မန်ပန် ပြည်သူ့စစ် လားရှိုးမြို့နယ် အတွင်း လယ်ယာမြေ သိမ်းဆည်း
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း မန်ပန်ဌာနေ ပြည်သူ့စစ်သည် ပြည်သူပိုင်လယ်ယာမြေ များထပ်မံ သိမ်းဆည်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းပေါင်းကျေးရွာရှိလူထု၏ လယ်ယာမြေ ၃၇၀ ဧက ကို ဒီဇင်ဘာ လကုန်တွင်သိမ်းဆည်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုန်ပေါင်းကျေးရွာ ပြည်သူများ က ပြောသည်။ မန်ပန်ဌာနေပြည်သူ့စစ်သည်...
မြေမြုပ်မိုင်းနင်းမိ ရွာသားတဦးထပ်သေ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ တွင် မြေမြုပ်မိုင်း နင်းမိကာ အမျိုးသား ၁ ဦး သေဆုံး၊ တဦး ဒဏ်ရာ ပြင်းထန်ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ မိုင်းငေါ့မြို့နယ် မန်ကန်ကျေးရွာ အနီး တွင် ညနေ ၅နာရီ က ထင်းဖြူ သွားခုတ်သည့် အမျိုးသား...
သီပေါမြို့နယ် လူငယ်တဦး သေနတ်ပစ်ခံရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာ တွင် အသက် ၁၈နှစ် အရွယ် လူငယ် သေနတ်ပစ်ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက်နေ့မှ စတင်ပြီး ပျောက်ဆုံးနေသည့် စိုင်းအောင်လူ ကို ကျည်ဆံဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို...
သိန်နီမြို့တွင် အမျိုးသားတဦး ဓားခုတ်ခံရ
သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၃) ရက်...
မိုင်းရယ် ဈေးမီးလောင် မှု ဖြစ်ပွား
သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့မဈေးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂) မနက် ၉ နာရီခွဲ ဝန်းကျင်တွင် မိုင်းရယ် မြို့မဈေး မီးလောင်မှုဖြစ်ပွားခဲ့ကာ၊ ဒဏ်ရာရရှိခြင်းမရှိကြောင်း မိုင်းရယ်မြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ အထည်ရောင်းတဲ့ဆိုင်က...
ဝူဟန်ရောဂါကြောင့် နမ့်ခမ်းမြို့ သျှမ်းပြည်အမျိုးသားနေ့ပွဲ မကျင်းပ
လက်ရှိကူးစက်ပြန့်ပွားနေသော ဝူဟန်မှ ကိုရိုနာဗိုင်းရပ်စ်အား တတ်နိုင်သည့်ဘက်မှ ကာကွယ် တားဆီး ရန်အတွက်ရည်ရွယ်ပြီး လာမည့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပရန်စီစဉ် ထား သည့် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်အား ဖျက်သိမ်းလိုက်ကြောင်း နမ့်ခမ်းမြို့ ပွဲဖြစ်မြောက်ရေး ကော်မတီ ကအရေးပေါ် အစည်းအဝေးခေါ်ယူကာ ကြေငြာလိုက်သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နံနက်ပိုင်းက...
တရုတ်နယ်စပ် မူဆယ်တွင် သျှမ်းအမျိုးသားနေ့ မကျင်းပ
ယခုနှစ် ၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ကျရောက်မည့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ ကို တရုတ်- မြန်မာ နယ်စပ် မူဆယ်မြို့တွင် ကျင်းပပြုလုပ်မည် မဟုတ်တော့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ က ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံတွင် အရေးပေါ် အခြေအနေဖြစ်ပေါ်နေသည့် Novel...
ရှမ်းအရှေ့ရှိ ထိုင်းနယ်စပ်ဂိတ်များဖြတ်သန်းခွင့် ပိတ်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်နှင့် မိုင်းတုံ မြို့နယ် အတွင်းရှိ မြန်မာ- ထိုင်း နယ်စပ် ဂိတ်များ ကို ယမန်နေ့ မှ စတင် ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ လက်ရှိ တရုတ်နိုင်ငံတွင်စတင်ဖြစ်ပွားနေသည့် Nobel Corona Virus ( နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်)...
ဒီမိုကရေစီခေတ်တွင် အဓမ္မလုပ်အားပေးခိုင်းစေမှုများမှ အမြန်ဆုံးလွှတ်မြောက်လို
SHAN -
သို့- နိုင်ငံတော်အစိုးရ သမ္မတ မင်း နှင့်စစ်ဉီးစီးချုပ်ကြီး အပါအ၀င် လွှတ်တော်အမတ်များ နှင့် သက်ဆိုင်ရာအာဏာပိုင်များသိစေရန်အတွက် သျှမ်းသံတော်ဆင့်မှ တဆင့်တင်ပြပေးရန် ကျနော်သည် လားရှိးမြို့နယ်အရှေ့ဘက်မိုင် ၆၀ အကွာ မိုင်းကျက်အုပ်စုမှာနေထိုင်တဲ့ တောသူတောင်သားလယ်ယာ သမားတဦးသာဖြစ်ပါသည်။ ကျနော်တို့ရွာသည်မြို့နှင့်ဝေးပြီးသွားလာဆက်သွယ်မှုအတော်အတန်ခက်ခဲ ပါသည်။ ထိုသို့ခက်ခဲသောနေရာတွင်နေသူများအဖို့ စီးပွါးရေးကောင်းဖို့ မပြောနှင့် အလွယ်ဆုံး တယ်လီဖုန်း ဆက်သွယ်ရေးပင် လိုင်းမိတချက် မမိတချက်ပါ။ အင်တာနက်ဆိုတာတော့ ဝေးဝေးထား...
တပ်မတော်ထံ လက်နက်ချသည့် အဖွဲ့ မိမိတို့မဟုတ်ကြောင်း KIA ငြင်းဆို
သျှမ်းပြည် မြောက်ပိုင်း မုံးကိုးမြို့တွင် မြန်မာ့တပ်မတော်ထံ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ လက်နက်ချသည်ဟူသည့်သတင်းမှာ မိမိတို့ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွ့ဲဝင်များ မဟုတ်ကြောင်း KIA ပြန်ကြားရေးကပြောဆိုလိုက်သည်။ ဇန်နဝါရီ ၃၀ ရက် တွင် သျှမ်းပြည် (မြောက်ပိုင်း) မုံးကိုးမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စခန်းသို့...






