CATEGORY

သတင်း

ကျေးသီးမြို့နယ် စစ်ရှောင် ၂၆၀ ကျော် လက်ရှိ အချိန်ထိ နေရပ်မပြန်သေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော် ၃ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် သျှမ်းပြည် တောင်ပိုင်း ကျေးသီးတွင် စစ်ဘေးရှောင် ၂၆၀ ကျော် ရောက်လာကြောင်း သတင်းရရှိသည်။   ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာ အုပ်စု ဖတ်နမ်ရွာ ဘုန်းကြီးကျောင်းတွင် တိုက်ပွဲကြောင့်စစ်ရှောင်...

ကွတ်ခိုင်မြို့နယ် ကျပ်သိန်း ၃၈ ဘီလီယံ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း ပိုင်ရှင်မဲ့ သိမ်းဆည်းရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ကျပ်သိန်း ၃၈ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းရရှိသည်။   ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် ဖေဖော်ဝါရီ ၂၈ ရက် နှင့် ၂၉ ရက် တွင်...

ငြိမ်းချမ်းရေး ထိခိုက်မည် ကို စိုးရိမ်သဖြင့် RCSS/SSA တပ်စခန်းရှောင်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲ သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် တပ်စခန်းရှောင်လိုက်ရခြင်းဖြစ်သည် ဟု RCSS/SSA ကပြောသည်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ဖေဖော်ဝါရီ ၂၇ ရက် မနက် မှ စတင်ကာ သျှမ်းပြည် ပြန်လည်...

ကိုရိုနာကပ်ရောဂါကြောင့် ပျက်နေသည့် တရုတ်နယ်စပ် မူစယ်သစ်သီးစျေး ယနေ့ရောင်းအားပြန်ကောင်းလာ

တရုတ်နိုင်ငံတွင်စတင်သည့် ကိုရိုနာကူးစက်မြန်ရောဂါကြောင့် သျှမ်း-တရုတ်နယ်စပ်ဂိတ်များတွင် သျှမ်းပြည်ထွက် သစ်သီးဝရံ များ ရောင်းအားကျကာ ခေတ္တပိတ်သိမ်းထားရာမှ ယခု အပတ်အတွင်း ရောင်းဝယ်အားပြန်ကောင်းလာကြောင်း သိရှိရသည်။ ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှ စ၍ ယနေ့အထိ တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် သစ်သီးဒိုင်၊ သစ်သီးဝရံစျေး တွင် တရုတ်နိုင်ငံမှ...

ဘာဝနာတရားပွားများသည့်ဂူအနီး သစ်မခုတ်ဖို့အမဲမလိုက်ဖို့ မိုင်းဖုန်းဆရာတော် မေတ္တာရပ်ခံ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်း မိုင်းဖုန်းဆရာတော် ဝဇီပိတ် အဓိဌာန် သုံးနှစ်ဖြင့် ဘာဝနာတရား အားထုတ်ကျင့်ကြံနေထိုင်ရာ ဓမ္မဟိန်း အမည်ရ မိုင်းကျက်ဂူတော် ပရဝုဏ်အနီး သစ်တောများမခုတ်ဖို့၊ တောရိုင်း တိရစ္ဆာန်အား အမဲလိုက်ခြင်း ပစ်ခတ်သတ်ဖြတ်ခြင်းမပြုဖို့ မိုင်းဖုန်းဆရာတော်က မေတ္တာရပ်ခံစာ တစောင် ရေးသားဖြန့်ဝေလိုက်သည်။ မိုင်းဖုန်းဆရာတော် ဘုရား၏ မေတ္တာရပ်ခံစာကို ပြီးခဲ့သည့်...

မူဆယ်မြို့တွင်လှုပ်ရှားနေသည့် ပြည်သူ့စစ်များ မိမိဌာနေပြန်ရန် တပ်က အကြောင်းကြား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များ ဌာနေ ပြန်ရန် တပ်မတော်က အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက် က အစိုးရ တပ်မတော် မှ မူဆယ်မြို့နယ် အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ရာ ပြောဆိုခဲ့ခြင်းဖြစ်သည် ဟု...

မိုင်းကိုင်မြို့နယ် တွင် RCSS နှင့် တပ်မတော် ယနေ့ထိ တိုက်ပွဲ တင်းမာနေဆဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော် တို့ ယနေ့ချိန်ထိ စစ်ရေး တင်းမာ မှု ရှိနေသေးကြောင်း သတင်းရရှိသည်။   မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်( RCSS/SSA) နှင့် အစိုးရတပ်မတော်သည်ယမန်နေ့...

လားရှိုးမြို့နယ်အတွင်း အစိုးရတပ် လူ့အခွင့်အရေးချိုးဖေါက်နေသည်ဟုသျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ပြော

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်ကျေးလက်ဒေသခံများအပေါ် အစိုးရတပ်မတော်က လူ့အခွင် ့အရေးချိုးဖေါက်နေသည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့်အဆိုပါအစီရင်ခံစာတွင် အစိုးရ တပ်မတော်သည် ၄င်းတို့တပ်စခန်းတည်ဆောက်ရေးအတွက် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုဝင် ၁၁ ရွာ မှ ရွာသူရွာသား အယောက်တစ်ရာကျော်အားအဓမ္မ လုပ်အားခိုင်းစေသည့်အပြင်...

တာချီလိတ်တွင် ဗုံးသီး ဟောင်း ထုရာမှ အမျိုးသမီး တဦး ဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၃)လမ်း ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် မိန်း (ကီလို) ရောင်းဝယ်ရေးဆိုင် တွင် ယနေ့ မနက် ၁၁နာရီ ခွဲခန့်တွင် ဗုံးသီးဟောင်း ကို ထုရာမှ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် (ကီလိုဆိုင်) တွင်...

မိုင်းကိုင် မြို့နယ် အတွင်း RCSS စခန်းကို တပ်မတော် က လက်နက်ပစ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) တပ်စခန်းကို မြန်မာ့တပ်မတော် က လက်နက်ဖြင့် ပစ်ခတ်သည် ဟု သတင်းရရှိသည်။   ယနေ့ (ဖေဖော်ဝါရီ ၂၇) ရက် မနက် ၈နာရီ ကျော်မှစတင်ကာမိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း RCSS/SSA  ၏ လွိုင်တောင်း...

Latest news