မုံးကိုးမြို့အနီး တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး MNDAA ကင်းလှည့်

တရုတ်-မြန်မာနယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မုံးကိုးမြို့အနီးတွင် နယ်စပ်လုံခြုံရေး အတွက် (၉) ရက်တာ ကင်းလှည့်စောင့်ကြည့်ခဲ့ကြောင်း သတင်းသိရသည်။

ဩဂုတ်လ (၂၅) ရက်မှ စတင်ပြီး စက်တင်ဘာလ (၄) ရက်အထိ တရုတ်-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေး လှည့်လည်စောင့်ကြပ်ခြင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် မုံးကိုးမြို့နှင့် မုံးပေါ်ဒေသတို့တွင် (၉) ရက်တာ ပြုလုပ်ခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်မှ ယနေ့ (စက်တင်ဘာလ ၅ ရက်) တွင် ထုတ်ပြန်သည်။

တရုတ်နိုင်ငံတွင် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲ ကျင်းပစဉ် တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး ကင်းလှည့်စောင့်ကြည့်ခြင်းကို MNDAA လက်အောက်ခံ အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီက ကြေညာချက်ထုတ်ပြန်ကာ အချိန်မီ တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ – မုံးကိုးမြို့အနီး တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး MNDAA ကင်းလှည့်နေစဉ် (ဓာတ်ပုံ-The Kokang)

ထိုသို့ တရုတ်နယ်စပ်တလျှောက် ကင်းလှည့်စောင့်ကြည့်ရန် MNDAA ဘက်မှ မူဆယ်မြို့နယ် အတွင်းရှိ မုံးကိုးမြို့နှင့် မုံးပေါ်ဒေသ နယ်စပ်လမ်းကြောင်း (၅) ခုတွင် ခြေလျင်နှင့် ယာဉ်ဖြင့် စောင့်ကြပ်ခြင်းနည်းလမ်းကို ပေါင်းစပ်ကာ ကားလမ်းနှင့် တောတောင်များတွင် နေ့စဉ်မပြတ် ကင်းလှည့်စောင့်ကြည့်ခဲ့ကြောင်း ဆိုသည်။

အလားတူ စက်တင်ဘာလ (၃) ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများကို MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့နယ် တာရွှေထန်ကျေးရွာတွင် ကျင်းပခဲ့ပြီး MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

ပုံစာ – လောက်ကိုင်မြို့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးအခမ်းအနားတွင် MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို တွေ့ရစဉ် (ဓာတ်ပုံ-The Kokang)

တချိန်တည်းတွင် ညီနောင်မဟာမိတ်တပ်များ ပူးတွဲထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် (၁၀၅) မိုင် မိုင်းယုကျေးရွာတွင်လည်း ကမ္ဘာ့ဖက်စစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း အခမ်းအနားကို ကျင်းပြခဲ့ပြီး MNDAA ထိပ်ပိုင်းခေါင်းဆောင်များအပြင် ဒေသခံ ပြည်သူနှင့် ကျောင်းသားများ (၃၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...