Tuesday, January 27, 2026

ရှမ်းအရှေ့ရှိ ထိုင်းနယ်စပ်ဂိတ်များဖြတ်သန်းခွင့် ပိတ်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်နှင့် မိုင်းတုံ မြို့နယ် အတွင်းရှိ မြန်မာ- ထိုင်း နယ်စပ် ဂိတ်များ ကို ယမန်နေ့ မှ စတင် ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

Photo by Photo by Thet Khine Min/ BP1နယ်စပ်ဂိတ်တွင် ဝင်ရောက်လာသည့် သူများကို စစ်ဆေးနေစဉ်

လက်ရှိ တရုတ်နိုင်ငံတွင်စတင်ဖြစ်ပွားနေသည့် Nobel Corona Virus ( နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကို စိုးရိမ်သဖြင့် မိုင်းတုံ မိုင်းဆတ်မြို့နယ်များအတွင်းရှိ မြန်မာ- ထိုင်းနယ်စပ် ဂိတ် ၄ ခုအား ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းလူထုပြောပြချက်အရသိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ ချင်းဒေါင်းဝ်နှင့် ပုံပါကျင်ကြား BP1 ဂိတ်၊ မိုင်းဖှန်- နားကောင်းမူးကြား ပါချီးဂိတ်၊ ဝိန်းဟိုင်နှင့် မိုင်းတော့ မိုင်းထားကြား လတ်တိုင်ဂိတ်၊ မယ့်အိုင်းနှင့် မိုင်းဆတ်ကြား နမ့်ယွန်း ဂိတ်များ ကို ယမန်နေ့ (ဇန်နဝါရီ ၃၀) ရက်ကစပြီး အားလုံး ပိတ်ထားရန် မြန်မာအာဏာပိုင်များက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ထိုဒေသတွင် ပြေးဆွဲနေသည့် ကားသမားများက ပြောဆိုလိုက်သည်။

ထို နယ်စပ်ဂိတ်များသည် နယ်စပ်နေ ဒေသခံများ ဈေးရောင်း ဈေးဝယ် ဆေးကုရန်အတွက် မြန်မာ- ထိုင်း အာဏာပိုင်းများက နားလည်မှုဖြင့် ဖြတ်သန်းသွားလာခွင့်ပေးထားသောဂိတ်များဖြစ်သည်။

“ မနေ့က ပိတ်လိုက်တယ်။ အဓိကတော့ တရုတ်က ဖြစ်နေတဲ့ ဗိုင်းရပ်စ် ကြောင့် ပိတ်လိုက်တာ။ မြန်မာဘက်က ဝင်လို့လည်းမရ၊ ထွက်လို့လည်း မရတော့ဘူး။ မြန်မာဘက်က ပိတ်လိုက်တဲ့သဘောပါ” ဟု နယ်စပ်ဂိတ်တွင် ခရီးသည်တင် ပြေးဆွဲနေသည့် ကားသမား စိုင်းတိုင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Google Map/ သျှမ်း အရှေ့ထိုင်းနယ်စပ်ဂိတ်များနေရာပြ မြေပုံ

လက်ရှိ ဖြစ်ပွားနေသည့် ခိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ကြောင့် မြန်မာနိုင်ငံ အာဏာပိုင် များက အမိန့်အရ ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ မည်သည့် ရက်ထိ ပိတ်မည်ကို မသိရှိသေးကြောင်း လည်း စိုင်းတိုင်း က ပြောသည်။

