Wednesday, January 28, 2026

နမ္မတူ တွင် ခိုရိုနာ သံသယ ရှိသူ တဦးတွေ့

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့ တွင် Novel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါ သံသယ ရှိသူ အမျိုးသားတဦး တွေ့ရှိထားဟု သတင်းရရှိသည်။

Photo by ဒေသခံတဦး

ယမန်နေ့ (ဖေဖော်ဝါရီ ၃) ရက်နေ့တွင် တရုတ်ပြည်တွင် အလုပ်လုပ်ပြီး ပြန်လာသည့် အမျိုးသားတဦး နေမကောင်းသဖြင့် လက်ရှိမှာ နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ် သံသယ ရှိသူအနေဖြင့် နမ္မတူဆေးရုံတွင် ဆေးကုသမှုပေးနေကြောင်း နမ္မတူ သျှမ်းစာပေ၊ ယဉ်ကျေးမှု အသင်းမှ ဦးဘဉာဏ် က ပြောသည်။

“ သူက တရုတ်ပြည်က ပြန်လာတာ၊နေမကောင်းဖြစ်တယ်။ ခိုရိုနာ ဗိုင်းရပ်စ် ဟုတ်၊ မဟုတ်တော့ မသိဘူး။ ကျနော်တို့ဆီမှာလည်း စမ်းသပ်စရာ စက်မှ မရှိတာ။ ဆေးရုံမှာတော့ စောင့်ကြည့်နေရတဲ့အဆင့်ပါ” ဟု ဦးဘဉာဏ် ကဆိုသည်။

လက်ရှိ ခိုရိုနာဗိုင်းရပ်စ် သံသယ ရှိသူ အမျိုးသားသည် နမ္မတူ ဆေးရုံသီးသန့်အခန်းတွင်ထားကာ တင်းကြပ်စွာ စောင့်ကြည့်နေရသည့် အဆင့်ဖြစ်ကြောင်း ဦးဘဉာဏ် က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးနမ္မတူ ပြည်သူ့ဆေးရုံသို့သျှမ်းသံတော်ဆင့် မှ အတည်ပြု ရန် ကြိုးစားဆက်သွယ်သော်လည်း မရခဲ့ပေ။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြေညာချက် အရ ဇန်နဝါရီ ၄ရက် တွင် ကမ္ဘာ တဝှမ်း နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ဝူဟန် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၆၇၆ ဦး ၊ သေဆုံးသူ ဦးရေ ၄၂၇ ရှိပြီး ပြန်လည် နေကောင်းလာသူ ၆၆၄ ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၊ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည် နမ္မတူမြို့နယ်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၂၄ တပ်ရင်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က...

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ ပညာရေးကျောင်းများ TNLA တပ်ဖွဲ့မှ ပိတ်ခိုင်း

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်း တို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့က ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက် မှ စတင်ကာ နမ္မတူမြို့နယ်...

နမ္မတူမြို့နယ် ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေများကို TNLA တပ်ဖွဲ့က သိမ်းယူ

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် မြေဧက ၁၀ နီးပါးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်း သိရသည်။ နမ္မတူမြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာ အုပ်စု (ဢိူင်ႇသၢႆးၶၢဝ်) မှ ကောင်းဆာကျေးရွာအတွင်းရှိ ဒေသခံ...

နမ္မတူ – ကျားစခန်း ရထားသံလမ်းဖြုတ်မှု ယာယီရပ်ဆိုင်း

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့ နှင့် ကျားစခန်းကို ဆက်သွယ်ထားသည့် ရထားသံလမ်းဖြုတ်မှု လုပ်ငန်းစဉ်သည် ယနေ့ (မတ်လ ၂၂ ) ရက်မှာ ယာယီ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၂၀ ရက်) မနက်ပိုင်း အချိန်မှစပြီး ဝင်းမြင့်မိုရ် ကုမ္ပဏီမှ ဦးဆောင်ပြီး...

နမ္မတူမြို့နယ် နေအိမ်များ ဖောက်ထွင်းခံရ ငွေကြေးအများအပြား ခိုးယူခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းသာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် ပြည်သူ့နေအိမ် ဖောက်ထွင်းခံရပြီး ငွေကြေး ကျပ်သိန်း ၅၀ ကျော် ဆုံးရှုံးသွားရကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့  ည အချိန်တွင် နမ္မတူမြို့နယ် ရေအိုးကျေးရွာတွင်ရှိသည့် ဦးကြာယုံ နေအိမ် ဖောက်ထွင်းခံရပြီး...