တာချီလိတ်တွင် တရားဝင်ဖွင့်လှစ်ထားသည့် လောင်းကစားရုံ မရှိကြောင်း ရဲမှူးပြော

ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်ရှေ့ တာချီလိတ်တွင် ဖွင့်လှစ်ထားသည့် လောင်းကစား (ကာစီနို) များသည် တရားဝင် ဖွင့်လှစ်ထားသည့် ရုံ မရှိကြောင်း သတင်းရရှိသည်။

Photo by SHAN

ကာစီနိုသည် လောင်းကစား ဥပဒေ ထဲတွင် ပါရှိပြီး၊ ကာစီနို ဖွင့်ချင်ပါက တရားဝင် စည်းမျဉ်း၊စည်းကမ်း နှင့် အညီ လျှောက်ထားနိုင်ကြောင်း၊ လက်ရှိ တာချီလိတ်တွင် ကာစီနိုကို တရားဝင်လျှောက်ကာ ဖွင့်လှစ်ထားခြင်းမရှိကြောင်း တာချီလိတ်မြို့ ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တာချီလိတ် က ကာစီနို တွေ တရားဝင် ဖွင့်တာမရှိဘူး” ဟု ရဲမှူး ညီညီထွေး က ဆိုသည်။

ဖေဖော်ဝါရီ ၆ ရက်၌ ကာစီနို ရုံများ ဝင်ရောက် ဖမ်းဆီးရာတွင် တာချီလိတ်ရှိဟိုတယ်များတွင် လောင်းကစား လုပ်ငန်း ရှိ၊ မရှိ ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရဲမှူး ညီညီထွေး က “ ကျနော်တို့ လောင်းကစား ရုံ ၆ ရုံ ဖမ်းဆီးထားပါတယ်။ ကျန်တဲ့ မသင်္ကာ နေရာတွေကို ဝင်ရှာဖွေပါတယ်။ လက်ရှိမှာ လောင်းကစားမှုနဲ့ အရေးယူတာ ၆မှု ရှိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးထားသည့် လောင်းကစားရုံ ၆ရုံသည် ဟိုတယ်တွင် ဖွင့်လှစ်သည့် လောင်းကစားရုံများမဟုတ်ကြောင်း လည်း ရဲမှူး ညီညီထွေး ကပြောသည်။

Photo by SHAN/ထိုင်း- မြန်မာ နယ်စပ် ဂိတ်

“ ၆မှုက ဟိုတယ် မှာ မဟုတ်ဘူး။ အပြင်မှာ ဂိမ်းဆော့နေတာပါ။ နီးစပ်တဲ့နေရာမှာ ဖမ်းတာပါ။ ဟိုတယ်မှာတော့ မတွေ့ဘူး ” ဟု လည်း ရဲမှူး ညီညီထွေး က ထပ်လောင်းပြောသည်။

တာချီလိတ် အတွင်း ဖွင့်လှစ်ထားသည့် ကာစီနို ရုံများ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်လက်မဲ့ အလုပ်သမား (၇၀၀၀) ကျော်ရှိသည်ဟု ဟိုတယ် လုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် ကာစီနို ပိတ်သွားသည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမား (၂၀၀)ဝန်းကျင်သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁) ရက်က တာချီလိတ်မြို့ ရှိ အလုပ်သမား ညွန်ကြားရေးမှူး ဦးစီးဌာန ၏ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံး သို့သွားရောက် အကူအညီတောင်းခဲ့ကြောင်း သိရသည်။

လောင်းကစား ဆိုတာ တရားဥပဒေ ပြဌာန်းထားသည့်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အထက်ညွန်ကြားချက် အရ ဖမ်းဆီးရခြင်းဖြစ်ကြောင်း လည်း ရဲမှူး ညီညီထွေး က ရှင်းပြသည်။

“ ကာစီနို က ကျနော်တို့ပိတ်ခိုင်း ထားတဲ့ သဘောမဟုတ်ပါဘူး။ ကျနော်တို့အထက်ညွန်ကြားချက်အရ ဖမ်းဆီး တဲ့သဘောမျိုးပါ။ တရားဥပဒေ နဲ့ အညီပြဌာန်းထားတဲ့ အတွက် အရေးယူဆောင်ရွက်တာဖြစ်တယ်” ဟု ရဲမှူး ညီညီထွေး က ဖြည့်စွတ် ပြောသည်။

လက်ရှိမှာ တာချီလိတ်မြို့ တွင်းရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် လောင်းကစားရုံများသည် ပိတ်ထားကြောင်း၊ သို့သော် ထိုင်းနိုင်ငံဘက်မှ လာရောက်အလုပ်လုပ်သည့် အွန်လိုင်း ဂိမ်း ဝန်ထမ်းအနည်းငယ်ရှိသေးကြောင်းလည်း တာချီလိတ်ဒေသခံ ကိုစိုး က ပြောသည်။

“ ဟိုတယ်မှာ ဖွင့်ထားတဲ့ ကာစီနိုတွေ ဒီနေ့နဲ့ဆို ပိတ်တာ ၈ရက်ရှိပြီ၊ ဒါပေမယ့် အွန်လိုင်းဂိမ်း မှာလုပ်တဲ့ ထိုင်းလူမျိုးတွေ ဝင်၊ထွက်တာရှိသေးတယ်။ အရင်လို တော့ အရမ်းမများတော့ဘူး။ ရှိတော့ရှိတယ်။ ဘယ်နေရာမှာဖွင့်နေလဲတော့မသိဘူး” ဟု ကိုစိုးက ဆိုသည်။

ယခင်တွင် တာချီလိတ်မြို့ ရှိ လောင်းကစား ရုံ တွင် လာရောက်အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများ ထောင်ချီရှိကြောင်း၊ လက်ရှိမှာ အနည်းငယ် ကျန်သေးကြောင်းလည်း ကိုစိုးက ပြောသည်။

“ အရင်က အုတ်အုတ်သဲသဲ နဲ့ ဝင်၊ထွက်နေတာ။ အခုတော့ မနက် အစောကြီးနဲ့ မိုးချုပ်တဲ့ချိန် သူတို့ကိုယ်ပိုင် ကားနဲ့ပဲ တာလော့ ဈေးမှာ သယ်သွား၊ သယ်လာလုပ်နေတာ တွေ့တယ်။ လိုင်းကားနဲ့တော့ မသွားတော့ဘူး” ဟု ကိုစိုးက သူ့၏ အမြင်ကို ပြောသည်။

ဆက်လက်ပြီး တာချီလိတ်မြို့ အတွင်း မှုခင်း ကျဆင်းရေး နှင့် တရားဥပဒေ စိုးမိုးရေး ရှိစေရန် အတွက် ရက် ၉၀ “ ကျားမင်း စီမံချက်” လှုပ်ရှားနေကြောင်း သိရသည်။

“ ရက် ၉၀ စီမံချက်ဆိုတာ ရက်ပေါင်း ၉၀ မှာ ဖြစ်ပွားလာတဲ့ မှုခင်းတွေကို ကျနော်တို့ အမြန်ဆုံးဖော်ထုတ်နိုင်အောင် ပထမ ခြေလှမ်း ချလိုက်တာပါ” ဟု ရဲမှူး ညီညီထွေး က ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...