Wednesday, January 28, 2026

သိန်နီမြို့တွင် အမျိုးသားတဦး ဓားခုတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

Photo by အနှိုင်းမဲ့ ကုသိုလ် လူမှုကူညီရေးအသင်း

သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၃) ရက် မနက် ၄နာရီကျော်တွင် အမျိုးသား ၂ဦး ရန်ဖြစ်ရာမှ အသက် ၄၀ကျော် စိုင်းကျော်အေး ဓားခုတ်ခံရကြောင်း သိန်နီ အနှိုင်းမဲ့ လူမှုကူညီရေး အသင်း မှ စိုင်းဖ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒဏ်ရာကတော့ ပြင်းတယ်။ အသက် အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ခြေ၂ဘက်၊ လက် ၂ဘက် စလုံးထိတယ်။ ဘယ်ဘက် ခြေ ဒဏ်ရာပြင်းတယ်။ ကျနော်တို့ အစ က သိန်နီ ဆေးရုံကို ပို့တယ်၊ နောက် လားရှိုးကိုလွှဲပေးလိုက်ရတယ်” ဟု စိုင်းဖ က ဆိုသည်။

အဆိုပါ ဒဏ်ရာရသည် စိုင်းကျော်အေးကို ဓားဖြင့် ခုတ်သည့် အမျိုးသားသည် သိန်နီမြို့တွင် နေထိုင်သည့် စိတ်မနှံ့သည့် အမျိုးသားကို တုတ်ဖြင့် စတင်ရိုက်ရာမှ ဓားဖြင့် ခုတ်ခံရခြင်းဖြစ်သည် ဟု စိုင်းဖ က ပြောသည်။

“ စိတ်မနှံ့သူ ကို သူ( စိုင်းကျော်အေး) က ဘာသွားစပြောလဲမသိဘူး။ အိမ်နီးချင်းတွေကတော့ သူ( စိုင်းကျော်အေး) က အရူးကို တုတ်နဲ့သွားရိုက်လို့ပြောတာပဲ။ ဆေးကြောင်ပြီး ရူးတာတော့မဟုတ်ဘူး” ဟု စိုင်းဖ က ပြောပြသည်။

လက်ရှိ မှာ စိုင်းကျော်အေး သည် လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ (၇) ဦး သေဒဏ်ချမှတ်

0
သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin...

သိန္နီမြို့တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံသစ် တည်ဆောက်နေပြီး MNDAA တပ်မဆုတ်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာမည်မဟုတ်ဘဲ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့် ဈေးဝယ်စင်တာ တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီမြို့မဈေးနေရာ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့်...

သိန္နီတွင် MNDAA တပ်သားနှင့် အကြည့်ချင်းဆုံရာမှ လူငယ် ၄ ဦး ဖမ်းဆီးရိုက်နှက်ခံရ

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ် MNDAA ၏ တပ်သားများ အရက်သောက်နေစဉ် လူငယ်များနှင့် စကားများရန်ဖြစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

သိန္နီမြို့ MNDAA မှ တပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးများပါ စာရင်းကောက်နေ

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA မှ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါခေါ်ယူရန် စာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။ သိန္နီမြို့နယ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယမန်နေ့ (ဇွန်လ ၁၅ )ရက်တွင် MNDAA မှ ဒေသခံများကိုအစည်းအဝေးခေါ်ယူပြီး မြို့တွင်းလုံခြုံရေးအတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းစုဆောင်းပေးရန်...