Wednesday, January 28, 2026

မိုင်းကိုင် မြို့နယ် အတွင်း RCSS စခန်းကို တပ်မတော် က လက်နက်ပစ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) တပ်စခန်းကို မြန်မာ့တပ်မတော် က လက်နက်ဖြင့် ပစ်ခတ်သည် ဟု သတင်းရရှိသည်။

 

Photo by SHAN/ ၂၀၁၈ ခုနစ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့် သျှမ်းအမျိုးသားနေ့ စစ်ရေး ပြနေသည့် ပုံ

ယနေ့ (ဖေဖော်ဝါရီ ၂၇) ရက် မနက် ၈နာရီ ကျော်မှစတင်ကာမိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း RCSS/SSA  ၏ လွိုင်တောင်း စခန်းကို မြန်မာ့တပ်မတော်က ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ ပစ်ခတ်နေဆဲ ဟု တိုက်ပွဲဖြစ်ပွားနေသည့် နေရာ မှ RCSS/SSA ၏ အရာရှိ တဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီမနက် ကျနော်တို့ လွိုင်တောင်း စခန်းကို ဖြတ်ဖို့ ခွင့်လာတောင်းတယ်။ ကျနော်တို့ အထက်ကို တင်ပြနေချိန် မှာပဲ မြန်မာ့တပ်မတော်က ကျနော်တို့ကို မနက် ၈ နာရီက စပစ်တာ။ ကျနော်တို့ ပြန်မပစ်ဘူး။ သူတို့ တဖတ်သတ် ပစ်နေတာပါ” ဟု အဆိုပါ အရာရှိ က ပြောသည်။

လက်ရှိ မွန်းလွှဲပိုင်း အချိန် ၁ နာရီ သျှမ်းသံတော်ဆင့် သတင်းဌာန ဆက်သွယ်မေးမြန်းသည့် အချိန်တွင် သေနတ်သံများ ကြားနေရကြောင်း လည်း RCSS/SSA အရာရှိ က ဆိုသည်

“ အခုထိ ကြားနေရတယ်။  တပ်မတော်က စစ်အင်အားတွေလည်းထပ်ပို့နေတယ်။ ရဟတ်တွေလာဝဲနေတယ်။ ပစ်တော့ မပစ်ဘူး။ သေနတ်သံတော့ ဆက်တိုက်ပဲ” ဟု ၎င်း အရာရှိ က ထပ်လောင်းပြောသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့ သည် မနက် ၈နာရီ မှစတင်သည့် တိုက်ပွဲသည် ယခုချိန်ထိ ဆက်တိုက်ဖြစ်နေကြောင်း၊ ရဟတ်ယာဉ်များလည်း ကောင်းကင်တွင် ပျံဝဲနေကြောင်း လည်း ဟမ်းငိုင်းကျေးရွာ ဒေသခံ စိုင်းဆိုင် က ပြောသည်။

“ အသံကတော့ တော်တော်ကျယ်တယ်။ လောဆယ်တော့ ဘယ်မှ ထွက်လို့ မရသေးဘူး။ အိမ်ထဲမှာပဲ နေနေရတယ်။ စစ်ကြောင်းတွေကလည်း ထပ်လာနေတယ်” ဟု စိုင်းဆိုင် က ဆိုသည်။

လက်ရှိ အချိန် ထိ ဟမ်းငိုင်း ကျေးရွာ အနီးရှိ ပြည်သူများ မြို့ ပေါ်သို့ထွက်ပြေးလာခြင်းမရှိသေးကြောင်း၊ တိုက်ပွဲများ ဆက်ပြီး ဖြစ်ရင် အခြေအနေ ဆိုးရွားလာနိုင်ပြီး ငြိမ်းချမ်းရေး ပျက်နိုင်ကြောင်းလည်း မိုင်းကိုင် ဒေသခံများက ပြောဆိုသည်။

“ ဒီလို  တိုက်ပွဲတွေဆက်ဖြစ်နေမယ်။ တပ်မတော်က စစ်အင်အားတွေ ထပ်တိုးချဲ့နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ဆက်အဆင်မပြေနိုင်ဘူး” ဟု မိုင်းကိုင်ဒေသခံ တဦး က မှတ်ချက်ပြုသည်။

RCSS/SSA သည် တနိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်ရေး ဆိုင်ရာ သဘောတူညီစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ ဖြစ်ပြီး၊ စတုတ္တကြိမ် ၂၁ပင်လုံငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့် အဖွဲ့တဖွဲ့လည်း ဖြစ်သည်။

“ တဖက်က ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နေချိန်မှာ တဖက်က တိုက်ပွဲတွေဖြစ်တော့ တပ်မတော်က ငြိမ်းချမ်းရေး ပယ်ဖျက်နေတာလား” ဟု RCSS/SSA ၏ အရာရှိ တဦးက မေးခွန်းထုတ်လိုက်သည်။

သင်္ကြန် မတိုင်မီ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပသွားမည် ဟု ယခု လ ၂၄ရက်တွင် RCSS/SSA က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန်ကြေညာချက် ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့်အတွက် မြန်မာ့တပ်မတော်သည် ငြိမ်းချမ်းရေးကို မလိုလားကာ တိုက်ပွဲဖန်တီးခြင်းဖြစ်သည်ဟုလည်း RCSS/SSA ၏ အရာရှိ က ထောက်ပြ ပြောဆိုလိုက်သည်။

မြန်မာ့တပ်မတော်သည် ယခုလ ၁၆ ရက်နေ့မှစတင်ကာ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်း စစ်ကြောင်းများ တိုးချဲ့လာသည်ဟုလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

ယနေ့ တိုက်ပွဲနှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ကို သျှမ်းသံတော်ဆင့် မှ ကြိုးစားပြီး ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...