Tuesday, January 27, 2026

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူများတွေ ဈေးဆိုင်သိမ်းပြီး ပြန်တဲ့အချိန်မှာ လူ (၄)ဦးက မီးရှို့သွားတာလို့သိရတယ်။ ဈေးစောင့်က ရှိပေမဲ့ နဲနဲမူးနေတာဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိလိုက်ဘူးတဲ့။ ရှိသမျှလူ အကုန်လုံး ဝိုင်းငြိမ်းပေးခဲ့ရတာ။ တခြားဆိုင်ခန်းတွေ မီးမကူးလို့ တော်သေးတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ မီးရှို့သွားသည့် လူ(၄)ဦးကို ရဲဌာနမှ လိုက်လံစုံစမ်းနေပြီး ယနေ့ (ဒီဇင်ဘာ ၁၇)ရက် အထိ မဖမ်းမိသေးကြောင်း မီးဟပ်သော အခြားဈေးဆိုင်ခန်းများကိုလည်းသက်ဆိုင်ရာက ပစ္စည်းများကိုလည်း နေရာရွှေ့ခွင့်မပေးသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ ဈေးဆိုင်ခန်း မီးရှို့ခံရခြင်းသည် အချင်းချင်းကြား မနာလိုမှု၊ ရန်ငြိုးရန်စ ရှိနိုင်ကြောင်း မြို့ခံများက ပြောသည်။

“မီးရှို့တဲ့သူလည်း ဖမ်းမမိသေးဘူးဆိုတော့ ဈေးရောင်းတဲ့ ပစ္စည်းတွေ ဒီတိုင်း ထားခဲ့ရမှာ စိမ်မချဘူး။ မီးရှို့ခံရမှာ အခိုးခံရမှာ စိတ်ပူတာ။”ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ဆောင်းရာသီ ခြောက်သွေ့ကာလ ဖြစ်လာသောကြောင့် မီးဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ပြီး ဂက်စ်အိုးများကိုလည်း သတိရှိစွာ အသုံးပြုသင့်ကြောင်း အဆိုပါ ဈေးသည် အမျိုးသမီးက ပြောသည်။

ယခုကဲ့သို့ ဆီဆိုင်မြို့တွင် ဈေးဆိုင်ခန်းများ မီးရှို့ခံရသည့် ဖြစ်စဉ်မျိုး မရှိခဲ့ဖူးသော်လည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက စစ်ကော်မရှင်၏ လက်နက်ကြီးကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီးသွားခဲ့၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ (၃၀)ရက်မှ ဆီဆိုင်မြို့မဈေးကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၊ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ...

နမ့်ခမ်း TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင် ရောင်းချမည် ဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို ပိတ်သိမ်းပြီး လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့်...

တောင်ကြီး အားကစားကွင်းဘေးရှိ ဈေးဆိုင်ခန်းများကို ဖယ်ရှားခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအနီးရှိ အာကစားကွင်း ဘေးပတ်ပတ်လည်မှ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်မှစပြီး ဆိုင်ခန်းများကို တိုက်ခန်းလစာငွေ ကောက်ခံခြင်းမပြုတော့ဘဲ ဆိုင်ခန်း၊တိုက်ခန်းနေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံ နှင့် ရေကူးကန်၊ လူငယ်ရေးရာ...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊...