နမ့်ဖတ်ကာတိုက်ပွဲတွင်  မြန်မာ့တပ်သား ၆ ဦး ကျဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ဖတ်ကာရွာအဝင်တွင်ဖြစ်ပွားခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် မြန်မာ့တပ်မတော်တိုက်ပွဲတွင် မြန်မာ့တပ်သား ၆ ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။

Photo Credit to မေတ္တာရှင်လူမှုကူညီရေးအသင်း နမ့်ဖတ်ကာ – သြဂုတ်လ ၁၇ ရက် ၂၀၁၉ တိုက်ပွဲတွင်ကျဆုံးသွားသော အစိုးရတပ်မတော်သား၆ ဦးအလောင်းအား မေတ္တာရှင်လူမှုကူညီရေးအသင်း နမ့်ဖတ်ကာမှ ကူညီမီးသဂြိုဟ်ပေးနေစဉ်

သြဂုတ် ၁၇ ရက်နေ့ ကဖြစ်ပွါးသော တိုက်ပွဲကြောင့်ကျဆုံးသွားသည့် မြန်မာ့တပ်မတော် စစ်သား (၆) ဦးကို မေတ္တာရှင် လူမှုကူညီရေး အသင်း (နမ့်ဖတ်ကာ) မှ သြဂုတ် ၁၇ ရက်နေ့က နမ့်ဖတ်ကာကျေးရွာ အဝင် တောင်ကုန်းတွင် သွားရောက်သယ်ဆောင်ခဲ့ပြီး နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည် ဟု မေတ္တာရှင် လူမှုကူညီရေး အသင်း မှ အဖွဲ့ဝင် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အဲ့နေ့က တပ်ဘက်က ကျနော်တို့ကို အကူအညီတောင်းလာလို့ ကျနော်တို့ အဖွဲ့ သွားခေါ်တာပါ။ စစ်သား ၆ဦး အလောင်းပါ။ အဲ့နေ့က ကျနော်တို့ လူမှုကူညီရေး ကားတောင် ပစ်ခံရသေးတယ်” ဟု ၎င်း အဖွဲ့ဝင် အမျိုးသား က ဆိုသည်။

Photo Credit to မေတ္တာရှင်လူမှုကူညီရေးအသင်း နမ့်ဖတ်ကာ – သြဂုတ်လ ၁၇ ရက် ၂၀၁၉ တိုက်ပွဲအတွင်းထိခိုက်လူနာများအားကူညီမှုပေးရန်သွားသည့် မေတ္တာရှင် လူမှုကူညီရေးအသင်း ကား ပစ်ခတ်ခံရ

အဆိုပါ မြန်မာ့တပ်မတော် စစ်သား(၆) လောင်း ကို သြဂုတ် ၁၉ ရက်နေ့နေ့လည် ၁၂ နာရီတွင် မီးသဂြိုလ်ခဲ့ကြောင်းသိရသည်။

မေတ္တာရှင် လူမှု ကူညီရေး အသင်းသည် သြဂုတ် ၁၇ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် စစ်သား ၆လောင်း ကို သွားရောက် သယ်ယူစဉ် လူမှုကူညီရေး ကား ပစ်ခံရကာ ယာဉ်မောင်း တဦး နှင့် ယာဉ်နောက်လိုက် ကျည်စ အနည်းငယ် ထိမှန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...