တရုတ်နယ်စပ် တလျှောက် အရောင်းအဝယ်အေး

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နယ်စပ်တလျောက် စီးပွားရေး အရောင်းအဝယ် ကျဆင်းကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

 

Photo by ထုန့်ဟွေလီ/ မူဆယ်မြို့ နှင့် တရုတ် ပြည် ဝင်၊ထွက်သွားလာသည့်ဂိတ်

အဓိက တရုတ်နိုင်ငံကို မှီတင်းကာ စီးပွားရေး လုပ်နေသည့် မူဆယ်မြို့ နယ်နှင့် နမ့်ခမ်းမြို့နယ် တွင် ယခုရက်ပိုင်း စီးပွားရေး များ ရပ်ဆိုင်းနေရသည်။

လက်ရှိမှာ တရုတ် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းနေရသလို တရုတ်နိုင်ငံသို့ တင်ပို့ မည့် ကုန်များ၊ တရုတ်နှင့် ဆက်သွယ်သည့် အရောင်းအဝယ်များလည်း ရပ်ဆိုင်းနေရကြောင်း မူဆယ်မြို့ တောင်ရပ်ကွက်နေ စိုင်းမှိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တရုတ်နယ်စပ် အဓိက ဂိတ်များဖြစ်သည့် မူဆယ်မြို့ နန်းတော် (အလယ်ပေါက်ဂိတ်)၊ ဆင်ဖြူဂိတ် နှင့် မန့်ဝိန်း ဂိတ်များ ဖွင့်လှစ်ထားသော်လည်း လက်ရှိမှာ ဝင်၊ထွက်သွားလာမှု တိတ်ဆိတ်နေသည်။

ထို့ပြင်တရုတ်နယ်မြေ နှင့် ထိစပ်နေသည့် မူဆယ်မြို့နယ် နောင်မွန် ကျေးရွာ၊ ဟိုးနွမ်း ကျေးရွာ ဂိတ်ကို တရုတ်ပြည် အစိုးရ က လုံးဝ ဝင်၊ထွက်သွားလာခွင့် မပြုတော့ပေ။

ထို့ ခိုရိုနာ ဗိုင်းရပ်စ်သည် တရုတ်နယ်စပ် နှင့် ထိစပ်နေသည့် မူဆယ်၊ နမ့်ခမ်း ပြည်သူများအတွက် ထိခိုက်မှုများရှိကြောင်း လည်း ထိုဒေသတွင် နေထိုင်သူများက ပြောဆိုလိုက်သည်။

“ အခု ဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်ဘက်ကလည်း အလုပ်နားထားတယ်။ မူဆယ်မှာတော့ စီးပွားရေး တော်တော်ထိတယ်။ ကားခတွေ ဆိုလည်း တက်လာတယ်။ ကုန်ဈေးနှုန်း တချို့ တက်တယ်” ဟု စိုင်းမှိုင်း က ပြောသည်။

လက်ရှိ မူဆယ်မှ မန္တလေးသို့ သွားမည်ဆိုပါက တဦးလျှင် ကားခ ရှေ့ခန်း ၆သောင်းကျပ်ထိ ပေးရကြောင်း၊ နောက်ခန်း ၅သောင်းကျပ်ထိ ပေးဆောင်ရကြောင်း စိုင်းမှိုင်းက ပြောသည်။

“ မန္တလေးကနေ မူဆယ် ပြန်တက်လာမယ့် သူမရှိတော့ မူဆယ်ကနေ မန္တလေး ကို ဆင်းမယ်ဆိုရင် ကားသမားတွေက ၂သိန်း ကျော်မရရင် မဆင်းကြဘူး။ အရောင်းအဝယ်မရှိတော့ ဘယ်သူမှလည်း မတက်လာတော့ဘူး” ဟု စိုင်းမှိုင်းက ဆိုသည်။

ထို့ပြင် ခိုရိုနာဗိုင်းရပ်စ် ကြောင့် ဈေးဆိုင်ခန်များတွင် ဈေးလာဝယ်သူများမရှိကြောင်း၊ ယနေ့ နမ့်ခမ်း ဈေးနေ့ဖြစ်သော်လည်း ဈေးဝယ်သူ အနည်းငယ်သာ လာရောက် ဝယ်ယူကြကြောင်း နမ့်ခမ်းမြို့ ဒေသခံ စိုင်းမောဝ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ ဈေးနေ့ ရောင်းကောင်းရမှာ။ အခုက ရောင်းသူရှိပြီး၊ ဝယ်သူမရှိဖြစ်နေတယ်။ အရောင်းအဝယ် လုပ်ရခက်တယ်” ဟု စိုင်းမောဝ် က ဆိုသည်။

ထို ခိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဒေသခံပြည်သူများ အဘက်ဘက်မှ စိုးရိမ်မှုဖြင့် ရင်ဆိုင်နေရသလို စီးပွားရေး လည်း ထိခိုက်မှုများ ရင်ဆိုင်နေရသည်။

“ တချို့ အသီးကားတွေ ဆိုရင် မူဆယ်ဘက် မလာတော့ဘဲ ရန်ကုန်ဘက် သွားရောင်းရတဲ့အဆင့်ဖြစ်နေတယ်။ စီးပွားရေး ကတော့ ဘယ်တော့ မှ ပြန်ကောင်းလာမှာလဲဆိုတာ မသိဘူး” ဟု မူဆယ်မြို့ သစ်သီးကုန်သည် တဦး က ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောင် ရောဂါသည် ကမ္ဘာနိုင်ငံပေါင်း ၂၈နိုင်ငံ ကူးစက်ခံရသူ ၂၄၅၄၂ဦးရှိကာ သေဆုံးသူ ၄၉၂ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...