Tuesday, January 27, 2026

စကားပြောစက်ကိုင်သည့်ရွာသားကို သျှမ်းစစ်သားဟု အစိုးရစစ်တပ် ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ က ဒေသခံတဦးအား သျှမ်းစစ်သား ဟုဆိုကာ အစိုးရတပ်မတော်၏ လှုပ်ရှားစစ်ကြောင်းတခုက ၂ ရက်ကြာဖမ်းဆီးသွားခဲ့သည်။


ဖေဖော်ဝါရီလ ၁၆ ရက် မွန်းတည့်ချိန်က ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စု ဖတ်ဖိတ် ရွာသား အသက် ၅၂ နှစ် အရွယ် လုံးစိန္တာ မှ ရွာပြင်ရှိရေစင်အားသွားရောက်ပြုပြင်စဉ် တပ်မတော်စစ်ကြောင်းနှင့်တိုးမိခြင်းဖြစ်သည်။

တပ်မတော်စစ်ကြောင်းက လုံးစိန္တာအား စစ်ဆေးမေးမြန်းနေစဉ် ၄င်းအိတ်ထဲမှ စကားပြောစက် က အသံထွက်လာသဖြင့် သျှမ်းစစ်သားများ၏သတင်းပေးသူ ဟုစွပ်စွဲကာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဖတ်ဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအောင်ခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လုံးစိန္တာ က ရွာပြင်မှာ ခရီးသွားတွေသောက်တဲ့ ရေအိုးစင်ပျက်နေတာကို သွားပြင်တာ။ စစ်ကြောင်းနဲ့ တွေ့ပြီး စကားပြောစက်ပါတွေ့သွားတော့ ဖမ်းသွားတာပါ။ သူကရွာသားတယောက်ပါ ။ ဘယ်အဖွဲ့နဲ့မှ မဆိုင်ပါဘူး။ ရွာမှာဖုန်းလိုင်းမရှိလို့ရွာသားတွေ စကားပြောစက်ကိုင်ကြရတာဖြစ်ပါတယ် ” ဟု စိုင်းအောင်ခမ်း က ပြောသည်။

ထိုဖမ်းဆီးမှုကြောင့် ဖေဖော်ဝါရီ ၁၇ ရက်က လုံးစိန္တာ ၏ ဆွေမျိုး မိသားစုဝင်များက အဆိုပါစစ်ကြောင်းစခန်းချသည့်နေရာသို့ သွားရောက် ကာ ပြန်လွှတ်ပေးရန်တောင်းဆိုသော်လည်း အဆင်မပြေခဲ့ပေ။

ထို့ကြောင့် ဖေဖော်ဝါရီ ၁၈ ရက် တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အဖွဲ့ နှင့် အတူ ရပ်ရွာသူကြီးတို့စုပေါင်းကာ အဆိုပါစစ်ကြောင်းစခန်းချသည့် ၀မ့်ယိမ်းသို့ ထပ်မံလိုက်သွားရာ လုံးစိန္တာသည်မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ နှင့် မှ ဆက်သွယ်ခြင်းမရှိကြောင်း ထောက်ခံပြောဆိုရာမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း စိုင်းအောင်ခမ်း က ပြောပြသည်။

“ကျနော်တို့ မြင်တော့ သူ့ဘယ်မျက်လုံး ရောင်နေတယ်။ စစ်ဆေးတာခံရတယ်ထင်တယ်” ဟု စိုင်းအောင်ခမ်း က ဆိုသည်။

ဖတ်ဖိတ်ရွာသားအား ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်မတော်သည် သျှမ်းပြည်တောင်ပိုင်း လင်းခေး၊ မိုင်းပန် ဘက်တွင် လှုပ်ရှားနေသည့် စစ်ကြောင်းဖြစ်ကြောင်းသိရသည်။ သို့သော် တပ်ရင်းအမှတ်တော့မသိရပေ။

ဖေဖော်ဝါရီ ၁၅ ရက်က ပင်လုံမြို့ နောင်လိုင်ကျေးရွာ အုပ်စု ဘက်တွင် သေနတ်သံ ထွက်ပြီးနောက်ပိုင်း ကျေးရွာအတွင်း အစိုးရစစ်ကြောင်းက စစ်ဆေးမေးမြန်းမှုများ ရှိလာကြောင်း နောင်လိုင်ရွာသားတဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အရင်က အစိုးရစစ်ကြောင်းတွေ ရွာကိုဖြတ်သန်းသွားလာတာ အေးဆေးပဲ။ ၁၅ ရက်တုန်းက သေနတ်သံကြားတော့ မေးမြန်းမှုတွေရှိလာတယ်။ အဓိက စကားပြောစက်ရှိလားလို့မေးတယ်” ဟု ၎င်း အမျိုးသား က ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

နောင်လိုင်ကျေးရွာအုပ်စု ဖတ်ဖိတ်ကျေးရွာသည် ပင်လုံမြို့ နှင့် ၄ မိုင်ကျော် ကွာဝေးသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

0
သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍...