Tuesday, January 27, 2026

တရုတ်အရေးပေါ် အခြေအနေကြောင့် သစ်သီးဝလံ ရောင်းရန် ခက်ခဲနေ

တရုတ်နိုင်ငံ အရေးပေါ် အခြေအနေကြောင့် သစ်သီးဝလံများ ရောင်းရန် ခက်ခဲနေသဖြင့် မြန်မာပြည်မှ လာမည့် သစ်သီးကားများ ခေတ္တ ရပ်နားရန် မူဆယ်မြို့ သစ်သီးဝလံ ကုန်စည်ဒိုင်များ က ပြောသည်။

 

Photo by ခွာညိုသစ်သီးပွဲရုံ

တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် Corona Virus (ကော်ရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကြောင့် အရေးပေါ် အခြေအနေ ဖြစ်နေသည့်အတွက် မူဆယ်ဘက်မှ တင်ပို့မည့် သစ်သီးဝလံများကို ခေတ္တ ရပ်ဆိုင်းထားခြင်းဖြစ်သည့် ဟု သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဌ ဦးစိုင်းခင်မောင် က ပြောသည်။

“ တရုတ်ပြည်က ဗိုင်းရပ်ကို မထိန်းချုပ်နိုင်သေးဘူး။ တနိုင်ငံနဲ့ တနိုင်ငံ ဝင်၊ထွက်ဖို့အတွက် သူတို့ အရမ်းတင်းကြပ်နေတယ်။ သယ်ယူပို့ဆောင်ရေး အတွက်က ခက်တယ်။ ဒါကြောင့် အသီးကားတွေ မလာဖို့ ကျနော်တို့ ထိန်းထားတာ” ဟု ဦးစိုင်းခင်မောင် က ဆိုသည်။

တရုတ် နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ကြောင့် လူစု၊လူဝေး ပျော်ပွဲ ရွှင်ပွဲများ၊ ခရီးသွားလာမှု လမ်းကြောင်းများကို တရုတ်နိုင်ငံ အစိုးရ က ကန့်သတ်ထားကြောင်း သိရသည်။

Photo by ခွာညိုသစ်သီးပွဲရုံ

ထို့ကြောင့် မြန်မာဘက်မှ တင်ပို့သည့် သစ်သီးဝလံများအား တရုတ် နိုင်ငံမှ အရေးပေါ် အခြေအနေ နှင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း ကန့်သတ်ထားမှုကြောင့် တင်ပို့မှု နှင့် ဝယ်ယူမှု ဈေးကွက်တွင် အခက်အခဲဖြစ်ပေါ်နေကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင် ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ တရုတ်ဘက်က ခရီးသွားလာဖို့ ကန့်သတ်ထားတော့ အသီးသမားတွေ အများကြီး မဆုံးရှုံးရအောင်လို့ မဆင်းလာခိုင်းတာ။ ရှုံးရင်လည်း ခြံထဲမှာပဲရှုံးဖို့။ ကားခတွေ ဂျူတီခတွေ ထပ်မကုန်ဖို့ပါ” ဟု ဦးစိုင်းခင်မောင် က ပြောသည်။

တရုတ်နိုင်ငံမှ ဝူဟန် ဗိုင်းရပ်(စ်)ထိန်းချုပ်နိုင်သည့်အချိန် ဖြစ်မှသာ အသီးကားများ တက်လာရန် လည်း ဦးစိုင်းခင်မောင် က ပြောသည်။

ယနေ့ အချိန်ထိ တရုတ်- မြန်မာ မူဆယ်မြို့နယ် အတွင်းရှိ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်၊ ရွှေနန်းတော်( အလယ်ပေါက်ဂိတ်)၊ မန့်ဝိန်းဂိတ် နှင့် ပန်ဆိုင်း (ဝမ်းတိန် ဂိတ်) တို့ ဖွင့်လှစ်ထားသော်လည်း လူဝင်၊ လူထွက် မရှိသလောက် နည်းပါးကြောင်း သိရသည်။

ဝူဟန် ဗိုင်းရပ်(စ်) မဖြစ်ပွားချိန်တွင် မူဆယ်မြို့ ဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သစ်သီးဝလံ ကားသည် တရက်လျှင် တစီးရေ ၄၀၀ခန့်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ထိ ဝူဟန်ဗိုင်းရပ်(စ်) ကူးစက်ခံရသူ ၂၇၄၄ဦးရှိပြီး သေဆုံးသူ ၈၀ ဦးရှိကြောင်း တရုတ် အစိုးရ ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ပြည်သူ့ဆေးရုံတွင် ခိုရိုနာ သံသယရှိ အမျိုးသားတဦး ရောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယရှိ အမျိုးသားတဦး ရောက်ရှိနေကြောင်း သတင်းရရှိသည်။   ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိ အမျိုးသား သည် အသက် ၂၃နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့် ၁၅ရက်ခန့်၌ တရုတ်ပြည် ရွှေလီမြို့...

ယခုလ လယ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်လာမည်ဟု မျှော်လင့်

0
တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေး သည် ယခုလ လယ်ပိုင်း ပုံမှန် ရောင်းဝယ်ပြန်ဖြစ်လာမည်ဟု သစ်သီးကုန်သည်များ မျှော်လင့်နေကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( နိုဗယ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောဂါ...

တရုတ်နယ်စပ် တလျှောက် အရောင်းအဝယ်အေး

0
တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နယ်စပ်တလျောက် စီးပွားရေး အရောင်းအဝယ် ကျဆင်းကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။   အဓိက တရုတ်နိုင်ငံကို မှီတင်းကာ စီးပွားရေး လုပ်နေသည့် မူဆယ်မြို့ နယ်နှင့်...

ရှမ်းအရှေ့ရှိ ထိုင်းနယ်စပ်ဂိတ်များဖြတ်သန်းခွင့် ပိတ်

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်နှင့် မိုင်းတုံ မြို့နယ် အတွင်းရှိ မြန်မာ- ထိုင်း နယ်စပ် ဂိတ်များ ကို ယမန်နေ့ မှ စတင် ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ လက်ရှိ တရုတ်နိုင်ငံတွင်စတင်ဖြစ်ပွားနေသည့် Nobel Corona Virus ( နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်)...