RCSS/SSA တွင်ကျင်းပမည့် သျှမ်းအမျိုးသားနေ့ တပ်မတော် ကိုယ်စားလှယ်တက်မည်

RCSS/ SSA ဌာနချုပ်တွင် ကျင်းပမည့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ ကို မြန်မာ့တပ်မတော် နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်မည် ဟု သတင်းရရှိသည်။

Photo by SHAN/ ၂၀၁၈ ခုနစ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့် သျှမ်းအမျိုးသားနေ့ စစ်ရေး ပြနေသည့် ပုံ

ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်သည် သျှမ်းအမျိုးသားနေ့ ၏ ၇၃နှစ်မြောက် နေ့ဖြစ်သည်။

သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ဌာနချုပ် လွိုင်းတိုင်းလျန်း တွင် နှစ်စဉ်ကျင်းပသည်။

“ တပ်မတော် ဘက် က ကိုယ်စားလှယ် ၅ဦး နဲ့ အစိုးရဘက် က ကိုယ်စားလှယ် ၆ဦး။ အားလုံး ၁၁ဦး လာပါတယ်။ တာချီလိတ် မယ်ဆိုင် ဘက်ကနေ လာတယ်။ ဒီနေ့သူတို့ လွိုင်တိုင်းလျန်း ရောက်ကြမယ်” ဟု RCSS/ SSA ပြောရေးဆိုခွင့် ရ ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

RCSS/SSA ဌာနချုပ်တွင် ကျင်းပမမည့် ၇၃နှစ်မြောက် အမျိုးသားနေ့ ကို မြန်မာ့တပ်မတော်ဘက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်ပြီး၊ အစိုးရ ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုဥက္ကဌ ဦးထွန်းထွန်းဦး ဦးဆောင် ပြီး တက်ရောက်ကြောင်း သတင်းရရှိသည်။

Photo by SHAN/ ၂၀၁၈ ခုနစ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့် သျှမ်းအမျိုးသားနေ့ စစ်ရေး ပြနေသည့် ပုံ

ယခုနှစ် သျှမ်းအမျိုးသားနေ့ ကို တရုတ်နိုင်ငံ ကိုယ်စားလှယ်များတက်ရောက်ခြင်းမရှိကြောင်း၊ တခြား နိုင်ငံဖြစ်သည့် ဆွီစလန် နိုင်ငံ နှင့် နယ်သာလန် နိုင်ငံ ကိုယ်စားလှယ်များတက်ရောက်မည် ဟု လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အဖွဲ့လည်း တက်ရောက်ညမည်ဟု စိုင်းမိဏ်း က ထပ်လောင်းပြောသည်။

ယနေ့ ( ဖေဖော်ဝါရီ ၆) ရက်တွင် လွိုင်တိုင်းလျန်း တို့ ရောက်လာသည့် အထူး ဧည့်သည်တော်များနှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ ညနေ မိတ်ဆုံစားပွဲ ရှိကြောင်း သိရသည်။

သျှမ်းအမျိုးသားနေ့ (ဖေဖော်ဝါရီ ၇) သျှမ်းစော်ဘွားများ၊နှင့် ပြည်သူလူထုများ ကြား သွေးစည်းညီညွတ်မှု ရခဲ့ပြီး၊ ထိုနေ့ နှင့် အတူ အမျိုးသား သီချင်း၊ သျှမ်း အမျိုးသားအလံ ကို သတ်မှတ်နိုင်ခဲ့သည့် နေ့ ရက်လည်းဖြစ်သည်။

ထို့ပြင် ပင်လုံစာချုပ် နှင့် ပြည်ထောင်စု နေ့ဖြစ်ပွားလာရန် ပေါ်ပေါက်လာရန် အတွက် သျှမ်းအမျိုးသားနေ့သည် အရေးကြီးသည့် သမိုင်းဝင် ရက်တရက်လည်းဖြစ်သည်။

သို့သော် သျှမ်းအမျိုးသားနေ့ သည် မြန်မာတပြည်လုံး ၏ နေ့ထူး နေ့မြတ်ဖြစ်သည့် အတွက် သျှမ်းပြည်သူများ နှစ်စဉ်နှစ်တိုင်း တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ သတ်မှတ်ခြင်း မခံရပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

သျှမ်းအမျိုးသားနေ့ (သို့မဟုတ်) သျှမ်းပြည်နယ်နေ့

0
ဖေဖော်ဝါရီ ၇ ရက်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းအတွင်း မေ့လျော့လို့မရသည့် အရေးပါသောနေ့တစ်နေ့ဖြစ်သည်။ ယနေ့ကို မူလအားဖြင့် “သျှမ်းအမျိုးသားနေ့” ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် “သျှမ်းပြည်နယ်နေ့” ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်လာကြသော်လည်း အခြေခံအနှစ်သာရမှာတော့ သျှမ်းကုန်းပြင်မြင့်၏ လွတ်လပ်ရေး၊ တန်းတူရေးနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ် ကို သင်္ကေတပြုထားခြင်းပင် ဖြစ်သည်။ သမိုင်းအရ...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...