Wednesday, January 28, 2026

ကိုရိုနာကပ်ရောဂါကြောင့် ပျက်နေသည့် တရုတ်နယ်စပ် မူစယ်သစ်သီးစျေး ယနေ့ရောင်းအားပြန်ကောင်းလာ

တရုတ်နိုင်ငံတွင်စတင်သည့် ကိုရိုနာကူးစက်မြန်ရောဂါကြောင့် သျှမ်း-တရုတ်နယ်စပ်ဂိတ်များတွင် သျှမ်းပြည်ထွက် သစ်သီးဝရံ များ ရောင်းအားကျကာ ခေတ္တပိတ်သိမ်းထားရာမှ ယခု အပတ်အတွင်း ရောင်းဝယ်အားပြန်ကောင်းလာကြောင်း သိရှိရသည်။

Photo Credit to မူစယ်သစ်သီးဒိုင်

ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှ စ၍ ယနေ့အထိ တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် သစ်သီးဒိုင်၊ သစ်သီးဝရံစျေး တွင် တရုတ်နိုင်ငံမှ သစ်သီးများ ပြန်လည်ဝယ်ယူသောကြောင့် ပျက်နေသည့် သစ်သီးစျေး ရောင်းအားပြန်ကောင်းလာသည်ဟု ဆိုသော်လည်း ယခင်ကဲ့သို့ စျေးမကောင်းသေးကြောင်း တာဝန်ခံများကပြောသည်။

၁၀၅ မိုင် သစ်သီးစျေး ဥက္ကဌ စိုင်းခင်မောင်က – “ကျနော်တို့ ၁၀၅ မိုင် သစ်သီိးစျေးမှာ တရုတ်ပြည်ဘက်ကလူတွေ တော်တော်များများပြန်ဝယ်နေပါပြိီ။ ဒါပေမယ့် စျေးကတော့ နည်းနေတုန်းပါပဲ။ အရင်လို စျေးကောင်းပြန်မရသေးပါဘူး။” – ဟုပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကိုဝစ် ၁၉ ကူးစက်ပျံ့ပွားမှု ကြောင့် စျေးပျက်သွားသော သစ်သီးဝရံများ ယခု ရောင်းအားပြန်မြင့်လာမှုကြောင့် ဖေဖေါ်လလယ်ပိုင်းမှ စ၍ ဖရဲသီး တင်ကား ၁၅၀ စီးအထက် ၊သခွားမွှေး တင်ကား ၁၀၀ စီးအထက် ရှိသည်ဟု သိရသည်။

ဖော်ဖေဝါရီ ၇ မှ ဖော်ဖေဝါရီ ၂၀ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့ပွားမှုကြောင့် သစ်သီးခြံပိုင်ရှင် သစ်သီးပွဲရုံ ပွဲစားများ အရှုံးပေါ်ကြောင်း ကပ်ရောဂါ စတင်ချိန်မှ ယနေ့အထိ ဒေါ်လာ သန်း ၅၀ ထက်မနည်းဆုံးရှုံးကြောင်း စိုင်းခင်မောင်က ပြောသည်။

ကျောက်ပွဲစား နန်းအေးပိန်းက – “မြန်မာနိုင်ငံကလူတွေ တရုတ်ပြည် ပြန်ဝင်ပြီး အလုပ်လုပ်တာ သောင်းချီပြီးတော့မရှိသေးပါဘူး။တရုတ်ပြည်ဘက်ကလူတွေ ရောဂါကိုကြောက်နေတုန်းပါပဲ။ အဝတ်အစားရောင်းဝယ်ရေးကိုတော့ ပိတ်ထားတာ ကြာပါပြီ ခုထိ ပြန်မဖွင့်သေးပါဘူး” – ဟုပြောသည်။

တရုတ်မြန်မာ နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်နှင့် နန်းတော်ဂိတ် တို့တွင် ပုံမှန်ကာလကဲ့သို့ နယ်ခြားဂိတ်တခါး ဖွင့်ထားသော်လည်း တရုတ်အာဏာပိုင်များဘက်မှ ကြပ်မတ်စစ်ဆေးမှု အထူးပြုလုပ်နေကြောင်း၊ တရုတ်နိုင်ငံ အတွင်း စက်ရုံများလည်း ပြန်မဖွင့်နိုင််သေးသည့် အတွက် မြန်မာရွှေ့ပြောင်းအလုပ်သများ အခက်အခဲ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

၀ူဟန် အမည်ရ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် မြန်မြန်ဆန်ဆန် ကူးစက်မှုကြောင့် ရောဂါပိုး ကူးစက်ခံရသူ ၈၅၁၇၆ ဦး၊ သေဆုံးသူ ၂၉၁၉ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၃၉၄၃၁ ဦးရှိသည်ဟု South China Morning Post ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

(ယိင်းယိင်း ရေးသားပေးပို့သည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...

TNLA ကို နမ့်ဆန်၊ မန်တုံအထိ စစ်ကောင်စီ တပ်ဆုတ်ခိုင်း၍ ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံး

0
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့သော်လည်း ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်...

ကိုးကန့်ကျားဖြန့်ဂိုဏ်းနှင့် ဆက်နွှယ်သူများကို တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေး

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’ မိသားစုများနှင့် ဆက်နွှယ်သူ (၂၃) ဦးကို ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီ (၁၄) ရက်မှ (၁၉) ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Wenzhou...