ငြိမ်းချမ်းရေး ထိခိုက်မည် ကို စိုးရိမ်သဖြင့် RCSS/SSA တပ်စခန်းရှောင်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲ သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် တပ်စခန်းရှောင်လိုက်ရခြင်းဖြစ်သည် ဟု RCSS/SSA ကပြောသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းဝက်ဆိုဒ်

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ဖေဖော်ဝါရီ ၂၇ ရက် မနက် မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို တိုက်ပွဲသည် ၃ ရက်ကြာဖြစ်ပွားကာ RCSS/SSA တပ်စခန်းချသည့် ဟမ်းငိုင်းကျေးရွာ အုပ်စု အနီး လွိုင်တွမ်းတောင် စခန်း မှ ရှောင်ပေးလိုက်ရကြောင်း RCSS/SSA မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့က မနက် ကျနော်တို့ ( RCSS/SSA ) ခေါင်းဆောင်နဲ့ တပ်ဘက်က ခေါင်းဆောင်တွေ့ဆုံ ညှိနှိုင်းကြတယ်၊ ကျနော်တို့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မပျက်အောင်လို့ ရှောင်လိုက်တဲ့ သဘောပါပဲ” ဟု ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။

RCSS/SSA အနေဖြင့် တပ်စခန်း ရှောင်လိုက်ခြင်းသည် တိုက်ပွဲထပ်မံ မဖြစ်ပွားရန် နှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရန် အတွက် ရှောင်လိုက်ခြင်းဖြစ်သည် ဟု ဗိုလ်မှူး စိုင်းခမ်းစံ က ပြောသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းဝက်ဆိုဒ်

“ ကျနော်တို့ ရှောင်လိုက်ရင် တပ် (အစိုးရ တပ်မတော်) က ထပ်မတက်လာတော့ဘူး။ သူတို့ မတက်လာရင် တိုက်ပွဲ က မဖြစ်တော့ဘူး ဆိုတဲ့သဘောပါ” ဟု ဗိုလ်မှူးစိုင်းခမ်းစံ က ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာ တွင် မူးယစ်ဆေးဝါး သတင်းများရရှိသဖြင့် တပ်မတော် စစ်ကြောင်း များက ဝင်ရောက်ကာ နယ်မြေ လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ရက် မနက်ပိုင်းတွင် ခိုလမ်မြို့ ရှိ RCSS/SSA အဖွဲ့ ဆက်ဆံရေး တာဝန်ခံ ကို အသိပေးအကြောင်းကြားခဲ့သည် ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဆိုဒ်တွင် မတ် ၁ရက် ၌ထုတ်ပြန်ခဲ့သည်။

ထို အသိပေး အကြောင်းကြားစာတွင် RCSS/SSA အဖွဲ့ မှ တပ်များ နယ်မြေ ကျော်လွန် ရောက်ရှိနေပါက အချိန်မီ ထွက်ခွာနိုင်ရေးကို ပါ ထည့်သွင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းဝက်ဆိုဒ်

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက “ ကျနော်တို့ သိရသလောက် ခိုလမ်း ဆက်ဆံရေးရုံးကို စာပေးတာ။ ဝန်ကြီးခရီးစဉ်ရှိတယ်။ဝန်ကြီးခရီးစဉ်ရှိလို့ ကျနော်တို့ ရဲဘော်တွေနဲ့ လမ်းမှာ ထိပ်တိုက်တိုးမှာ စိုးလို့ ရှောင်ပေးဖို့ အဲ့လောက်ပါပဲ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ ၃ရက်ကြာ ဖြစ်ပွားသည့် တိုက်ပွဲ ကြောင့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံ ပြည်သူ ၃၀၀ နီးပါးသည် ဟမ်းငိုင်းကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် လာရောက် ရှောင်ခဲ့သည်။

ယမန်နေ့ (မတ် ၁) ရက်တွင် တိုက်ပွဲများ ငြိမ်သွားသဖြင့် မိမိတို့ နေရပ်သို့ ပြန်သွားကြပြီး ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...