောင်ချိုကနေ ပြင်ဦးလွင်အဆင်း နယ်စပ်မှာရှိတဲ့ ဂုတ်တွင်းက ဂုတ်ထိပ်တံတားပျက်စီးသွားတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒေသခံလူထုရဲ့ နေထိုင်စားသောက်မှု ကူးသန်းရောင်းဝယ်မှုတွေကို ထိခိုက်စေမှာမလွဲပါဘူး။

ကူးသန်းရောင်းဝယ်ရေးပြတ်တောက်သွားရင် ကုန်စျေးနှုန်းတွေကလည်း တက်လာမယ်။ နောက်ဆုံးတော့ သျှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း၊ အောက်ပြည်အောက်ရွာကိုဆက်သွယ်တဲ့အဲဒီလမ်းမှာ စီးပွားရှာ လုပ်ကိုင်စားသောက်နေတဲ့မိဘ ပြည်သူတွေကိုဦးစွာထိခိုက်စေမှာမလွဲပါဘူး။

တဖက်ကလည်း ဒီပြည်ထောင်စုလမ်းမကြီးဟာ တရုတ်နိုင်ငံနဲ့လည်းတိုက်ရိုက်ဆက်သွယ်တဲ့ လမ်းဖြစ်ပါတယ်။ တကယ်လို့ ဂုတ်တွင်းတံတားကြီးဟာ တပတ် ၅ ရက်အတွင်း ပြန်သုံးလို့မရဘူးဆိုရင် ဒီပြသနာဟာ ပြသနာ သေးသေးကနေ တနိုင်ငံလုံးကိုအတိဆင်းရဲဒုက္ခရောက်သွားစေတဲ့အထိ ပြသနာ အကြီးကြီးဖြစ်လာမှာမလွဲပါဘူး။

ကျနော်တို့ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ပြသနာတခုဟာ မတော်တဆ တိုက်ဆိုင်လို့ဖြစ်လာတာမဟုတ်ဘူး။
ဒီပြသနာဟာ အပစ်ရပ်စဲရေးဆွေးနွေးမှုကတည်းက စပြီးဖြစ်လာတာဖြစ်တယ်။ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေ ပါလို့အစိုးရကနေ တရားဝင်သတ်မှတ်ထားတာက ၂၁ ဖွဲ့ရှိပါတယ်။ အဲဒီထဲမှာမှ NCA ကို လက်မှတ် ထိုးဖို့ဆွေးနွေးလာတော့ စုပေါင်းလက်မှတ်ထိုးဖို့စီစဉ်လာကြတဲ့အထဲမှာ ဟိုအဖွဲ့မပါရ ဒီအဖွဲ့မပါရဆိုပြီးကန့် သတ်ချက်တွေရှိလာပြန်တယ်။ အဲတာကြောင့်ခုချိန်အထိ နိုင်ငံရေး မဆွေးနွေး နိုင်သေးဘဲ ရပ်တန့်နေခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ဒါတွေက ဘယ်ကနေဖြစ်ပေါ်လာတာလဲဆိုရင် တပ်မတော်နဲ့ အစိုးရတို့ရဲ့ Political will ဆိုတဲ့နိုင်ငံရေးဆန္ဒဟာ နိုင်ငံရေးဆွေးနွေးမယ့် တိုင်းရင်းသား တွေအပေါ် ဘက်မျှစွာမရှိတဲ့အတွက် အခုလိုပြသနာတွေဆက်တိုက်ဖြစ်လာရတာဖြစ်တယ်။

 

သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲဟာ လူထုအတွက်အကျိုးမရှိဘူး

သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတို့တွေဟာ လူထုအတွက်လည်းအကျိုးမရှိဘူး – ဟု သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် TYO ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဟန် ကပြောပါတယ်။

Credit to သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် TYO ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဟန်

အခုလိုတိုက်ပွဲတွေဖြစ်တယ်။ ရပ်ရွာလူထုနေအိမ်တွေနဲ့နီးကပ်စွာဖြစ်နေတယ်။ ဒါ့အပြင် လူမှုကူညီရေး အသင်းအဖွဲ့ ကားတွေကိုပါမချန် ပစ်ခတ်တဲ့အထိဖြစ်လာတယ်။ လူမှုကူညီရေးအသင်းဥက္ကဌ အသက်ပါပေး ရတယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်သင့်ပါဘူး။ လူထုအတွက်များစွာ စိတ်မကောင်းဖြစ်ရတယ်။

ကျနော်တို့ ဒီဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကိုပြန်ကြည့် မယ်ဆိုရင် ပစ်သာပစ်ခတ်ရတာ ဘယ်သူမှအကျိုး ရလာဒ်မရှိခဲ့ဘူး။ ကျနော်တို့ပြန်လေ့လာကြည့်လိုက်ပါ။

အကြီးအကျယ်ဖြစ်ပွါးခဲ့တဲ့ ၁၀၅ မိုင်တိုက်ပွဲတို့ နောင်ချိုတိုက်ပွဲတို့ အခု ဆက်တိုက်ဖြစ်နေတဲ့ သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတို့တွေဟာ လက်နက် ကိုင်တွေအတွက်လည်း အကျိုးမရှိဘူး။ လူထုအတွက်လည်းအကျိုးမရှိဘူး။ ဒါကြောင့် တိုက်ပွဲကြောင့်လူထုကို ထိခိုက်နစ်နာစေတာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။

ငြိမ်းချမ်းရေးကို တဘက်သတ်အနိုင်ယူလိုတဲ့ စိတ်ထားနဲ့ လုပ်လို့မရ

မင်းငါ့မျက်လုံးကိုဖေါက်ရင် ငါလည်းမင်းလျက်လုံးကိုဖေါက်မယ် ….. တဘက်သတ်အနိုင်လိုတဲ့ စိတ်ထားနဲ့ ငြိမ်းချမ်းရေးလုပ်လို့ရမှာမဟုတ်ဘူး – လို့ ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း က ပြောပါတယ်။

Photo SHAN – ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း

မင်းငါ့မျက်လုံးကိုဖောက်ထုတ်မယ်ဆိုရင် ငါလည်းမင်းမျက်လုံးကိုဖောက်ထုတ်မယ်။ မင်းငါ့ကိုပါး တဖက်ရိုက်မယ်ဆိုရင် မင်းပါးကိုလည်း ငါပြန်ရိုက်မယ် – ဆိုတဲ့စကားပုံမျိုး ဆက်လုပ်နေမယ်ဆိုရင်တော့ ၂ ယောက်စလုံးက ရုပ်ဆိုးကြီးဖြစ်နေမှာပေါ့။ ချောသူတဲ့သူဘယ်ရှိတော့မလဲ မဟုတ်ဘူးလား ။

ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင်လည်း ဒီလိုနည်းလမ်းနဲ့လုပ်လို့မရဘူး။ ငြိမ်းချမ်းရေးကို ၂ ဖက်လုံးက သီးခံခြင်း ဆွေးနွေးခြင်းဖြင့်ဖြေရှင်းပြီးလုပ်ဆောင်ရမယ်။ တဖက်သတ်အနိုင်ယူလိုတဲ့စိတ်နဲ့လုပ်သွားလို့ မရဘူးဆိုတာဘဲပြော ချင်ပါတယ်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...