Tuesday, January 27, 2026

မြေမြုပ်မိုင်းနင်းမိ ရွာသားတဦးထပ်သေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ တွင် မြေမြုပ်မိုင်း နင်းမိကာ အမျိုးသား ၁ ဦး သေဆုံး၊ တဦး ဒဏ်ရာ ပြင်းထန်ကြောင်းသတင်းရရှိသည်။

Photo by အိုမ်တမောဝ် လူမှုကူညီရေး အသင်း၊ မြေမြုပ်မိုင်းနင်းမိသူတဦး ပုံ

ဖြစ်စဉ်မှာ မိုင်းငေါ့မြို့နယ် မန်ကန်ကျေးရွာ အနီး တွင် ညနေ ၅နာရီ က ထင်းဖြူ သွားခုတ်သည့် အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိရာ တဦး သေဆုံးပြီး၊ တဦး ဒဏ်ရာ အပြင်းအထန်ရရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း အိုမ်တမောဝ် လူမှုကူညီရေး အသင်းမှ အဘမ်း က ပြောသည်။

“ဒီလပြည့်နေ့ဆိုရင် ကျနော်တို့ ထင်းဖြူ လှူကြမယ်။ ဒါကြောင့် ရွာသား ၂ဦးက မန်ကန်ကျေးရွာ အနီးမှာ ထင်းဖြူသွားခုတ်တာ။ ညနေ ၅နာရီမှာ မိုင်းနင်းမိတော့တာပဲ” ဟု အဘမ်း က ဆိုသည်။

မိုင်းနင်းမိသဖြင့် သေဆုံးသွားသူမှာ တော့ဖယ်ကျေးရွာ မှ အသက် ၂၈နှစ် အရွယ် အဆမ် ဖြစ်ပြီး။ မိုင်းစထိမှန် ဒဏ်ရာအပြင်းအထန် ရရှိသူမှာ အာပြောင်ကျေးရွာ မှ အသက် ၂၀နှစ် အရွယ် မိုင်းမောင်နိုင်ဖြစ်ကြောင်း၊ လက်ရှိတွင်ကျောက်မဲဆေးရုံ တွင် ဆေးကုသခံယူနေကြောင်း သိရသည်။

“ သေဆုံးသူက မိုင်းနင်းမိပြီး ပွဲချင်းပြီး သေတာမဟုတ်ဘူး။ ခြေထောက် ၂ချောင်းလုံး ပြုတ်ထွက်သွားတယ်။ သူခြေထောက်သူပြန်ကောက်ပြီး တပ်နေသေးတယ်လို့ပြောတယ်။ သွေးထွက်လွန်ပြီးသေဆုံးသွားတာ” ဟု အဘမ်း က ပြောသည်။

ထို့ပြင် ဒဏ်ရာပြင်းထန်သည့် မိုင်းမောင်နိုင်သည် ဘယ်ဘက် ခြေတလုံး နှင့် ဆီးအိမ်ကို ထိထားသဖြင့် အနည်းငယ် စိုးရိမ်ရကြောင်းလည်း အဘမ်း က ပြောသည်။

“လော လောဆယ်တော့ ဒဏ်ရာရတဲ့သူတဲ့သူကို ကျောက်မဲဆေးရုံမှာပဲ ဆေးကုပေးနေတယ်။ အသက်အန္တရာယ် မစိုးရိမ်ရလို့နေမယ်။ စိုးရိမ်ရရင် လားရှိုး၊ ဒါမှ မဟုတ် မန္တလေး ဆေးရုံကိုလွှဲပေးတယ်” ဟု အဘမ်း က ပြောသည်။

မိုင်းနင်းမိပြီး သေဆုံးသွားသည့် အဆမ် တွင် မီးနေသည် အမျိုးသမီး နှင့် ရက်သားကလေးငယ် ကျန်ရစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲတွင် နေ့စဉ် ဆက်တိုက် မြေမြုပ်မိုင်းနင်းမိနေကြောင်း၊ ယခုနှစ် ဆန်းပိုင်းအတွင်း မြေမြုပ်မိုင်း နင်းမိကာ သေဆုံးသူ ၂ ဦး နှင့် ဒဏ်ရာရသူ ၁၀ ဦး ရှိလာပြီဖြစ်ကြောင်း လည်း ကျောက်မဲ လူမှု ကူညီရေးအသင်းများ ၏ ပြောပြချက် အရသိရသည်။

“ ဒီမှာက မိုင်းနင်းမိတာ နေ့တိုင်းနီးပါးဖြစ်နေပြီ။ နေ့တိုင်းလိုလို ကြားရတယ်။ မိုင်းအန္တရာယ်ကတော့ ကျနော်တို့ ကျောက်မဲကို ခြိမ်းခြောက်နေတယ်” ဟု ကျောက်မဲမြို့နေ စိုင်းသန်းမောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မြေမြုပ်မိုင်း ထောင်သည့် လက်နက်ကိုင် အဖွဲ့အားလုံးသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသရွေ့ ပြည်သူ အသက် ဆက်ပြီး ပေးဆပ်နေရဦးမည် ဟုလည်း စိုင်းသန်းမောင် ကဖြည့်စွက်ပြောသည်။

“ ကျနော်တို့ ကျောက်မဲမြို့ နယ် မိုင်းငေါ့မြို့နယ်ခွဲမှာ မြေမြုပ်မိုင်း အများဆုံးလို့ ပြောလို့ရတယ်။ စစ်ရေးပဋိပက္ခ ငြိမ်းအေးသွားရင်တောင် ဆက်ရှိအုံးမယ်။ မြေမြုပ်ပြီး ပြန်မသိမ်းကြဘူး။ မြေမြုပ် မိုင်းဆိုတဲ့ အမျိုးက မထိမချင်း ဆက်ရှိနေမှာပဲအနှစ် ၂၀၊ အနှစ် ၃၀လည်း ဆက်ရှိနေမှာပဲ” ဟု အဘမ်း က ထပ်လောင်းပြောသည်။

ဆက်လက်ပြီး ကျောက်မဲမြို့နယ် အတွင်း မြေမြုပ်မိုင်း နင်းမိကာ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့သည် ၂၀၁၈ ခုနစ် မှ စတင်ကာ ပိုများလာကြောင်း၊ မြေမြုပ်မိုင်း သုံးစွဲသည့် လက်နက်ကိုင်များကိုလည်း အမြန်ဆုံးရပ်ဆိုင်းရန် မေတ္တာရပ်ခံလိုကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျောက်မဲမြို့နယ် မှာနေတဲ့သူ၊ လက်နက်ကိုင်တွေလှုပ်ရှားတဲ့နေရာနဲ့ နီးတဲ့ သူတွေကတော့ မိုင်း အန္တရာယ်ကို အချိန်တိုင်း စိုးရိမ်နေရတယ်” ဟု စိုင်းထွန်းဝင်း က ဆိုသည်။

လက်ရှိတွင် မြေမြုပ်မိုင်း နှင့် ပတ်သက်ပြီး ပြည်တွင်း အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း များက ပညာပေးမှု ပြုလုပ်နေသော်လည်း လက်နက်ကိုင်များ ဆက်လက်သုံးစွဲခြင်း၊ မိမိထောင်ထားသည့် မိုင်းကို လာရောက်မရှင်းပါက တစုံတရာ ထူးခြားလာမည် မဟုတ်ကြောင်းလည်း ကျောက်မဲ ပြည်သူများက ပြောဆိုလိုက်သည်။

ကျောက်မဲမြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် မြန်မာ့တပ်မတော်တို့လှုပ်ရှားသည့် နေရာဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...