Friday, October 11, 2024

ရွှေညောင်မြို့နယ်မှ ပြောင်းခင်းတစ်ခု မီးရှို့ခံရ/ တန်ဖိုး ကျပ်သိန်း ၄၀ ကျော် ဆုံးရှုံး

Must read

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် လင်လန်မြောက်ကျေးရွာအုပ်စုမှ ပြောင်းခင်း တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး တန်ဖိုးငွေကျပ်သိန်း ၄၀ ကျော် ဆုံးရှုံးကြောင်းသတင်းသိရသည်။ 

ပြောင်းခင်းပုံ

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် လင်လန်မြောက် ကျေးရွာအုပ်စုရှိ အောင်ချမ်းသာ ကျေးရွာသားပိုင်သည့် ပြောင်းခင်းသည် မီးရှို့ခံရခြင်းဖြစ်ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“အဲ့နေ့မှာ ကျနော်တို့က ယာခင်းကို မသွားကြဘူး၊ မီးလောင်တာကိုတော့ အနီးပြောင်းခင်းနေတဲ့ သူတွေ ဝိုင်းငြိမ်း လိုက်လို့ ယာခင်းရဲ့ သုံးပုံနှစ်ပုံလောက်ကို မီးလောင်သွားတယ်၊ ပြောင်းထုပ် ၃ ထုပ်စာ နှစ်ဧက ကျော်က မီးထဲပါ သွားတယ်၊ ငွေကြေးတန်ဖိုးတော့ သိန်း ၄၀ လောက်ဆုံးရှုံးသွားတယ်” ဟု အထက်ပါ အမျိုးသား က ပြောသည်။ 

အဆိုပါ မီးလောင်မှုသည် မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို ခြံပိုင်ရှင် အနေဖြင့် အတည်မပြုနိုင်သေး ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ 

“မီးရှို့ခံရတဲ့ ပြောင်းခင်းနဲ့ အနီးမှာ ပြောင်းချိုးနေတဲ့ ရွာသားတွေပြောတာကျတော့ တောကြွက်တွေ ထောင်တဲ့ သူက မီးရှို့လိုက်သလိုလို၊ မူးယစ်ဆေးသုံးသူတွေကပဲ ရှို့သွားသလိုလိုပြောနေကြတယ်၊ ခြံပိုင်ရှင်ကလည်း ဘယ်သူနဲ့မှ ရန်ငြိုးရန်စ မရှိဖူးတော့ သူကိုယ်တိုင်ကလည်း ဘယ်သူလာရှို့သွားမှန်းကို မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ 

ထို့အပြင် လင်လန်မြောက်အုပ်စု အတွင်း၌ ပြောင်းခိုးသူများ၊ မူးယစ်ဆေးသားကောင်များက ပြောင်းခင်းများ အတွင်း ဝင်ရောက်ကာ ခိုးယူမှုများလည်း အဆက်မပြတ်ရှိနေကြောင်းလည်း ဒေသခံမျာက ပြောသည်။ 

အဆိုပါ မူးယစ်သားကောင်များ ပြောင်းခိုးသူများကို သိရှိပါက ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ PNO/PNA မှ ဖမ်းဆီး ထိန်းသိမ်းထားပြီး အာမခံ လျော်ကြေးငွေနှင့် အတူ ပြန်လွှတ်ပေးကြောင်းလည်း သိရသည်။ 

Leave a Comments

- Advertisement -spot_img

Latest article