“ ထိုင်းဘက်ကတော့ မပိတ်ဘူး။ မြန်မာဘက်ပဲ ပိတ်တာ။ ထိုင်းဘက်မှာ ဝင်လာတဲ့သူတွေ အတွက် ဆရာဝန်တွေ ကိုယ်တိုင် စစ်ဆေးတာ ရှိတယ်။ နေမကောင်းသူတွေ ကို တော့ သူတို့ ဖြတ်သန်းခွင့်မပေးဘူး” ဟု ကားသမား စိုင်းတစ် ကလည်း ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားများကို မိုင်းတုံ ကျန်းမာရေး ဝန်ထမ်းများက နယ်စပ်ဂိတ်တွင် ကျန်းမာရေး သွားရောက်စစ်ဆေးမှု ပြုလုပ်ပေးခဲ့ရာမှ နယ်စပ်ဂိတ်ပိတ်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုသို့ နယ်စပ်ဂိတ်ပိတ်လိုင်ခြင်းအားဖြင့် ထိုနယ်စပ်ဂိတ်ကို အမှီပြုပြီး ဒေသတွင်းကူးသန်းရောင်းဝယ်သူများ၊ ကားသမားများအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ဂိတ်အနီးနေထိုင်သူများကပြောသည်။

ထိုင်းနိုင်ငံတွင် ဝူဟန် ကူးစက်မြန်ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၁၄ ဦးရှိပြီး၊ ၅ ဦးကို တရုတ်ပြည် ပြန်လွှတ်ကာ ၉ ဦးမှာ ထိုင်းနိုင်ငံတွင် ဆေးကုသပေးနေကြောင်း ထိုင်း သတင်းဌာနမှ ဖော်ပြချက်အရသိရသည်။

ထို မြန်မာ – ထိုင်း နယ်စပ်နှင့် နီးသည့် ထိုင်းနိုင်ငံချင်းမိုင်တွင်လည်း ဝူဟန် ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ပိုးကူးစက်ခံထားရသူကို တွေ့ရှိထားကြောင်း သတင်းများက ဆိုပါသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြေညာချက် အရ ဇန်နဝါရီ ၃၁ ရက်တွင် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၀ မှ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၉၈၁၆ ဦးရှိပြီး၊ သေဆုံးသူ ၂၁၃ ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ပြည်သူ့ဆေးရုံတွင် ခိုရိုနာ သံသယရှိ အမျိုးသားတဦး ရောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယရှိ အမျိုးသားတဦး ရောက်ရှိနေကြောင်း သတင်းရရှိသည်။   ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိ အမျိုးသား သည် အသက် ၂၃နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့် ၁၅ရက်ခန့်၌ တရုတ်ပြည် ရွှေလီမြို့...

ယခုလ လယ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်လာမည်ဟု မျှော်လင့်

0
တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေး သည် ယခုလ လယ်ပိုင်း ပုံမှန် ရောင်းဝယ်ပြန်ဖြစ်လာမည်ဟု သစ်သီးကုန်သည်များ မျှော်လင့်နေကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( နိုဗယ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောဂါ...

တရုတ်နယ်စပ် တလျှောက် အရောင်းအဝယ်အေး

0
တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နယ်စပ်တလျောက် စီးပွားရေး အရောင်းအဝယ် ကျဆင်းကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။   အဓိက တရုတ်နိုင်ငံကို မှီတင်းကာ စီးပွားရေး လုပ်နေသည့် မူဆယ်မြို့ နယ်နှင့်...

တရုတ်အရေးပေါ် အခြေအနေကြောင့် သစ်သီးဝလံ ရောင်းရန် ခက်ခဲနေ

0
တရုတ်နိုင်ငံ အရေးပေါ် အခြေအနေကြောင့် သစ်သီးဝလံများ ရောင်းရန် ခက်ခဲနေသဖြင့် မြန်မာပြည်မှ လာမည့် သစ်သီးကားများ ခေတ္တ ရပ်နားရန် မူဆယ်မြို့ သစ်သီးဝလံ ကုန်စည်ဒိုင်များ က ပြောသည်။   တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် Corona Virus (ကော်ရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကြောင့် အရေးပေါ်...

မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၀၀ ကျော် ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်လက်နက်များသိမ်းမိ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီတွင် မိုင်းဆတ်မြို့နယ် ဝမ်မိုင်(အာခါ) ကျေးရွာနေ အသက် ၄၆ နှစ်ရှိ  လော်ဘယ် ဆိုသူ၏နေအိမ်သို့  အစိုးရအာဏာပိုင်များဝင်ရောက်ရှာဖွေရာ...