တောင်ကြီး အားကစားကွင်းဘေးရှိ ဈေးဆိုင်ခန်းများကို ဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအနီးရှိ အာကစားကွင်း ဘေးပတ်ပတ်လည်မှ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်မှစပြီး ဆိုင်ခန်းများကို တိုက်ခန်းလစာငွေ ကောက်ခံခြင်းမပြုတော့ဘဲ ဆိုင်ခန်း၊တိုက်ခန်းနေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံ နှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သျှမ်းပြည် အားကစားနှင့် ကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

တောင်ကြီးမြို့ ဘောလုံးကွင်းသည် သျှမ်းပြည် အားကစားနှင့် ကာယပညာဦးစီးဌာန ပိုင်မြေဖြစ်ပြီး ထိုဘော်လုံးကွင်း ပတ်ပတ်လည်ရှိ ဆိုင်ခန်းများကို အားကာထံမှ ငှားရမ်းဖွင့်လှစ်ထားကြောင်း သိရသည်။

“စာတော့ ထုတ်ထားပြီ ပြောင်းရွှေဖို့ပဲကျန်တော့တာ။ဒီလကုန် အပြီး ရွှေ့ရမယ် ပြောတာ။ တစ်ချို့ ကြတော့လည်း နေဖို့ နေရာ ရှာနေရပြီ။ အဲတိုက်ခန်းတွေ အကုန်ဖျက်ပြီး သူတို့ စီမံကိန်းအသစ်တွေ လုပ်မယ် လို့ကြားတယ်။”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဘောလုံးကွင်း ဘေးပတ်ပတ်လည်တွင် ဆိုင်ခန်း၊ တိုက်ခန်းပေါင်း ၂၀၀ ကျော်ပြီး အများစုမှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင်နှင့် ပုံနှိပ်ဆိုင်များ ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ တိုက်ခန်းများ၊ဆိုင်ခန်းများကို တစ်လအတွင်း ဖယ်ရှားခိုင်းမှုကြောင့် တိုက်ခန်းတွင် ငှားရမ်းနေထိုင်သူများနှင့် တိုက်ခန်းဝယ်ယူထားသူများ အခက်ကြုံနေရပြီး နေရာသစ်ထပ်မံငှားရမ်းရန် ငွေကြေး အခက်ခဲ ဖြစ်နေကြောင်း သိရသည်။

“တိုက်ခန်းခက တစ်လမှ ၁သိန်းလောက်ပဲရှိတယ်၊ ဒါတောင် မိသားစုလိုက်နေလို့ရလို့ ဈေးသင့်တယ် ပြောရမယ်။ နေရာပြောင်းဖို့ ရှာနေတာ ဈေးက ၅သိန်းအောက် မရှိဘူး။ ကိုယ့်လစာဝင်ငွေနဲ့ နေထိုင်ဖို့တောင် မလောက်ဘူး။ ကုန်ဈေးနူန်းတွေကြောင့် ထင်တယ် အကုန်ဈေးတက်ကုန်တာ။ မဖြစ်မနေတော့ ပြောင်းရမှာပဲ။” ဟု တိုက်ခန်းငှားရမ်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် ကရင်နီပြည်၊ သျှမ်းမြောက်နှင့် ပင်လောင်း၊ ဖယ်ခုံဘက်မှ စစ်ဘေးရှောင်များအပြင် မြေပြန့်ဒေသက စစ်ဘေးရှောင်များသည် တောင်ကြီးမြို့တွင် လာရောက်ခိုလှုံနေပြီး အိမ်ငှားခ ဈေးနူန်းများလည်း မြင့်တက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ အစောပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တောင်ကြီးမြို့ကို လာရောက်ပြီး ဘော့လုံးကွင်း အဆင့်မြှင့်တင် တည်ဆောက်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...