သိန်နီမြို့တွင် အမျိုးသားတဦး ဓားခုတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

Photo by အနှိုင်းမဲ့ ကုသိုလ် လူမှုကူညီရေးအသင်း

သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၃) ရက် မနက် ၄နာရီကျော်တွင် အမျိုးသား ၂ဦး ရန်ဖြစ်ရာမှ အသက် ၄၀ကျော် စိုင်းကျော်အေး ဓားခုတ်ခံရကြောင်း သိန်နီ အနှိုင်းမဲ့ လူမှုကူညီရေး အသင်း မှ စိုင်းဖ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒဏ်ရာကတော့ ပြင်းတယ်။ အသက် အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ခြေ၂ဘက်၊ လက် ၂ဘက် စလုံးထိတယ်။ ဘယ်ဘက် ခြေ ဒဏ်ရာပြင်းတယ်။ ကျနော်တို့ အစ က သိန်နီ ဆေးရုံကို ပို့တယ်၊ နောက် လားရှိုးကိုလွှဲပေးလိုက်ရတယ်” ဟု စိုင်းဖ က ဆိုသည်။

အဆိုပါ ဒဏ်ရာရသည် စိုင်းကျော်အေးကို ဓားဖြင့် ခုတ်သည့် အမျိုးသားသည် သိန်နီမြို့တွင် နေထိုင်သည့် စိတ်မနှံ့သည့် အမျိုးသားကို တုတ်ဖြင့် စတင်ရိုက်ရာမှ ဓားဖြင့် ခုတ်ခံရခြင်းဖြစ်သည် ဟု စိုင်းဖ က ပြောသည်။

“ စိတ်မနှံ့သူ ကို သူ( စိုင်းကျော်အေး) က ဘာသွားစပြောလဲမသိဘူး။ အိမ်နီးချင်းတွေကတော့ သူ( စိုင်းကျော်အေး) က အရူးကို တုတ်နဲ့သွားရိုက်လို့ပြောတာပဲ။ ဆေးကြောင်ပြီး ရူးတာတော့မဟုတ်ဘူး” ဟု စိုင်းဖ က ပြောပြသည်။

လက်ရှိ မှာ စိုင်းကျော်အေး သည် လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

“သေနတ်အရိပ်အောက်က အမျိုးသမီးရဲ့ တိတ်တဆိတ် ငိုရှိုက်သံ”

0
“သူတို့က နစ်နာကြေးဆိုပြီး ပိုက်ဆံသိန်း (၂၀) ကျပ် ပေးပြီး ကြေအေးခိုင်းတယ်။ သတင်းလည်း အပြင်မထွက်ခိုင်းဘူး။ ပြစ်ကျူးလွန်တဲ့သူက စစ်သားဆိုတော့ သူတို့ရဲ့ သေနတ်ကို ကျမတို့က ကြောက်နေရတယ်လေ” သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့ ရင်နင့်စရာ ဖြစ်ရပ်တစ်ခုက နစ်နာသူရဲ့ အစ်မဖြစ်သူ (နန်းခမ်း) အမည်လွှဲက...