Tuesday, January 27, 2026

ယခုလ လယ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်လာမည်ဟု မျှော်လင့်

တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေး သည် ယခုလ လယ်ပိုင်း ပုံမှန် ရောင်းဝယ်ပြန်ဖြစ်လာမည်ဟု သစ်သီးကုန်သည်များ မျှော်လင့်နေကြောင်း သတင်းရရှိသည်။

Photo by ခွာညိုသစ်သီးပွဲရုံ

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( နိုဗယ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နယ်စပ်တလျောက် အရောင်းအဝယ် လျော့ကျလာခဲ့သည်။

ထိုရောဂါကြောင့် တရုတ်ပြည်မကြီးမှ နယ်စပ်ကိုလာရောက်ပြီး ကုန်စည်ပစ္စည်းများ ဝယ်ယူမှုမရှိသလောက်နည်းပါး သဖြင့် သစ်သီးကုန်သည်များ အရှုံးများဖြင့် ရင်ဆိုင်ခဲ့ရသည် ဟု သစ်သီးကုန်စည်ဒိုင် ဥက္ကဌ ဦးခင်မောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ နယ်စပ်ကုန်သွယ်ရေး က မပိတ်ဘူး။ ဒါပေမယ့် တရုတ်တွေက နယ်စပ်ကို ဆင်းပြီး လာမဝယ်တာ။ အခုရက်ပိုင်းတော့ လာဝယ်သူနည်းနည်းပဲရှိတယ်။ ဒီလ ၁၀ရက်နောက်ပိုင်းမှာ ဝယ်သူတွေ ပိုများလာမယ်။ တရုတ်ပြည်ကနေ ၁၀၀ယောက် ဆင်းလာမယ်လို့ ပြောတယ်” ဟု ဦးခင်မောင်က ဆိုသည်။

Photo by ခွာညိုသစ်သီးပွဲရုံ

သစ်သီးရောင်းဝယ်မှုသည် နေ့စဉ် ရှိသေးသော်လည်း တရက်လျှင် တရုတ်ကုန်သည်များ လာရောက်ဝယ်ယူခြင်းမရှိ သလောက် နည်းပါးနေ သဖြင့် သစ်သီးကုန်သည်များ ၇၀ ရာခိုင်နှုန်း အရှုံးပေါ်ခဲ့ကြောင်းလည်း ဦးခင်မောင် က ပြောသည်။

“ သစ်သီးတွေဆိုတော့ ကားခလည်းရှုံး အသီးလည်း ရှုံးတယ်။ အရှုံးကတော့ များတယ်” ဟု ဦးခင်မောင် က ဖြည့်စွတ်ပြောသည်။

တရုတ်နယ်စပ် တလျောက် မူဆယ်ခရိုင်အတွင်း တရုတ်နိုင်ငံ တွင် အရေးပေါ် ဖြစ်ပွားနေသည့် ခိုရိုနာ ဗိုင်းရပ်စ်ကြောင့် အရောင်းအဝယ်ကျဆင်းမှု၊ စီးပွားရေး ရပ်ဆိုင်းမှုဖြစ်နေရကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောဂါသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂၈နိုင်ငံ ကူးစက်ခံရသူ ၂၈၃၃၉ ဦးရှိပြီး သေဆုံးသူ ၅၆၅ဦး ရှိလာကာ ပြန်လည်နေကောင်းလာသူ ၁၂၀၈ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မုံးကိုးမြို့အနီး တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး MNDAA ကင်းလှည့်

0
တရုတ်-မြန်မာနယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မုံးကိုးမြို့အနီးတွင် နယ်စပ်လုံခြုံရေး အတွက် (၉) ရက်တာ ကင်းလှည့်စောင့်ကြည့်ခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၂၅) ရက်မှ စတင်ပြီး စက်တင်ဘာလ (၄) ရက်အထိ တရုတ်-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေး လှည့်လည်စောင့်ကြပ်ခြင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

တရုတ်-မြန်မာ စီးပွားရေးစီမံကိန်းနှင့် ပတ်သက်ပြီး မကြာမီတိုးမြင့်လာတော့မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
တရုတ်၏ One Belt One Road စီမံကိန်း၊ မြန်မာနှင့်ဆိုင်သည့် CMR မြန်မာ-တရုတ် စီးပွားရေး စင်္ကြံစီမံကိန်းများနှင့် ပတ်သက်ပြီး မကြာမီတိုးမြင့်လာတော့မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တရုတ်အစိုးရ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်နေ့အထိ...

တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များ အန္တရာယ်များဟု စစ်ခေါင်းဆောင် တရုတ်ကိုတိုင်

0
မြန်မာ-တရုတ်နယ်စပ် ဒေသ အများစုကို တိုက်ခိုက် သိမ်းပိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များသည် နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး အတွက် အန္တရာယ်များသူများ ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က တရုတ် အစိုးရကို တိုင်တည် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် ယမန်နေ့...

မူဆယ်ပြည်သူ့ဆေးရုံတွင် ခိုရိုနာ သံသယရှိ အမျိုးသားတဦး ရောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယရှိ အမျိုးသားတဦး ရောက်ရှိနေကြောင်း သတင်းရရှိသည်။   ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိ အမျိုးသား သည် အသက် ၂၃နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့် ၁၅ရက်ခန့်၌ တရုတ်ပြည် ရွှေလီမြို့...

တရုတ်နယ်စပ် တလျှောက် အရောင်းအဝယ်အေး

0
တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နယ်စပ်တလျောက် စီးပွားရေး အရောင်းအဝယ် ကျဆင်းကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။   အဓိက တရုတ်နိုင်ငံကို မှီတင်းကာ စီးပွားရေး လုပ်နေသည့် မူဆယ်မြို့ နယ်နှင့်...