တာချီလိတ်တွင် တရားဝင်ဖွင့်လှစ်ထားသည့် လောင်းကစားရုံ မရှိကြောင်း ရဲမှူးပြော
ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်ရှေ့ တာချီလိတ်တွင် ဖွင့်လှစ်ထားသည့် လောင်းကစား (ကာစီနို) များသည် တရားဝင် ဖွင့်လှစ်ထားသည့် ရုံ မရှိကြောင်း သတင်းရရှိသည်။ ကာစီနိုသည် လောင်းကစား ဥပဒေ ထဲတွင် ပါရှိပြီး၊ ကာစီနို ဖွင့်ချင်ပါက တရားဝင် စည်းမျဉ်း၊စည်းကမ်း နှင့် အညီ လျှောက်ထားနိုင်ကြောင်း၊ လက်ရှိ...
လားရှိုးမြို့ တွင် ဆယ်ကျော်သက် လူငယ်တဦး ဓားခုတ်ခံရ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ တွင် ယနေ့ ညနေ ၄နာရီ တွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက် (၅) အထက်တန်းကျောင်း(အထက ၆) အနောက်ဘက်လမ်းတွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း၊ လက်ရှိမှာ လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း လားရှိုး လူငယ်...
ပြည်ထောင်စုနေ့ ဒေါ်အောင်ဆန်ုးစုကြည် ပင်လုံ သွားမည်
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပမည့် ၇၃နှစ်မြောက် ပြည်ထောင်စုနေ့ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဟု သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် တွင် တောင်ကြီးမြို့ သို့ ရောက်ရှိပြီး၊ ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့...
ပြည်ထဲရေး ဝန်ကြီးဖြစ်လာမည့် စစ်ထောက်လှမ်းရေး ချုပ်
ပြည်ထဲရေး ဝန်ကြီး အဖြစ် စစ်ထောက်လှမ်းရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ခန့်အပ်ရန် ယမန်နေ့( ဖေဖော်ဝါရီ ၆ ) တွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် က တရားဝင် ကြေညာလိုက်သည်။ အဆိုပါ ကြေညာမှုသည် ဒုတိယ အကြိမ်...
တရုတ်နိုင်ငံသားတဦး မူဆယ်တွင် သေဆုံးခဲ့
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သေဆုံးသည့် တရုတ်နိုင်ငံသား ၏ အရိုးပြာ ကို သေဆုံးသူ၏ ဆွေမျိုးထံ ယမန်နေ့ တွင် လွှဲပေးခဲ့ကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်း က ပြောသည်။ “ နယ်စပ်ဒေသ ဖြစ်တော့ အဖွဲ့အစည်းပေါင်းစုံနဲ့...
ယခုလ လယ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်လာမည်ဟု မျှော်လင့်
တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေး သည် ယခုလ လယ်ပိုင်း ပုံမှန် ရောင်းဝယ်ပြန်ဖြစ်လာမည်ဟု သစ်သီးကုန်သည်များ မျှော်လင့်နေကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( နိုဗယ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောဂါ...
RCSS/SSA တွင်ကျင်းပမည့် သျှမ်းအမျိုးသားနေ့ တပ်မတော် ကိုယ်စားလှယ်တက်မည်
RCSS/ SSA ဌာနချုပ်တွင် ကျင်းပမည့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ ကို မြန်မာ့တပ်မတော် နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်မည် ဟု သတင်းရရှိသည်။ ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်သည် သျှမ်းအမျိုးသားနေ့ ၏ ၇၃နှစ်မြောက် နေ့ဖြစ်သည်။
သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့်...
တရုတ်နယ်စပ် တလျှောက် အရောင်းအဝယ်အေး
တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နယ်စပ်တလျောက် စီးပွားရေး အရောင်းအဝယ် ကျဆင်းကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ အဓိက တရုတ်နိုင်ငံကို မှီတင်းကာ စီးပွားရေး လုပ်နေသည့် မူဆယ်မြို့ နယ်နှင့်...
နှစ် ၇၀ အတွင်း ကျိုင်းတုံဟော်နန်းနေရာ ပြန်မပေးနိုင်သေးဟု နေပြည်တော် ပြော
စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းထားသည့် ကျိုင်းတုံဟော်နန်းနှင့်မြေနေရာအား “ကျိုင်းတုံ ဟော်တယ်အဖြစ် တည်ဆောက်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်အား နှစ် ၇၀ ငှားရမ်းထားသောကြောင့်” လက်ရှိအနေအထားအရ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်သေးကြောင်း နေပြည်တော် လွှတ်တော် အစည်းအဝေးတွင် ပြောဆိုကြသည်။ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်အရှေ့ပိုင်း...
နမ္မတူ တွင် ခိုရိုနာ သံသယ ရှိသူ တဦးတွေ့
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့ တွင် Novel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါ သံသယ ရှိသူ အမျိုးသားတဦး တွေ့ရှိထားဟု သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၃) ရက်နေ့တွင် တရုတ်ပြည်တွင် အလုပ်လုပ်ပြီး ပြန်လာသည့် အမျိုးသားတဦး...






