ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊ စစ်ဘေးရှောင်ရန် ကျန်ရှိနေသေးသည့် နောင်ထောင်ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံ သိရသည်။

လက်ရှိ စစ်ကောင်စီဘက်မှ တဖက်သတ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆီဆိုင်ဒေသခံများသည် တကြော့ပြန်တိုက်ပွဲများဖြစ်သွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“ မြို့ပြင်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းထုနေတော့ နောင်ထောင်ဘက်မှာ မရှောင်ရသေးတဲ့ခြံသမားတွေလည်း အခုဆိုရင် ထော်လဂျီတွေနဲ့ ရှောင်နေပြီ။ မနေ့က လက်နက်ကြီးလေးလုံးလောက်ပစ်တယ်။ နောက်ထပ် တိုက်ပွဲဖြစ်မှာတော့ ကြောက်တယ်” ဟု ဆီဆိုင်မြို့က အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နောင်ထောင်ကျေးရွာအတွင်းရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့က ထိုးစစ်ဆင်နေပြီး ထိတွေ့တိုက်ပွဲဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေသည့် လက်နက်ကြီးများသည် နောင်ထောင် ကျေးရွာများ၏ စိုက်ပျိုးရေးခြံထဲကျရောက်သဖြင့် ခြံလုပ်သားများလည်း စစ်ဘေးရှောင်နေရသည်။

ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း (၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိရွှေ့ပြောင်းခိုင်းခဲ့သည်။

ထိုအချိန်တွင် လယ်ယာစိုက်ပျိုးရန် အတွက် နောင်ထောင်ကျေးရွာအုပ်စုထဲတွင် ကျန်ရှိခဲ့သည့်သူများရှိသည်။

“ PNO ထွက်ခိုင်းတုန်းက စိုက်ခင်းတွေ ပေါင်းမရှင်းရသေးလို့ မထွက်လိုက်ဘူး။ ခုတော့ သူတို့က လက်နက်ကြီးနဲ့ ရမ်းပစ်တော့ စိုက်ခင်းနား တောင်ထဲတွေ လာလာကျတော့ မလုံခြုံတော့ဘူး။ စိုက်ထားတဲ့ အပင်တွေက ပြုစုဖို့ မလိုတော့ဘူးကော ။ဒါကြောင့် ရွာက ထွက်လာလိုက်တာ။”ဟု ခြံလုပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ နောင်ထောဝ်ကျေးရွာအုပ်စုအတွင်း ပြောင်း၊နှင့် စပါးအများဆုံးစိုက်ပျိုးကာ စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။

လက်ရှိ ထပ်မံစစ်ဘေးရှောင်သည့် နောင်ထောင် ကျေးရွာဒေသခံများသည် ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာ ရှိ ဓမ္မာရုံတို့တွင် ခိုလှုံနေရပြီး၊ စစ်ရှောင်နေထိုင်သူ များပြားလာသောကြောင့် နေရာထိုင်ခင်းနှင့် အစားသောက်များလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

နောင်ထောင်ကျေးရွာသည် ဆီဆိုင်မြို့နှင့်တစ်နာရီကျော်ကွာဝေးပြီး၊ ဆီဆိုင်မြို့သို့သွားရာတွင်လည်း PNO၏ ဂိတ် လေးခုကို ဖြတ်သန်းရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...