တရုတ်-မြန်မာ စီးပွားရေးစီမံကိန်းနှင့် ပတ်သက်ပြီး မကြာမီတိုးမြင့်လာတော့မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

တရုတ်၏ One Belt One Road စီမံကိန်း၊ မြန်မာနှင့်ဆိုင်သည့် CMR မြန်မာ-တရုတ် စီးပွားရေး စင်္ကြံစီမံကိန်းများနှင့် ပတ်သက်ပြီး မကြာမီတိုးမြင့်လာတော့မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်အစိုးရ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်တွေ့ဆုံခဲ့ပြီးသည့်နောက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း တရုတ်နိုင်ငံဝန်းကြီးချုပ် လီချန်းနှင့် တွေ့ဆုံခဲ့သလို ယူနန်ပြည်နယ်၏ ပါတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

၎င်းက “တရုတ်နိုင်ငံရဲ့ နယ်နိမိတ်၊ တရုတ်နိုင်ငံရဲ့ နယ်မြေကို အခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သတ်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို လက်မခံကြောင်း ပြောပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်ကို တိုင်တောခဲ့ကြောင်းပြောသည်။

ထို့အတူ အိမ်းနီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်များနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေး၊ အပြုသဘောဆောင်သည့် တိုးတက်မှုများကို ရရှိအောင် ဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင် တရုတ်ပြည် ပြန်ခရီးစဉ်

ထိုခရီးစဉ်သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲ အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က ကူမင်းမြို့တွင် ပြုလုပ်သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် မြန်မာ-တရုတ်နယ်စပ်ဒေ အများစုကို တိုက်ခိုက်သိမ်းပိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များသည် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးအတွက် အန္တရာယ်များသူများဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်အစိုးရကို တိုင်တည်ပြောဆိုခဲ့သည်။

ထို့နောက် တရုတ်ဝန်းကြီးချုပ် လီချန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ် တရုတ်-မြန်မာနယ်စပ်ဂိတ်များအား စစ်ကောင်စီ အပြည့်အဝ မီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်းကြီးချုပ်က နိုဝင်ဘာလ ၆ ရက်နေ့က ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...