တရုတ်နယ်စပ် မူဆယ်တွင် သျှမ်းအမျိုးသားနေ့ မကျင်းပ

ယခုနှစ် ၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ကျရောက်မည့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ ကို တရုတ်- မြန်မာ နယ်စပ် မူဆယ်မြို့တွင် ကျင်းပပြုလုပ်မည် မဟုတ်တော့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ က ပြောဆိုလိုက်သည်။

Photo by ထုန်ဟွေ့လီ/ ယမန်နှစ် မူဆယ်မြို့တွင် ကျင်းပသည့် ၇၂နှစ်မြောက် သျှမ်းအမျိုးသားနေ့ ပုံ

တရုတ်နိုင်ငံတွင် အရေးပေါ် အခြေအနေဖြစ်ပေါ်နေသည့် Novel Corona Virus ( နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါ ကြောင့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ မကျင်းပရခြင်းဖြစ် ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ အဖွဲ့ဝင် စိုင်းမြတ်အောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ကျနော်တို့ ဒီနှစ်တော့ သျှမ်းအမျိုးသားနေ့ မကျင်းပတော့ဘူး။ မူဆယ်မြို့ က တရုတ်နယ်စပ် လည်း ဖြစ်တယ်။ အခုက ဝူဟန် ဗိုင်းရပ်စ်ကလည်း ဖြစ်နေတယ်။ တကယ်လို့ ကျနော်တို့ဆီမှာ ကူးစက် လာမယ် ဆိုရင် စစ်ဆေးဖို့ ၊ တားဆီးဖို့ ကလည်းမရှိ ကုသဖို့ကလည်းခက်တယ်လေ။ ဒါကြောင့် ပွဲတော်မကျင်းပတော့တာပါ” ဟု စိုင်းမြတ်အောင်က ဆိုသည်။

မူဆယ်မြို့တွင် သျှမ်းအမျိုးသားနေ့ မကျင်းပသော်လည်း သျှမ်းအမျိုးသားနေ့ သမိုင်း လက်ကမ်း စာစောင်များကို ဖြန့်ဝေသွားမည် ဖြစ်ကြောင်းလည်း စိုင်းမြတ်အောင်က ပြောသည်။

ထို့ပြင် သျှမ်းပြည် လူထုနှင့် သျှမ်းတိုင်းရင်းသားများအနေဖြင့် သမိုင်းဝင် နေ့ရက်ကြီးအား မမေ့ရန် အတွက် ဖေဖော်ဝါရီ ၇ ရက် ရောက်ပါက မိမိတို့ နေအိမ်တွင် သျှမ်းပြည်အမျိုးသားအလံကို လွှင့်ထူရန်လည်း ပွဲကျင်းပသည့် ကော်မတီ အဖွဲ့ဝင်များက တိုက်တွန်းပြောဆိုလိုက်သည်။

သျှမ်းအမျိုးသားနေ့ မှသည် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အားဖော်ဆောင်သည့် ပြည်ထောင်စုနေ့တို့ ပေါက်ဖွားလာရန်အတွက် သန္ဓေတည်ခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ရက် အတွင်း ကျင်းပသည့် ပင်လုံညီလာခံတွင် ခေးတိုင်းခေးရာဇာ တေးသီချင်းကို သျှမ်းပြည်အမျိုးသား သီချင်း၊ ဝါ၊ စိမ်း၊နီ သုံးရောင်ခြယ် အလယ်ဗဟိုတွင် လဝန်းဖြူ အလံကို သျှမ်းပြည်အမျိုးသားအလံနှင့် ဖေဖော်ရီ ၇ ရက်နေ့ကို သျှမ်းပြည်နယ်နေ့ ဟူ၍ သတ်မှတ်ခဲ့ရာ ယခုနှစ်သည် ၇၃ နှစ်မြောက် ပြည့်ပြီဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

သျှမ်းအမျိုးသားနေ့ (သို့မဟုတ်) သျှမ်းပြည်နယ်နေ့

0
ဖေဖော်ဝါရီ ၇ ရက်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းအတွင်း မေ့လျော့လို့မရသည့် အရေးပါသောနေ့တစ်နေ့ဖြစ်သည်။ ယနေ့ကို မူလအားဖြင့် “သျှမ်းအမျိုးသားနေ့” ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် “သျှမ်းပြည်နယ်နေ့” ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်လာကြသော်လည်း အခြေခံအနှစ်သာရမှာတော့ သျှမ်းကုန်းပြင်မြင့်၏ လွတ်လပ်ရေး၊ တန်းတူရေးနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ် ကို သင်္ကေတပြုထားခြင်းပင် ဖြစ်သည်။ သမိုင်းအရ...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...