နမ္မတူမြို့နယ် နေအိမ်များ ဖောက်ထွင်းခံရ ငွေကြေးအများအပြား ခိုးယူခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းသာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် ပြည်သူ့နေအိမ် ဖောက်ထွင်းခံရပြီး ငွေကြေး ကျပ်သိန်း ၅၀ ကျော် ဆုံးရှုံးသွားရကြောင်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့  ည အချိန်တွင် နမ္မတူမြို့နယ် ရေအိုးကျေးရွာတွင်ရှိသည့် ဦးကြာယုံ နေအိမ် ဖောက်ထွင်းခံရပြီး သေတ္တာအတွင်း ထည့်ထားသည့် ပိုက်ဆံ ကျပ်သိန်း ၅၀ ကျော် ခိုးယူခံလိုက်ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူခိုးက လှေကားကို အသုံးပြုပြီး ပြတင်းပေါက်ကနေ အိမ်ထဲကို ဝင်ခိုးတာ၊ စနေနေ့ ညက ကျနော်တို့ အပြင်ရောက်နေချိန်ကို လာခိုးသွားတာဖြစ်မယ်၊ တနင်္ဂနွေ မနက်ခင်းမှ အိမ်ကို သူခိုးဝင်ခိုးပြီး ပိုက်ဆံပျောက်မှန်း သိရတယ်၊ ငွေ သိန်း ၅၀ ကျော် ဆုံးရှုံးရတယ်” ဟု ဦးကြာယုံ ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရေအိုးကျေးရွာ

ပြီးခဲ့သည့် ဝါတွင်းကာလ ဝါခေါင်လပြည့်နေ့တွင်လည်း အိမ်ရှင် ဒေါ်အေးနေ ဘုန်းကြီးကျောင်းသို့ ဥပုသ် သွားယူစဥ် နေအိမ်ဖောက်ထွင်းခံရပြီး ပိုက်ဆံ ၃ သိန်းကျော် ခိုးယူ ခံလိုက်ရကြောင်းလည်း သိရသည်။

“သူခိုးတွေက အိမ်ရှင်တွေ မရှိတဲ့အချိန်ကို ချောင်းပြီး ဝင်ခိုးနေကြတာ၊ ဒေါ်အေးနေ အိမ်ကိုဝင်ခိုးတဲ့ အမျိုးသားကလည်း အိမ်ရှင် ဥပုသ်သွားယူနေချိန် ဝင်ခိုးတာ၊ အိမ်သားတွေလည်း ရွာထဲက အလှူဆီ ရောက်နေလို့ ဘယ်သူမှ မရှိတဲ့ အချိန်ပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ရေအိုးကျေးရွာသည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ ထိန်းချုပ်ထားသည့် ရွာဖြစ်ပြီး ခိုးယူဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း သူခိုးကို ဖမ်းမိခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့အပြင် ရေအိုးကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ပြီး မေလကုန်အထိ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ RCSS နဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးသည့် နေရာလည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...