Tuesday, January 27, 2026

တန့်ယန်းမြို့ ကုန်စုံဆိုင်မီးလောင် ငွေကျပ်သိန်းရာ နှင့်ချီ ဆုံးရှုံးမှု ရှိနေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စုရှိ ကုန်စုံဆိုင်တွင် မီးလောင်မှု ဖြစ်ပွားပြီး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ရာချီ ဆုံးရှုံးမှု ရှိနေကြောင်း သိရသည်။

တန့်ယန်းမြို့နယ် ကုန်စုံဆိုင်မီးလောင်

ယမန်နေ့ (ဇူလိုင် ၃) ရက် ညပိုင်း ၉ နာရီဝန်းကျင်တွင် တန့်ယန်းမြို့နယ် မိုင်းတွမ်းကျေးရွာအုပ်စု၊ ပန်အုမ်ကျေးရွာရှိ ကုန်စုံဆိုင်သည် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခြင်ဆေးခွေ ထွန်းထားလို့ မီးပွားတာလို့ ထင်ပါတယ်။ ဆိုင်ထဲမှာလည်း တော်တော်များများက ကုန်အခြောက်တွေ ဆိုတော့ မီးကူးလွယ်တယ်လေ။ တစ်ဆိုင်လုံး မီးထဲပါသွားတယ်။ ဘာမှ မယူနိုင်ဘူး။ နောက်တစ်ဆိုင်ကိုတော့ မီးကူးသေးတယ်။ အဲ့ဒါကိုတော့ အချိန်မှီ မီးသတ်နိုင်ခဲ့တယ်၊ အဲ့ကုန်စုံဆိုင် မီးလောင်မှုကြောင့် ကျပ်သိန်း ၄၀၀ ကျော် ရှုံးတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းတွမ်းကျေးရွာ အုပ်စုသည် လားရှိုးမြို့နယ် နှင့် တန့်ယန်းမြို့နယ် ကြားရှိ တည်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် ကုန်စုံဆိုင်မီးလောင်

“မီးလောင်မှု ဖြစ်တဲ့နေရာက မြို့နဲ့လည်း ဝေးနေတော့ မီးသတ်ကားတွေကလည်း အချိန်မှီမရောက်နိုင်ဘူးပေါ့၊ ပြီးတော့ လမ်းကလည်း ခက်ပါတယ်၊ အဲ့ဒါကြောင့်မို့ ပျက်စီးဆုံးရှုံးမှုတွေက များရတာ။ နောက်တစ်ခုကလည်း လာရောက် ကူညီပေးမယ့် အဖွဲ့တွေ ရွာထဲ အထိ ရောက်နိုင်ဖို့က မလွယ်ဘူး” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မီးလောင်မှု ဖြစ်ပွားသည့် ကုန်ဆုံဆိုင်သည် တစ်ထပ်အုတ်တိုက် ဖြစ်ပြီး ဆိုင်ခန်း တစ်ခု နှင့် တစ်ခု ချိတ်ဆက်လျက်ရှိသည့် အတွက် မီးများ ကူးသွားကြောင်း၊ မီးကူးသည့် ဆိုင်ခန်းကို ရွာသားများ ဝိုင်းဝန်းကူညီ ငြိမ်းသတ်သည့်အတွက် အချိန်မှီ မီးငြိမ်းသတ်နိုင်သော်လည်း မီးစလောင်သည့် ဆိုင်ခန်းကိုမူ တစ်ဆိုင်လုံးပြာကျသွားကြောင်းသိရသည်။

အဆိုပါ ဇူလိုင်လ ၃ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် အောင်ပန်းမြို့နယ် အမှတ် (၃) ရပ်ကွက် နယ်မြေ (၉) ရပ်ကွက်အတွင်းရှိ တော်ဝင်ပညာရေး မိသားစု အဆောင် မီးလောင်မှု ဖြစ်ပြီး ကျောင်းသုံး အထောက်အကူပြု ပစ္စည်းများစွာ ဆုံးရှုံးသွားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...