Wednesday, January 28, 2026

မိုင်းရယ် ဈေးမီးလောင် မှု ဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့မဈေးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo by ဒေသခံတဦး၊ မိုင်းရယ် မြို့မဈေးမီးလောင်သည့် ပုံ

ယမန်နေ့ (ဖေဖော်ဝါရီ ၂) မနက် ၉ နာရီခွဲ ဝန်းကျင်တွင် မိုင်းရယ် မြို့မဈေး မီးလောင်မှုဖြစ်ပွားခဲ့ကာ၊ ဒဏ်ရာရရှိခြင်းမရှိကြောင်း မိုင်းရယ်မြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အထည်ရောင်းတဲ့ဆိုင်က ရေနွေးအိုးတည်ထားပြီး  အိမ်ပြန်သွားတာ ။  ရေခမ်းပြီး မီးလောင်တော့တာပဲ။ ဆိုင်ခန်း ၁၈ ခန်း ပါသွားတယ်” ဟု စိုင်းသီဟကျော် က ဆိုသည်။

မီးလောင်သွားသည့် ဆိုင်ခန်း ၁၈ ခန်း ထဲမှ ဆိုင်ခန်း ၃ခန်းသည် ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း စိုင်းသီဟကျော် က ပြောသည်။

Photo by ဒေသခံတဦး၊ မိုင်းရယ် မြို့မဈေးမီးလောင်သည့် ပုံ

“ မီးလောင် ဆုံးရှုံးမှု အားလုံးက ကျပ်သိန်း ၁၀၀ ကျော်လို့တော့ ပြောလာတယ်။ အစိုးရဘက်က တော့ ဆုံးရှုံးမှု သိပ်မရှိဘူးလို့ ပြောတယ်” ဟု စိုင်းသီဟကျော် က ပြောသည်။

မီးလောင်စဉ်တွင် ဈေးသူ၊ဈေးသားများ က မီးကူငြိမ်းသတ်ကြသဖြင့် မီးငြိမ်းသွားကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၆  တွင် လည်း သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ မ ဈေး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ် ဟိုယမှာ ဒေသခံစိစစ်ရေးကတ်လုပ်ရန် MNDAA စာရင်းကောက်၊ မလုပ်ပါလျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟုပြော

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...