ဧပြီလအတွင်း သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်ဟု RCSS/SSA ပြော
၂၀၁၇ ခုနှစ်ကတည်းက ကျင်းပခွင့်မရခဲ့သည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား လာမည့် ဧပြီလ ဆန်းပိုင်းအတွင်းကျင်းပသွားမည်ဟု တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA က နှစ်ပတ်လည်အစည်းအဝေး အပြီး ထုတ်ပြန်ကြေငြာသည်။ RCSS/SSA ၏ အကြိမ် ၂၀ မြောက် နှစ်ပတ်လည်အစည်းအဝေးအား ဖေဖေါ်ဝါရီ...
သျှမ်းလူငယ်များနေ့အထိမ်းအမှတ်ကျင်းပရန် လားရှိုးသျှမ်းလူငယ်များတွေ့ဆုံဆွေးနွေး
လားရှိုးမြို့နယ်အတွင်း သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ကျင်းပရန်အတွက် လားရှိုး သျှမ်းလူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ယနေ့မွန်းလွဲပိုင်းက လားရှိုးမြို့သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ခွဲအချိန်မှစ၍ လားရှိုးမြို့နယ်အတွင်းရှိ သျှမ်းလူငယ်ဖွဲ့ ၁၅ ဖွဲ့မှ...
SHAN -
(ဆောင်းပါးရှင်- အားဂျန် ပစ်ပါး) ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံဟော်နေရာကို လူမှုအဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုကို မကြာသေးမီက မြန်မာအစိုးရကနေ ငြင်းပယ် လိုက်ခြင်းဟာ အမျိုးသားရင်ကြားစေ့ရေး ကို အားပေးမယ်ဆိုတဲ့ ကြွေး ကြော် ထားချက်ကို ဖြောင်လိမ်ချက် အဖြစ် တိုက်ရိုက်ဖေါ်ပြလိုက်တာဖြစ်တယ်။ ယမန်နှစ် သြဂုတ်လမှာ ကျိုင်းတုံရှိ မြို့မိမြို့ဖများ ဖွဲ့ထားတဲ့ “ကျိုင်းတုံဟော်လုံ...
မူဆယ်ပြည်သူ့ဆေးရုံတွင် ခိုရိုနာ သံသယရှိ အမျိုးသားတဦး ရောက်နေ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယရှိ အမျိုးသားတဦး ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိ အမျိုးသား သည် အသက် ၂၃နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့် ၁၅ရက်ခန့်၌ တရုတ်ပြည် ရွှေလီမြို့...
မူဆယ်မြို့လယ်ခေါင် ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဈေးရပ်ကွက် မြို့လယ်ခေါင်တွင် တရုတ်ငွေလဲသည့်နေရာတွင် ယနေ့ မနက်(၆နာရီခွဲ)တွင် အမည်မသိ အမျိုးသား ၄ဦးက လာရောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ ( ဖေဖော်ဝါရီ ၂၆) ရက် မနက် ၆နာရီခွဲ အချိန်တွင် တရုတ်ငွေလဲသည့် အမျိုးသမီး ၂ဦးထံ အမည်မသိ...
နမ့်ပေါင်တွင် ပြာကျနေသည့် အလောင်း ၂လောင်း စစ်ဆေးနေဆဲ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ နမ့်ပေါင်မြို့နယ် အတွင်း မီးရှို့ခံရ သည့် အလောင်း ၂လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နမ့်ပေါင်မြို့နယ်အတွင်း တောင်ယာ အကွက်တွင် အမည်မသိ အမျိုးသမီးငယ်အလောင်းတလောင်းနှင့် ပြာကျနေပြီဖြစ်သော အလောင်း တလောင်းတွေ့ရှိကာ သက်ဆိုင်ရာမှ ယမန်နေ့ ဖေဖော်ဝါရီ ၂၄...
သိန္နီမြို့တွင် ယာဉ်တိုက်မှု ဖြစ် ကျောင်းသား၂ဦး ပွဲချင်းပြီး သေဆုံး
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကာ ကျောင်းသား ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ( ဖေဖော်ဝါရီ ၂၄) ရက်မနက် ၇နာရီခွဲ တွင် သိန္နီမြို့နယ် ကောင်းဟော် အုပ်စု ဟိုတာကျေးရွာတွင် ကျောင်းသား ၃ဦး...
မြန်မာနိုင်ငံ တွင် ခိုရိုနာ ဗိုင်းရပ်စ် ရုတ်တရက် တပြိုင်နက် တွေ့ရှိ၊ ကူးစက်လာနိုင်
မြန်မာနိုင်ငံတွင် Novel Corona Virus (ခိုရိုနာ ဗိုင်းရပ်စ်) ရုတ်တရက် တပြိုင်နက် တွေ့ရှိလာနိုင်ပြီး၊ ကူးစက်လာနိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်သည် ဖေဖော်ဝါရီ ၂၃ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ခိုရိုနာ ဗိုင်းရပ်စ် ) ကူးစက်မြန်...
မိုင်းခုတ်မြို့နယ် ကျပ်သိန်း တသောင်းကျော် မူးယစ်ဆေး ဖမ်းရ၊ တရားခံလွှတ်မြောက်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းခုတ်မြို့နယ်အတွင်း ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို သိမ်းဆည်းရမိပြီး တရားခံ လွှတ်မြောက်ကြောင်း သတင်းရရှိသည်။ မိုင်းခုတ်မြို့နယ် တန့်ဆိုင်ကျေးရွာ အုပ်စု ကျဘိုရှိး ကျေးရွာ အနီးတွင် ဖေဖော်ဝါရီ ၂၁ ရက် တွင် မူးယစ်ဆေးဝါး ကျပ်သိန်း တသောင်းကျော် ကို...
စကားပြောစက်ကိုင်သည့်ရွာသားကို သျှမ်းစစ်သားဟု အစိုးရစစ်တပ် ဖမ်းဆီး
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ က ဒေသခံတဦးအား သျှမ်းစစ်သား ဟုဆိုကာ အစိုးရတပ်မတော်၏ လှုပ်ရှားစစ်ကြောင်းတခုက ၂ ရက်ကြာဖမ်းဆီးသွားခဲ့သည်။ ဖေဖော်ဝါရီလ ၁၆ ရက် မွန်းတည့်ချိန်က ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စု ဖတ်ဖိတ် ရွာသား အသက် ၅၂ နှစ် အရွယ် လုံးစိန္တာ မှ...






