Tuesday, January 27, 2026

နမ့်ပေါင်တွင် ပြာကျနေသည့် အလောင်း ၂လောင်း စစ်ဆေးနေဆဲ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ နမ့်ပေါင်မြို့နယ် အတွင်း မီးရှို့ခံရ သည့် အလောင်း ၂လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။

 

Photo by ဒေသခံ တဦး

ဖေဖော်ဝါရီ ၂၂ ရက်နေ့က နမ့်ပေါင်မြို့နယ်အတွင်း တောင်ယာ အကွက်တွင် အမည်မသိ အမျိုးသမီးငယ်အလောင်းတလောင်းနှင့် ပြာကျနေပြီဖြစ်သော အလောင်း တလောင်းတွေ့ရှိကာ သက်ဆိုင်ရာမှ ယမန်နေ့ ဖေဖော်ဝါရီ ၂၄ က လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ စစ်ဆေးမှုပြုနေကြောင်း နမ့်ပေါင် ဒေသခံ စိုင်းထွေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အလောင်း တလောင်းကတော့အမျိုးသမီး အလောင်းပါ။ အသားစတွေမြင်ရသေးတယ်။ အသက်ကတော့ ငယ်သေးတယ်။ နောက်တယောက် က ပြာကျသွားပြီ။ အမျိုးသားလား အမျိုးသမီး လားဆိုတာ မသိဘူး” ဟု စိုင်းထွေး က ပြောပြသည်။

အဆိုပါ မီးရှုှိ့ ခံရသည့် အလောင်း ၂လောင်း သည် နမ့်ပေါင်အနီးတဝိုက်တွင် နေထိုင် သူများမဖြစ်နိုင်ကြောင်း၊ ထိုမီးရှို့ခံရသည့်နေရာသည် နမ့်ပေါင် ဒေသခံများ သွားလာလေ့မရှိသည့်နေရာဖြစ်ကြောင်းလည်း နမ့်ပေါင် ဒေသခံများ ကပြောသည်။

“ နမ့်ပေါင် နဲ့အနီးတဝိုက်က လူတွေ မဖြစ်နိုင်ဘူး။ တကယ်လို့နမ့်ပေါင်က ဘယ်သူပျောက်လဲဆိုတာသိနိုင်တယ်လေ။ အခုက ဘာအသံမှ မကြားရ ဘူး။ သက်ဆိုင်ရာကတော့ စစ်ဆေးနေတယ်” ဟု နမ့်ပေါင် ဒေသခံ စိုင်းလှ က ပြောသည်။

ထိုသို့မီးရှို့လိုက်ခြင်းမှာ အလောင်းဖျောက်ချင်သည့်သဘောဖြစ်ကြောင်း၊ လက်ရှိမှာ ထို မီးရှို့ခံရသည့်အလောင်းသည် ပိုင်ရှင် မပေါ်သေးကြောင်းလည်း စိုင်းလှ က ပြောသည်။

ပြာကျသည့် အလောင်းနှင့် ပတ်သက်ပြီး နမ့်ပေါင် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

နမ့်ပေါင်သည် လားရှိုးမြို့ အရှေ့တောင်ဘက် ၂၀မိုင်ခန့် ဝေးကွာ ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

တန့်ယန်းမြို့နယ် တောင်သူများ ရိတ်သိမ်းထားသည့် စပါးပုံ မီးရှို့ဖျက်ဆီးခံရ

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု နမ့်ပါတက်ကျေးရွာ တွင် ယမန်နေ့ (နိုဝင်ဘာလ ၂၁) ရက် မွန်းလွဲပိုင်းအချိန်၌ တောင်သူများရိတ်သိမ်းထားသည့် စပါးပုံမီးရှို့ဖျက်ဆီးခံရကြောင်း သတင်းသိရသည်။ နမ့်ပါတက် ကျေးရွာနေ လုံးစိုင်းပေါင်း နှင့် ပါနန်းယဥ် တို့ ပိုင်ဆိုင်သည့် လယ်မှ ရိတ်သိမ်းထားသည့် စပါးပုံ နှစ်ပုံ...

လွိုင်ကော် PNDF အခြေစိုက် စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှိုးသွား

0
ကယားပြည်နယ် လွိုင်ကော်မြိုနယ် တောင်ကြောပေါ်ကုန်းသာ အနီးတွင်ရှိသော ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ PNDF အခြေစိုက်စခန်းကို စစ်ကောင်စီမှဝင်ရောက်စီးနင်းခဲ့ပြီး စခန်းကို မီးရှိုးခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၅ ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၄ နာရီတွင် စစ်ကောင်စီမှ...

ရွှေညောင်မြို့နယ်မှ ပြောင်းခင်းတစ်ခု မီးရှို့ခံရ/ တန်ဖိုး ကျပ်သိန်း ၄၀ ကျော် ဆုံးရှုံး

0
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် လင်လန်မြောက်ကျေးရွာအုပ်စုမှ ပြောင်းခင်း တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး တန်ဖိုးငွေကျပ်သိန်း ၄၀ ကျော် ဆုံးရှုံးကြောင်းသတင်းသိရသည်။  ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် လင်လန်မြောက် ကျေးရွာအုပ်စုရှိ အောင်ချမ်းသာ ကျေးရွာသားပိုင်သည့် ပြောင်းခင်းသည် မီးရှို့ခံရခြင်းဖြစ်ကြောင်း အသက်...