ပြောင်းချိုးသူမရှိ ပြောင်းခင်းပိုင်ရှင် အခက်အခဲကြုံ

သျှမ်းပြည် တောင်ပိုင်းတွင် ပြောင်းချိုးသူများမရှိသဖြင့် ပြောင်းခင်းပိုင်ရှင်များ အခက်အခဲများဖြစ်နေကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်တွေ စိုက်ထားတဲ့ပြောင်းခင်း

သျှမ်းပြည် တောင်ပိုင်း ပြီးခဲ့သည့်နှစ်တွင်မိုးများ၍ နေရာဒေသအချိုးတွင် ပြောင်းအစိုများနေပြီး ပြောင်းချိုးသူများလည်း ရှားပါးနေသောကြောင့် ပြောင်းခင်းပိုင်ရှင်လည်း စိုးရိမ်မှုများရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ပြောသည်။

“ကျနော်တို့ ရောင်းတဲ့လူတွေကြတော့ ဈေးတက်ဖို့မျှော်လင့်ရတာပေါ့။အဲ့တိုင်းခြုံထဲမှာ အကြာကြီး ထားရတာ အဆင်မပြေဘူးလေ။ တချို့အပင်တွေဆိုမြေနဲ့ထိပြီး အညှောင်တောင် ထွက်ပြီးလေ အဲ့လိုတွေဆိုရင် ရှုံးပြီလေ။ ”ဟု ပြောင်းစိုက်သူ အသက် ၅၀ ဝန်းကျင် အမျိုသားတစ်ဦးက ပြောသည်။

ပြောင်းခင်းစိုက်ထားသော လူများလည်း ပြောင်းချိုးဖိုးလူခေါ်ရာမှာ ခက်ခဲနေပြီး ငှားသူတစ်ဦး ယခင်က တစ်ရက်လျှင် အမျိုးသားတစ်ဦးလျှင် ၁သောင်း၂ထောင်ကျပ် နှင့် အမျိုးသမီး တစ်ဦးလျှင် တစ်သောင်းကျပ်ပေးရ သော်လည်း ယခုနှစ်တွင် အမျိုးသားတစ်ဦးလျှင် ၁သောင်း ၆ထောင်၊အမျိုးသမီးတစ်ဦးလျှင် ၁သောင်း ၃ထောင်ထိပေးရသည်။

ပြောင်းခင်း

သို့သော်လည်း ပြောင်းချိုးရန် လူရှားနေသည့်အတွက် ပြောင်းခင်းများကို စိုးရိမ်နေရကြောင်း ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

နိုင်ငံရေးရှုပ်ထွေးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဓာတ်မြေသြဇာစျေးနှုန်းလည်း အလိုအလျောက် စျေးတက်နေသဖြင့် ပြောင်းစျေးသည် တစ်ပိဿာလျှင် ကျပ် ၁၀၀၀ အောက်အထိ စျေးကျနေကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြောင်းဖူး ပိဿာ ၃၀ တစ်အိတ်လျှင် ၂၈၀၀၀ ကျပ်မှ ၂၉၀၀၀ ကျပ်အထိ ဈေးပေါက်သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် ပိဿာ ၃၀ တစ်အိတ်ကလျှင် ၂၆၀၀၀ မှ ၂၇၀၀၀ ကျပ်ခန့်သာ ဈေးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...