Thursday, January 29, 2026

ပြည်ထဲရေး ဝန်ကြီးဖြစ်လာမည့် စစ်ထောက်လှမ်းရေး ချုပ်

ပြည်ထဲရေး ဝန်ကြီး အဖြစ် စစ်ထောက်လှမ်းရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ခန့်အပ်ရန် ယမန်နေ့( ဖေဖော်ဝါရီ ၆ ) တွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် က တရားဝင် ကြေညာလိုက်သည်။

Photo ပြည်ထဲရေး ဝန်ကြီးဖြစ်လာမည့် စစ်ထောက်လှမ်းရေး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်

အဆိုပါ ကြေညာမှုသည် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဌမနေ့ တွင် နိုင်ငံတော် သမ္မတ က အမည် စာရင်း တင်သွင်းထားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီး ဌာနသည် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး၊ ၂၀၀၈ အခြေခံ ဥပဒေ ဖွဲ့စည်းပုံ အရ ဝန်ကြီးဌာနအတွက် ရာထူးခန့်အပ်ခြင်း၊ အနားပေးခြင်းကို တိုက်ရိုက်ပြုလုပ်ပြီး မှ နိုင်ငံတော် သမ္မတ ၏ အတည်ပြု ချက်ကို တင်ပြရသည်။

စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မန္တလေး သားဖြစ်ပြီး၊ လက်ရှိမှာ အသက် ၅၉နှစ် ၉ လ ရှိပြီ ဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီးဖြစ်လာမည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ၏ ကိုယ်ရေး အကျဉ်း

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် သည် ၂၀၀၁ ခုနစ်တွင် ဖြစ်ပွားခဲ့သည့် အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျမှုမှာ ဗိုလ်ချုပ်ကြီး တင်ဦးနှင့် အတူ ကွယ်လွန်ခဲ့သည့် ဗိုလ်ချုပ် လွန်းမောင် ၏ သား လည်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တွင် သား (၃) ဦးရှိပြီး၊ ထိုသားများသည် ဆောက်လုပ်ရေး နှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည့် ဟုသိရသည်။

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် သည် ယခင်ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၏ နေရာတွင် အစားထိုး ခြင်းဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို မူလ စစ်ဘက် တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင် စေရန် နိုင်ငံတော် သမ္မတ က ဖေဖော်ဝါရီ ၄ရက် တွင် ခွင့်ပြုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News