Tuesday, January 27, 2026

တန့်ယန်းမြို့နယ် တောင်သူများ ရိတ်သိမ်းထားသည့် စပါးပုံ မီးရှို့ဖျက်ဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု နမ့်ပါတက်ကျေးရွာ တွင် ယမန်နေ့ (နိုဝင်ဘာလ ၂၁) ရက် မွန်းလွဲပိုင်းအချိန်၌ တောင်သူများရိတ်သိမ်းထားသည့် စပါးပုံမီးရှို့ဖျက်ဆီးခံရကြောင်း သတင်းသိရသည်။

ဖျက်ဆီးခံရသည့် စပါးပုံ

နမ့်ပါတက် ကျေးရွာနေ လုံးစိုင်းပေါင်း နှင့် ပါနန်းယဥ် တို့ ပိုင်ဆိုင်သည့် လယ်မှ ရိတ်သိမ်းထားသည့် စပါးပုံ နှစ်ပုံ အနက် စပါး ၈ တင်း ခန့်ရှိသည့် စပါးပုံအကြီးက မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စပါးက ရိတ်ထားပြီး ပုံထားတာ တစ်ပတ်တောင် မပြည့်သေးဘူး၊ မနေ့က မွန်းလွဲပိုင်းအချိန်လောက်က မီးရှို့ဖျက်စီးခံရတာ၊ အဲ့အနီးမှာ လာဆော့တဲ့ ကလေးတွေက မီးရှို့သွားတယ်လို့ပဲ ပြောကြပေမဲ့ ဘယ်က ကလေးတွေ မှန်းမသိရဘူး၊ အခုလိုဖြစ်ရတော့ ပိုင်ရှင်တွေလည်း အရမ်းကို စိတ်ထိခိုက်နေကြတယ်။”ဟု အထက်ပါ ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးရှို့ခံရသည့် စပါးပုံ

စပါးဆုံးရှုံးမှုတန်ဖိုးသည် ကာလတန်ဖိုးအရ ငွေကျပ် ၁၀ သိန်းထက်မနည်း ဆုံးရှုံးရပြီး တစ်နှစ်လုံး ပင်ပန်းထား သမျှနှင့် အရင်းအနှီးများကြောင့် ပိုင်ရှင် မိသားစုတို့က စိတ်ထိခိုက် ကြေကွဲနေကြောင်း သိရသည်။

လက်ရှိကာလအချိန်သည် ပွင့်လင်းခြောက်သွေ့ရာသီ ဖြစ်လာသည့်အတွက် မီးဘေးအန္တရာယ်များကို အထူး ဂရုစိုက်ကြရန် လိုအပ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

တန့်ယန်းမြို့ ကုန်စုံဆိုင်မီးလောင် ငွေကျပ်သိန်းရာ နှင့်ချီ ဆုံးရှုံးမှု ရှိနေ

0
သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စုရှိ ကုန်စုံဆိုင်တွင် မီးလောင်မှု ဖြစ်ပွားပြီး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ရာချီ ဆုံးရှုံးမှု ရှိနေကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၃) ရက် ညပိုင်း ၉ နာရီဝန်းကျင်တွင် တန့်ယန်းမြို့နယ် မိုင်းတွမ်းကျေးရွာအုပ်စု၊ ပန်အုမ်ကျေးရွာရှိ ကုန်စုံဆိုင်သည် မီးလောင်မှု...

တန့်ယန်းမြို့ ဝင်လာသည့် လိုင်စင်မဲ့ကား တစ်စီး ကျပ်ငွေ ၅သိန်း ကောက်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့အဝင်သို့ ဝင်လာသည့် လိုင်စင်မဲ့ ကားသစ်များကို တစ်စီးလျှင် ငွေကျပ် ငါးသိန်းနှုန်း ဖြင့် စစ်ကောင်စီများက အခွန်ကောက်ခံ တောင်းယူနေကြောင်း သတင်းသိရသည်။ တန့်ယန်းမြို့အဝင်တွင် တရားမဝင်ဂိတ်ကြေး၊ တံတားကြေး၊ တပ်ထိန်းကြေး၊ ယာဉ်ထိန်းကြေး အပါအဝင် တရားမဝင် ဆက်ကြေးများ ကောက်ခံလာဘ်စားပြီး လိုင်စင်မဲ့ကားတစ်စီးကို ငွေကျပ်...